Wednesday, September 1, 2010

““သောတပတ္တိ မဂ်ဉာဏ်””

““သောတပတ္တိ မဂ်ဉာဏ်””
ဤနေရာ၌ ပြောလိုသည်မှာ ဒါနကထာ သီလကထာ သဂ္ဂကထာ မဂ္ဂကထာဟု ဒေသနာတော်များ အသီးသီးရှိကြသည့်အနက် မဂ္ဂကထာ သံသရာဝဋ်ဆင်းရဲမှ ကျွတ်လွတ်ရာ မဂ်ဖိုလ်နိဗ္ဗာန် အမှန်တရားပဒေသာဟု ဆိုနိုင်ပါကြောင်း။ ။
ခန္ဓာအာယတန ဓာတ်သစ္စာ ပဋိစ္စသမုပ္ပါဒ်တို့ကို အကျဉ်းအားဖြင့် သုံးသပ်ဝေဖန်၍၊ တင်ပြခြင်းဖြစ်ပါသည်။ အများသိကြသည့်အတိုင်းပင် ယခုအခါ မဂ်ဖိုလ် နိဗ္ဗာန်ကို ရည်စူး၍ သမထ ၀ိပဿနာလုပ်ငန်းတို့သည် ခေတ်စားနေသည့်အလျောက်

သီလ သမာဓိ ပညာ သိက္ခာအစဉ်ဖြင့် ကျင့်နည်းကို၎င်း၊ ကမ္မဋ္ဌာန်းထိုင်မှု ဥဒ္ဓစ္စပယ်မှု
စသည်တို့ကို၎င်း၊ အများအားဖြင့် ဟောပြောရေးသားလေ့လာခြင်းတို့သည် သစ္စာလေးတန်
တရားမှန်ကို မြင်သိခြင်း၏ အခြေခံဖြစ်သောကြောင့်ကောင်းမြတ်လှပါသည်။ သို့ရာတွင်
မှတ်ယူလွယ်ပြီး အမြင်လွယ်သော ဓမ္မစကြာဒေသနာ သစ္စာလေးတန်တရားမှန်ကို
မကြားရ မလေ့လာရသဖြင့် လိုရင်းဖြစ်သော သစ္စာကို မမြင်မသိမီ အချိန်ကုန်
သွားတတ်ပါသည်။ စိတ်တွန့်သွားတတ်ပါသည်။ နိဗ္ဗာန်ဟူသောထွက်ပေါက်ကိုမမြင်မသိမထွက်တတ်သဖြင့်လိုရင်းကိစ္စ
မပြီးခရီးမရောက်ပဲလည်း ရှိတတ်ပါသည်။တံငါ မုဆိုးပင်ဖြစ်လင့်ကစားသစ္စာအမှန်တရားကို
မြင်သိလျှင် သောတာပန်စသည် တည်နိုင်ပါသည်။ သီလ သမာဓိ ပညာ သိက္ခာသုံးပါးနှင့်
ပြည့်စုံနိုင်ပါ၏။
မြတ်စွာဘုရားလက်ထက်က အရိယမည်သော တံငါသည် သည်လည်းကောင်း
ခါးပိုက်နှိုက်အလုပ်နှင့် အသက်မွေးသူသည်လည်းကောင်း၊ ခိုးသားငါးရာတို့သည်
လည်းကောင်း၊ သစ္စာလေးတန်ကို တရားမှန်ကို နာကြားရသဖြင့် သောတာပန်
သကဒါဂါမ်စသည် တည်ကြသည်ကိုထောက်၍ သစ္စာလေးတန်တရားမှန်ကို အထူး
ဦးစားပေးလျှင် ပို၍ အကျိုးများမည်မှာ သေချာပါသည်။
