Saturday, September 18, 2010
အခန်း(၇) စိတ္တဇပါရဂူကြီး အဂ္ဂါးကေစီး, ဆိုင်းဘာဘာ, အနာဂါရီကသုဂတနန္ဒ
အခန်း(၇)
စိတ္တဇပါရဂူကြီး အဂ္ဂါးကေစီး, ဆိုင်းဘာဘာ, အနာဂါရီကသုဂတနန္ဒ,
ဒေါက်တာစတီဗင်ဆင်၏ လူဝင်စား, ဖရန်ဆစ်စတိုရီ, ဇာတ်မင်းသမီးကြီး ဗလပြန်,
ပိဋကနိုင် မောင်ထွန်းကြိုင်, လိင်ပြောင်းလဲပြီး ရဟန်းဖြစ်သူမအေးမြင့်
ဒေါက်တာဂျီနာစီမီရာ ပြုစုရေးသားသော ““မီနီမင်းရှင်း””ခေါ် စာစောင်တွင်၊ ဒိဗ္ဗစက္ခု၊
ဒိဗ္ဗသောတ၊ စသည့်လောကအသိဉာဏ်ကဲ့သို့ အသိထူးအမြင်ထူးရသည်ဆိုသောနာမည်ကျော်
စိတ္တဇပါရဂူကြီး အဂ္ဂါးကေစီး၏ အတိတ်ဘ၀ဟောင်းများအကြောင်း၊ ကံနှင့် ဇာတိပဋိသန္ဓေ
အကျိုးသဘောတရားများကို အခြေခံကာဟောကိန်းထုတ်ထားသည်တို့မကောက်နှုတ်ချက်အချို့
ဒေါက်တာဂျီနာစီမီရာ ပြုစုရေးသားသော မီနီမင်းရှင်းခေါ် အဂ္ဂါကေစီး၏
 အတ္ထုပ္ပတ္တိစာစေါင်တွင် ကေစီးသည မိမိနှင့်တကွ ၎င်းလူနာများ၏ အတိတ်ဘဝ
 ဟောင်းများကို ဒိဗ္ဗစက္ခုနတ်မျက်စိလောကီ အသိဉာဏ်ဟုခေါ်လိုက်သည့် အသိထူး
 အမြင်ထူးဖြင့် မြင်သိသည့်အတိုင်း ဟောကိန်းထုတ်ပေးထားခဲ့ပါသည်။ အဆိုပါ
 အတိတ်ဘ၀အကြောင်းများသည် ကမ္မ၀ိပါကဓမ္မကံအကြောင်းတရားနှင့် ဇာတိပဋိသန္ဓေ
 အကျိုးတရားတို့ကို များစွာအထောက်အကူပြုကာ သရုပ်ဖေါ်ထားသည့်အလျောက်
 မြောက်မြားလှစွာသော ကေးစီးဟောကိန်းတို့အနက် အချို့ကို ကျမ်းပြုသူဒေါက်တာ
 ဂျီနာစီမီရား၏ ဝေဖန်ချက်နှင့်တကွ အောက်တွင်အကျဉ်းအားဖြင့် မြန်မာဘာသာပြန်ဆို
 ဖေါ်ပြလိုက် ပါသည်။
        ကေစီးသည် လူနာတစ်ဦး၏ အတိတ်ဘ၀ကို ပဌမဦးစွာ ညှို့စိတ်ဝင်စားကာ
 ဒိဗ္ဗစက္ခု နတ်မျက်စိဉာဏ်မျိုးဖြင့် တွေ့မြင်ပြီးနောက် အလွန်စိတ်တုန်လှုပ်ချောက်ချား
 သွားပါသည်။ အတိတ်ဘ၀ဆိုသည်ကို ကေးစီးသည် လုံးဝအယုံအကြည်မရှိငြား