ဗုဒ္ဓဘာသာလောကတွင် မဆိုထားဘိ၊ အခြားကမ္ဘာပေါ်ရှိ မည်သည့် ဘာသာ
ကြီးများတွင်မှ ဗုဒ္ဓ၏သစ္စာလေးတန်တရားမှန်ကို ယခုအခါ လျစ်လျူရှု၍ မဖြစ်တော့ပါ၊
ပစ်ပယ်၍မရတော့ပါ၊ အနုမြူအပါအ၀င် လောကဓာတ်သိပ္ပံပညာဆိုလျှင် လုံးလုံးကို
ထောက်ခံ နေသလောက်ဖြစ်နေပါပြီ။ သိပ္ပံပညာက နောက်ဆုံးတွေ့ရှိသော တဲလီပါသီ၊
အီးအက်စ်ပီ ပါရာဆိုက်ကော်လော်ဂျီ စသည်တို့ကား၊ ကမ္မဋ္ဌာန်းဘာဝနာဖြင့် ပွားများ
ယူအပ်သော ဗုဒ္ဓဘာသာဝင်တို့၏ ဈာန်အဘိညာဉ် တန်ခိုးဣဒ္ဓိပါဒ်များ ဖြစ်နေသည်
ဟုဆိုပါသည်။
မြတ်စွာဘုရားလက်ထက်က ဈာန်ရပုဂိ္ဂုလ်တစ်ဦးဖြစ်သော ဓနဉ္စာနိဆိုသည့်
ပုဏ္ဏားကြီးကို အရှင်သာရိပုတ္တရာက ၀ိပဿနာတရားဟော၍ ခန္ဓာငါးပါးကို
ငြီးငွေ့သော်လည်း သစ္စာလေးတန်တရားမှန်ကို မသိမီ သေသွားသောကြောင့် ပုထုဇဉ်
အဖြစ်နှင့်ပင် ဗြဟ္မာ့ပြည်သို့ ရောက်သွားသည်ဟုဆိုပါသည်။ ဤအကြောင်းကိုမြတ်စွာ
ဘုရားသိတော်မူသဖြင့် အရှင်သာရိပုတ္တာအား ဗြဟ္မာ့ပြည်သို့တက်၍ သစ္စာအမှန်
တရားကိုဟောစေမှ သောတာပတ္တိမဂ်ရသွားပြီး အရိယာအဖြစ်သို့ ရောက်သွားသည်ဟု
သိရပါသည်။
သောတာပတ္တိမဂ် ဟုဆိုသည့် ပဋ္ဌမမဂ်သည် အလွန်တရာအရေးကြီးပါသည်။
သောတာပတ္တိမဂ်သည် ဘာဝနာ ပဟာတဗ္ဗမဟုတ်ပါ၊ ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာ ထိုဉာာဏ်
အမြင်ဖြင့် ပယ်အပ်သော ဒဿနပဟာတဗ္ဗမျှသာဖြစ်ပါသည်။ ထို့ကြောင့် ကာမရာဂ
ဗျာပါဒ ဥဒ္ဓစ္စတို့ကို မပယ်နိုင်သေးသော လူပုဂ္ဂိုလ်တို့အား သောတာပန် စသည်တည်
ကြစေရန်များစွာ လိုလား အပ်ပါသည်။
ရသေ့ရဟန်း မလုပ်နိုင်သော၊ ခေါင်းပါးစွာ မကျင့်နိုင်သေးသော အိမ်၌ သားမယား၊
လင်သားနှင့် လူပုဂ္ဂိုလ်ပင်ဖြစ်စေကာမူ၊ မြတ်စွာဘုရားဟောကြား ထားပြီးသား ဖြစ်သော၊
ဓမ္မစကြာ သစ္စာလေးတန်တရားမှန်ကို နာကြားလေ့လာ ကျက်မှတ်၍၊ မသိသေးသော
အနက်အဓိပ္ပါယ်များကို သိသောပညာရှိထံ မေးမြန်း၍ အဖန်ဖန်ဆင်ခြင်က သိမြင်နိုင်ပါသည်။
ပြောခဲ့သည့်အတိုင်း၊ မဂ်လေးပါးတို့တွင် သောတာပတ္တိ ပထမမဂ်သည်
ဒဿနပဟာ တဗ္ဗကိစ္စရှိသဖြင့် သစ္စာအမှန်တရားကို မြင်သိရန် အလွန်အရေးကြီးပါ
သည်။ ထို့ကြောင့် ပါဠိတော် အဋ္ဌကထာဋီကာများနှင့် အကျယ်တ၀င့် ဝေဖန်ပြဖို့
လိုပါသည်။ ကျန်မဂ် သုံးပါးတို့ကတော့ ပထမမဂ်ဖြင့် သစ္စာမြင်သိပြီးဖြစ်၍ ဘာဝနာ
ပဟာတဗ္ဗ မျှသာဖြစ်သောကြောင့် အကျယ်တ၀င့်ဝေဖန်ပြဖို့ လိုမည်မထင်ပါ။
တရားအားထုတ်ခြင်းဆိုသည်မှာ၊ အမှန်အားဖြင့် အထက်တွင် တင်ပြသည့်
အတိုင်း သစ္စာလေးပါးကို မြင်သိအောင် ဇာတိချုပ်အောင် အားထုတ်မှုပင် ဖြစ်ပါသည်။
သစ္စာလေးပါးကို မြင်သိအောင် ဆိုရာ၌ သစ္စာလေးပါးကို သုတမယဉာဏ်၊ စိန္တာမယ
ဉာဏ်၊ ဘာဝနာမယဉာဏ်တို့ဖြင့် သိအောင်၊ ဗောဓိပကိ္ခယတရား ၃၇-ပါးကို ပွားများ
ရပါမည်။ အားထုတ်ရပါမည်။ ဇာတိချုပ်အောင်အားထုတ်မှုဟူသည် ဇာတိကို
ဖြစ်စေတတ်သော တဏှာချုပ်အောင် အားထုတ်မှုပင်ဖြစ်ပါသည်။ တဏှာချုပ်ခြင်းငှာ
တရားအားထုတ်လိုသောစိတ် ဖြစ်ပေါ်စေရန် ဇာတိ ဇရာ ဗျာဓိ မရဏ အပါယ
စသောဘေးကြီးတို့ကို အဖန်ဖန်ရှုရပါမည်။ (၀ါ) ဒုက္ခသစ္စာကို အဖန်ဖန်ရှုရပါမည်။
ထိုဇာတိစသော ဒုက္ခဘေးကိုမြင်သည်ဖြစ်အံ့၊ ဇာတိဖြစ်လိုသော ဘ၀တဏှာသည်
ချုပ်ပါသည်။ ထိုဘေးတို့မှ လွတ်ခြင်းငှာ မြဲမြဲစွဲစွဲ အားထုတ်ရပါမည်။ မြတ်စွာဘုရား
အလောင်းတော် သုမေဓာရှင်ရသေ့သည် ထိုဇာတိအစရှိသော ဘေးကြီးများကို ထိတ်လန့်
သောကြောင့်၊ ထိုဘေးတို့မှလွတ်ကင်းသော နိဗ္ဗာန်ကိုရှာကြောင်း ဗုဒ္ဓ၀င် ပါဠိတော်တွင်
ဟောထားပါသည်။
ဒုက္ခော ပုဗ္ဘဝေါနာမ၊ သရိရဿစ ဘေဒနံ
သမ္မောဟ မ ရဏံ ဒုက္ခံ၊ ဇရာယ အဘိမဒ်္ဒနံ။
ဇာတိဓမ္မော၊ ဇရာဓမ္မော၊ ဗျာဓိဓမ္မော၊ သဟံ တဒါ၊