 သော်လည်း၊ ဆက်လက်၍ လူနာများကို ညှို့စိတ်ဝင်စားကာ ဒိဗ္ဗစက္ခု ထူးသော
 နတ်မျက်စိအသိဉာဏ်မျိုးဖြင့် စစ်ဆေးကြည့်ရာ၊ ၎င်းတို့၏ဘ၀ဟောင်းများကို အတိဒုက္ခ
 ဗလ၀ နှင့်တကွ ထပ်တလဲလဲတွေ့မြင်ရပါသည်။ ကေစီးသည် အဘယ့်ကြောင့်နောက်ဆုံး
 ၌ ဇာတိပဋိသန္ဓေ ဘ၀ကူးဘ၀ပြောင်း အတိတ်ဘ၀စသည်တို့ကို ယုံကြည်လက်ခံသွားရ
 သည်ကို၊ ၎င်း၏မှတ်တမ်းများတွင် တွေ့မြင်နိုင်ပါသည်။ ၎င်း၏ ဒိဗ္ဗစက္ခုအသိထူး၊
 အမြင်ထူး (ပရ၀ိဉာဏ်) ကို ညှို့စိတ်ဝင်စား၍ ဖေါ်ထုတ်ရပါသည်။ ၎င်းညှို့စိတ်ဝင်စား
 ခြင်းဖြင့်ပင် လူနာများ၏ ရောဂါတို့ကို စစ်ဆေးကုသရပါသည်။ (၀ါ) ဘ၀င်စိတ်ခေါ်
 မသိစိတ်ကို စုံစမ်းစစ်ဆေးခြင်းပင် ဖြစ်ပါသည်။
        ကေစီးသည် မိမိ၏ အတိတ်ဘ၀ကို ဒိဗ္ဗစက္ခုနည်းဖြင့် ဟောကိန်းထုတ်
 ကြည့်ရာ၊ လွန်ခဲ့သည့်ရာစုနှစ်များစွာက အီဂျစ်ပြည်တွင် ရဟန်းကြီးတစ်ပါးဖြစ်ခဲ့ဘူး
 ကြောင်းသိရ၏။ ထိုစဉ်က မှော်အတတ်ကို ကောင်းစွာတတ်မြောက်ခဲ့၏။ သို့ရာတွင်
 အတ္တငါစွဲအားကြီး၍ ကာမဂုဏ်အာရုံတွေကို လိုက်စားသဖြင့် အရာမရောက်ဖြစ်နေ၏။ ၎င်း၏
 နောက်ဘ၀တစ်ခုတွင် ပါရှားပြည်၌ ဆေးဆရာကြီးတစ်ဆူဖြစ်ခဲ့၏။ အခါတစ်ပါး၌
 သဲကန္တာရစစ်ပွဲတွင်  ဒဏ်ရာရ၍ တစ်ယောက်ထီးတည်း သုံးရက်နှင့် သုံးညဉ့်ပတ်လုံး
 သဲပြင်တွင်၊ အစာရေစာလည်းပြတ် အမိုးအကာအရိပ်လည်းမရှိ၊ ဒုက္ခကြီးစွာ လဲကျ
 နေခဲ့ရာ၊ မိမိ၏စိတ်ဝိဉာဏ်ကို မိမိခန္ဓာကိုယ်မှ လွတ်မြောက်သွားရန် အထူးကြိုးပမ်း
 အားထုတ်လေရာ၊ ကောင်းစွာအောင်မြင်သွား၏။ ယခုလက်ရှိဘ၀၌ ကေစီးသည်
 မိမိခန္ဓာကိုယ်တွင်းမှ မိမိ၏ စိတ်ဝိဉာဏ်ကို ထွက်ခွါသွားစေနိုင်သော အတတ်သည်
  အဆိုပါ အတိတ်ဘ၀၏ အောင်မြင်ချက်မှ အစပျိုးခဲ့သည်ဟု သိရပါသည်။
          ယခုလက်ရှိဘ၀တွင် အောင်မြင်မှု ကျဆုံးမှု(၀ါ) ချမ်းသာမှု ဆင်းရဲမှု စသည်တို့ကို၊