အဇာတိံ အဇာရံ အမတံ ခေမံ၊ ပရိယေသိဿမိ နိဗ္ဗုတိံ။
ယသ္မာ၊ အကြင်ကြောင့်။ ပုဗ္ဘ ဝေါနာမ၊ တစ်ဖန်ဘ၀သစ်၌ ပဋိသန္ဓေ နေရခြင်းသည်လည်း။ ဒုက္ခော၊ ဆင်းရဲ၏။ သရိရဿ၊ ခန္ဓာကိုယ်၏။ ဘေဒနဉ်္စ၊
ပျက်စီး ရခြင်းသည်လည်း။ ဒုက္ခံ၊ ဆင်းရဲ၏။ ဇရာယ၊ သွားကျိုးဆံဖြူ မျက်စိမှုံ နားထိုင်း ခါးကိုင်း ကုန်းကွ၊ ဇရာဒုက္ခသည်။ အဘိမဒ္ဒနံ၊ အလွန်နှိပ်စက်အပ်သည်ဖြစ်၍ သမ္မောဟမရဏံ၊
တွေတွေဝေေ၀ သေရခြင်းသည်။ ဒုက္ခံ၊ ဆင်းရဲ၏။ ယသ္မာစ၊ အကြင်ကြောင့်လည်း။ သဟံ၊ သောအဟံ၊ ထိုငါသည်။ ဇာတိဓမ္မော၊ ပဋိသန္ဓေ နေရခြင်းသဘောရှိသည်။ ဇရာဓမ္မော၊ အိုရခြင်း သဘောရှိသည်။ ဗျာဓိဓမ္မော၊ နာရခြင်း သဘောရှိသည်။ အမှီ၊ ဖြစ်၏။ တသ္မာဟိ တသ္မာဧ၀၊ထို့ကြောင့်သာလျှင် အဇာတိံ၊ ပဋိသန္ဓေနေရခြင်းမရှိသော။ အဇရံ၊ မအိုကြောင်းဖြစ်သော။ အမတံ၊ မသေကြောင်းဖြစ်သော။ ခေမံ၊
ဘေးရန်ကင်းရာဖြစ်သော။ နိဗ္ဗုတိံ၊ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏတို့မှကင်းငြိမ်းသော။
အဇာတသဘော၊ နိဗ္ဗာန်ကို။ ပရိယေသိဿာမိ၊ ရှာမှီးပေတော့အံ့။ဣတိ၊ ဤသို့။
တဒါ၊ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်။ သိမေဓါရှင်ရသေ့ဖြစ်စဉ်အခါက၊
သောအဟံ၊ ထိုငါသည်။ စိန္တေသိံ၊ကြံခဲ့ရလေပြီ။
ထိုကဲ့သို့ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး အိုခြင်း၊ နာခြင်း၊
သေခြင်း ကင်းသော တရားကိုရှာရာ၊ ဖြစ်မှုရှိက မပျက်သောတရားဟူ၍မရှိ၊
ဖြစ်မှုမရှိမှ၊ ပျက်မှုဒုက္ခမှ လွတ်မည်ဟု ယံကိဥိ္စ သမုဒယဓမံ်္မ၊ သဗ္ဗံတံနိယောဓ ဓမ္မန္တိ။
ယံကိဥိ္စ၊ အလုံးစုံသော တေဘူမကသင်္ခါရ ရုပ်နာမ်တရားတို့သည်။ သမုဒယဓမ္မံ၊
ဖြစ်ခြင်းသဘောရှိကုန်၏။ တံသဗ္ဗံ၊ ထိုဖြစ်ခြင်းသဘောရှိသော တရားဟူသမျှသည်။
နိယောဓ ဓမ္မံ၊ ချုပ်ခြင်းသဘောရှိ၏ဟူ၍၊ ဓမ္မစကြာဒေသနာတော်တွင်၊ ပဉ်္စ၀ဂ္ဂီငါးဦး
တို့ကို ဟောတော်မူသည့်အတိုင်း ဗောဓိပင်နှင့် ရွှေပလင်ရောက်မှပင်၊ ဖြစ်ခြင်းကင်းသော
အဇာတနိဗ္ဗာန်ကို၊ အလောင်းတော်သည် တွေ့ရသဖြင့် အောက်ပါဥဒါန်းကို ကျူးရင့်တော်
မူပါသည်။ ၄င်းဥဒါန်းကို ဗောဓိပင်နှင့် ရွှေပလင်မှာ သစ္စာလေးတန်တရားမှန်ကို
သဗ္ဗညုတဉာဏ်ဖြင့် သိတော်မူ၍ ဘုရားအဖြစ်သို့ ရောက်လျှင်ရောက်ချင်း၊ ပဌမဦးစွာ
ကြွေးကြော်ကျူးရင့်လိုက်ခြင်းကြောင့်၊ ပထမ ဗုဒ္ဓ၀စနဟု ခေါ်ဝေါ်သမုတ်ကြပါသည်။
မြန်မာပြည်မှာ ဘုရားအနေကဇာတင်ဂါထာဟု ကျော်စောထင်ရှား လျက်ရှိပါသည်။
အနေကဇာတိ သံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ
ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခာဇာတိ ပုနပ္ပုနံ။
ဂဟကာရံ၊ ခန္ဓာအိမ်ကို ကြိမ်ဖန်များစွာ ပြုလုပ်တတ်သော တဏှာယောက်ျား
လက်သမား။ ဂဝေသန္တော၊ ဉာဏ်ဖြင့်မွှေ၍ရှာဖွေသောငါသည်။ အနိဗ္ဗိသံ၊ သင့်ကိုမြင်နိုင်၊
ဉာဏ်မဏ္ဍိုင်ကို၊ ပိုင်ပိုင်မရသေးသည်ဖြစ်၍။ အနေကဇာတိ သံသာရံ၊ ဖြစ်တုံပျက်ပြန်
ကြိမ်ဖန်များစွာ သံသရာသို့ သန္ဓာဝိဿံ ပြောင်းတပြန်ပြန် ကျင်လည်ပြေးသွားခဲ့ရလေပြီ။
ပုနပ္ပုနံ၊ အဖန်ဖန် ဇာတိပဋိသန္ဓေနေရခြင်းသည်။ ဒုက္ခာ၊ အလွန်တရာဆင်းရဲလှပါဘိ၏။
ဂဟကာရက ဒိဋ္ဌောသိ၊ ပုနဂေဟံ န ကာဟသိ၊
သဗ္ဗာ တေ ဖါသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ၀ိသင်္ခတံ၊
ဝိသင်္ခါရ ဂတံ စိတ္တံ၊ တဏှာနံ ခယ မဇ္ဈဂါ။
ဂဟကာရက၊ ခန္ဓာအိမ်ကို ကြိမ်ဖန်များစွာပြုလုပ်တတ်သော တဏှာယောက်ျား
လက်သမား၊ ဒိဋ္ဌော၊ ပညာစက္ခုသဗ္ဗညုဖြင့် ယခုထင်ထင် သင့်ကိုငါမြင်သည်။ အသိ၊
ဖြစ်ပြီ။ ပုန၊ တစ်ဖန်။ ဂေဟံ၊ အတ္တဘောတည်းဟူသော ခန္ဓာအိမ်ကို၊ နကာဟသိ၊
သင်မပြုရတော့ပြီ။ တေ၊ သင်၏။ သဗ္ဗာ၊ ခပ်သိမ်းကုန်သော။ ဖာသုကာ၊ ခန္ဓာအိမ်၏
ကိလေသာတည်းဟူသော ထုပ်လျောက်အခြင်တို့ကို။ ဘဂ္ဂါ၊ ရစရာမရှိ စိစိညက်ညက်
ငါချိုးဖျက်အပ်ပြီ။ ဂဟကုဋံ၊ ခန္ဓာအိမ်၏ အ၀ိဇ္ဇာတည်းဟူသော မှန်ကင်းကို။ ၀ိသင်္ခတံ၊
ငါဖျက်ချအပ်ပြီ။ စိတ္တံ၊ ငါ၏စိတ်သည်။ ၀ိသင်္ခါရဂတံ၊ ပြုပြင်ကင်းသော နိဗ္ဗာန်သို့
မြင်သန်တွေးရှု အာရုံပြုသောအားဖြင့် ရောက်ပြီ။ တဏှာနံ၊ တဏှာတို့၏။ ခယံ၊
ကုန်ရာကုန်ကြောင်းဖြစ်သော အရဟတ္တဖိုလ်ကို၊ အဇ္ဈဂါ၊ ထင်ထင်မျက်မှောက်
ငါရောက်ရပြီး။
ယဒါ ဟဝေ ပါတုဘ၀န္တိံ ဓမ္မာ၊ အာတာပိနော ဈာယတော
ဗြဟ္မဏဿ အထဿ ကင်္ခါ ၀ပယန္တိ သဗ္ဗာ၊
ယတော ပဇာနာတိ သဟေတုဓမ္မံ။
အာတာပိနော၊ ပြင်းထန်လုံ့လ ၀ီရိယရှိသော။ ဈာယတော၊ အာရုံလက္ခဏာ
မြတ်ဓမ္မကို စိတ်ချတည်ကြည်ကြံစည် စိစိစိုက်၍ကြည့်သော။ ဗြဟ္မဏဿ၊ ယောက်ျား
မြတ်အား။ ယဒါ၊ အကြင်အခါ၌။ ဓမ္မာ၊ သပစ္စယ၊ ဓမ္မအပြား ရုပ်နာမ်တရားတို့သည်။
ဟဝေ၊ စင်စစ် ။ပါတုဘ၀န္တိံ၊ ထင်ရှားဖြစ်ပေါ်လာကုန်၏။
အထ၊ ထိုထင်ရှားဖြစ်ပေါ်လာသောအခါ၌။ အဿ၊ ထိုယောက်ျားမြတ်အား။
ကင်္ခါ၊ တစ်ဆယ့်ခြောက်ပါး ယုံမှားကင်္ခါ ၀ိစိကိစ္ဆာတို့သည်။ ၀ပယန္တိ၊ ပျောက်ကင်းကုန်၏။ ယတော၊ အကြင် ကြောင့်။ သဟေတုဓမ္မံ၊ အကြောင်းတရားတို့ အမြဲမပြတ် ပြုပြင်အပ်သော။
သဟေတုဓမ္မကို ပဇာနာတိ၊ သိ၏။
ယဒါ ဟဝေ ပါတုဘ၀န္တိံ ဓမ္မာ၊ အာတာပိနော ဈာယတော
ဗြဟ္မဏဿ အထဿ ကင်္ခါ ၀ပယန္တိ သဗ္ဗာ၊
ယတော ခယံ ပစ္စယာနံ အဝေဒိ။
အာတာပိနော၊ ပြင်းစွာလုံ့လ ၀ီရယရှိသော။ ဈာယတော၊ အာရုံလက္ခဏာ မြတ်ဓမ္မကို
စိတ်ချတည်ကြည် ကြံစည်စိစိ စိုက်၍ကြည့်လော့။ ဗြဟ္မဏဿ၊ ယောက်ျား
မြတ်အား။ ယဒါ၊ အကြင်အခါ၌။ ဓမ္မာ၊ သပစ္စယ၊ ဓမ္မအပြား ရုပ်နာမ်တရားတို့သည်။
ဟဝေ၊ စင်စစ်။ ပါတုဘ၀န္တိံ၊ ထင်ရှားဖြစ်ပေါ်လာကုန်၏။ အထ၊ ထိုထင်ရှားဖြစ်ပေါ်လာ
သောအခါ၌။ အဿ၊ ထိုယောက်ျားမြတ်အား၊ ကင်္ခါ တစ်ဆယ့်ခြောက်ပါး ယုံမှား
ကင်္ခါ ၀ိစိကိစ္ဆာတို့သည်။ ၀ပယန္တိ၊ ပျောက်ကင်းကုန်၏။ ယတော၊ အကြင်ကြောင့်။
ပစ္စယာနံ၊ အ၀ိဇ္ဇာအစရှိသော အကြောင်းတရားတို့၏။ ခယံ၊ ကုန်ရာဌာန နိရောဓကို။
အဝေဒိ၊ သိပြီ။
ယဒါဟဝေ၊ ပါတုဘ၀န္တိံဓမ္မာ၊ အာတာပိနော ဈာယတော ဗြဟ္မဏဿ။
ဝိဓူပယံ တိဋ္ဌတိ မာရသေနံ၊ သူရိယောဝ သြဘာသယမန္တလိကံ္ခ။
အာတာပိနော၊ ပြင်းထန်လုံ့လ ၀ီရိယရှိသော။ ဈာယတော၊ အာရုံလက္ခာ
မြတ်ဓမ္မကို၊ စိတ်ချတည်ကြည် ကြံစည်စိစိ စိုက်၍ကြည့်သော။ ဗြဟ္မဏဿ၊ ယောက်ျား
မြတ်အား။ ယဒါ၊ အကြင်အခါ၌။ ဓမ္မာ၊ သင်္ခါတာ၊ သင်္ခတ၊ ဓမ္မအပြား ဉောယျ၊
တရားတို့သည်။ ဟဝေ၊ စင်စစ်။ ပါတုဘ၀န္တိံ၊ ထင်ရှားဖြစ်ပေါ်လာကုန်၏။ သောဗြဟ္မ
ဏော၊ ထိုယောက်ျားမြတ်သည်။ အန္တလိက္ခံ၊ ကောင်းကင်အလုံးကို။ သြဘာသယံ၊
မိုက်မှောင်ခပင်း လွင့်ပျောက်ကင်းအောင် ထွန်းလင်းတောက်ပစေလျက်။ တိဌန္တော၊
တည်သော။ သူရိယောဝ၊ နေမင်းကဲ့သို့။ မာရသေနံ၊ မရ်စစ်သည်အပေါင်းကို။ ၀ိဓူပယံ၊
ပညာသန်လျက် စိန်လက်နှက်ဖြင့် တိုက်ဖျက်ပယ်ပျောက်လျက် တိဌတိ၊ တည်ဘိ၏။
ထို့ကြောင့်ဇာတိကိုဖြစ်စေတတ်သော (၀ါ) ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သော တဏှာယောက်ျားလက်သမားကို၊ အပြီးနှင်ထုတ်တော်မူ၍၊ ပရိနိဗ္ဗာန်စုတိကျမှပင်တစ်ဖန်ဇာတိ
မရှိသော အနုပါဒိသေသ နိဗ္ဗာန်ကို မျက်မှောက်ပြုရပေတော့၏။ ဆိုလိုသည်မှာ၊
ဇာတိသည်၊ဇရာ၊ဗျာဓိ၊မရဏ၊အိုခြင်း၊နာခြင်း၊သေခြင်းတို့အကြောင်းသမုဒယဖြစ်ပါသည်။
ထိုအကြောင်းဇာတိချုပ်ပျောက်လျှင်အကျိုးဖြစ်သောဇရာ၊မရဏစသည်
တို့လည်း ချုပ်ရတော့၏။ ပျက်ဖို့မရှိတော့ပါ။ ထို့ကြောင့် မပျက်လိုလျှင် မဖြစ်အောင်
အားထုတ်ရပါမည်။
နိဒါန၀ဂ္ဂသံသုတ် ပါဠိတော်မှာ မြတ်စွာဘုရားက ဤဇာတိကိုငြီးငွေ့လာအောင်
အားထုတ်နိုင်တဲ့ရဟန်းဟာ ယခုမျက်မှောက်၌ပင်လျှင် နိဗ္ဗာန်ကို ရနိုင်ရောက်နိုင်
ကြောင်း ဟောတော်မူခဲ့ပါသည်။
ဇာတိံ ဘိက္ခု နိဗ္ဗိဒါယ ၀ိရာဂါယ ပဋိပန္နော ဟောတိစေ၊
ဓမ္မာနုဓမ္မပဋိပန္နော ဘိက္ခုတိ အလံဝစနာယ။
ယောဘိက္ခု၊ အကြင်ရဟန်းသည်။ ဇာတိံ၊ ဇာတိကို။ နိဗိ္ဗဒါယ၊ ငြီးငွေ့ခြင်းငှာ။
ဝိရာဂါယ၊ တပ်ခြင်းကင်းခြင်းငှာ။ နိယောဓာယ၊ တဏှာချုပ်ပျောက်ခြင်းငှာ၊ ပဋိပန္နော၊
ကျင့်သည်။ ဟောတိစေ၊ အကယ်၍ဖြစ်ငြားအံ့။ သောဘိက္ခု၊ ထိုရဟန်းသည်။ ဓမ္မာနု
ဓမ္မပဋိပန္နော ဘိက္ခုတိ လောကုတ္တရာတရားကိုးပါးနှင့် လျော်စွာကျင့်သော ရဟန်းဟူ၍၊
(၀ါ) မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန်တရားနှင့် လျော်စွာကျင့်သော ရဟန်းဟူ၍
ဝစနာယ၊ ဆိုခြင်းငှာ။ အလံ၊ ထိုက်၏။
ဇာတိံ ဘိက္ခု နိဗ္ဗိဒါ ၀ိရာဂါ နိရောဓါ အနုပ္ပါဒါန
ဝိမုတ္တော ဟောတိစေ၊ ဒိဋ္ဌိဓမ္မ နိဗ္ဗာန ပတ္တော
ဘိက္ခုတိ အလံဝစနာယ။
ယောဘိက္ခု၊ အကြင်ရဟန်းသည်။ ဇာတိံ၊ ဇာတိကို။ နိဗ္ဗိဒါ ငြီးငွေ့သည်။
ဝိရာဂါ၊ တပ်ခြင်းကင်းသည်။ နိရောဓါ၊ တဏှာချုပ်သည်။ အနုပ္ပါဒါန ၀ိမုတ္တော၊တစ်စုံတစ်ရာ စွဲလမ်းမှုမှ လွတ်သည်။ ဟောတိစေ၊ အကယ်၍ဖြစ်ငြားအံ့။ သောဘိက္ခု၊ ထိုရဟန်းသည်။
ဒိဋ္ဌိဓမ္မ နိဗ္ဗာနပတ္တော ဘိက္ခုတိ။ ဒိဋ္ဌမျက်မှောက် ဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ရောက်သော၊
ရဟန်းဟူ၍၊ ၀စနာယ၊ ဆိုခြင်းငှာ၊ အလံ၊ ထိုက်၏။
အဓိပ္ပါယ်အတိုချုပ်ကတော့ ဘ၀တဏှာဆိုတဲ့ဇာတိကို တပ်မက်စွဲလမ်းသော
ဒိဋ္ဌိဥပါဒါန်ကို ပယ်သည်ဖြစ်အံ့၊ မဂ်ဖိုလ်နိဗ္ဗာန်ကို ဒိဋ္ဌလက်ငင်းရနိုင်ပါသည်ဟု
ဆိုလိုပါသည်။
ထို့ကြောင့် ဤဒိဋ္ဌိဟူသော ဥပါဒါန်ကို ပယ်ဖို့အရေးကြီးပါသည်။ သက္ကာယဒိဋ္ဌိ
ကို ပယ်အရေးကြီးပါသည်။ ဒိဋ္ဌိကိုအရင်ပယ်သတ်ဖို့ သံယုတ်ပါဠိတော်၌ မြတ်စွာဘုရား
ဟောတော်မူပါသေးသည်။

No comments:

Post a Comment