 စစ်ဆေးကြည့်ရာ၊ မြောက်မြားလှစွာသော အတိတ်ဘ၀တို့၏ အတွေ့အကြုံအဖြစ်အပျက်
 အကြောင်းကံတို့ပင်တည်းဟု ဆိုပါသည်။ ၎င်း၏ လက်ရှိဘ၀သည် ၎င်း၏အသိ
 အကျိုးသက်သက် သယ်ပိုးဆောင်ရွက်ဖို့ရန် အခွင့်ကောင်းကြီးတစ်ခုအဖြစ် အသိအမှတ်
 ပြုကာ အတိတ်ဘ၀များမှကံအကြောင်း စသော တဏှာ၊ မာန၊ ဒိဋ္ဌိစသည်တို့ကို ပယ်သတ်ဖို့
 လိုပါသည်။ ကေစီး၏ မိသားစုများဖြစ်ကြသော မစ္စက်ကေစီးနှင့် သားနှစ်ယောက်၊
 အတွင်းရေးမှုဖြစ်သူ ဂလဒီဒေးဗစ်တို့၏ ဘ၀ဟောင်းများကိုလည်း အလားတူ ဟောကိန်း
 ထုတ်ကြည့်ပါသည်။ တစ်ဦးစီ အကျင့်စရိုက် အလေ့အထ စသည်တို့ကို ပြတ်ပြတ်
 သားသား ဝေဖန်ရာ ၎င်းတို့၏ လက်ရှိအရည်အချင်းတို့သည် အတိတ်အတိတ်ဘဝ
 များက အကြောင်ခံခဲ့သည်သာဖြစ်ပါသည်။ ကလေးဘ၀တွင် သိပ္ပံပညာ သုတေသီ
 တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ရာ ““ကာမအာရုံများကို လိုက်စား၏။ အတ္တငါစွဲကြီး၏””ဟု
 သားတစ်ယောက်ကို ဟောကိန်းထုတ်ပါသည်။ အခြားတစ်ယောက်ကိုမူကား၊
 မင်းကတော့ စိတ်တိုတတ်၏။ ထို့ကြောင့် မင်းအီဂျစ်ပြည်မှာရော၊ အင်္ဂလန်တွင်ပါ
 မင်းဒုက္ခတွေ့ရမည်။ ယခုမျက်မှောက် ဘ၀၌၊ မိမိ၏စိတ်ကို ချုပ်တည်းဖို့လို
 ကြောင်း စသည်တို့ဖြစ်ပါသည်။
        အမေရိကန်ပြည် အလဗားမားနတ်ဆယ်လမားမြို့တွင် ရုတ်တရက် စိတ်ဂယောင်
 ချောက်ချားသွားသဖြင့် စိတ္တဇဆေးရုံသို့ ပို့လိုက်ရသော မိန်းကလေးတစ်ဦး၏ဖြစ်ရပ်
 ဆန်းနှင့်ပတ်သက်၍ ကေစီးသည် ညှို့စိတ်ဝင်စားကာ ဒိဗ္ဗစက္ခု(စေတောပရိယ) အသိ
 အမြင်ထူးဖြင့် ဟောကိန်းထုတ်သည်တို့မှာ အလွန်ထူးခြား မှတ်သားဖွယ်ကောင်းလှပါ
 သည်။ ကလေးမ၏ မောင်ဖြစ်သူသည် အလွန်စိတ်သောက ရောက်နေ၏။ သူ၏
 တောင်းပန်ချက်အရ၊ ကေစီသည် အိပ်စင်ပေါ်တွင် လဲလျောင်း၍ အသက်ကို တစ်ချက်
 ပြင်းပြင်းရှူကာ မိမိကိုယ်ကိုမိမိ အိပ်ပျော်စေလျက် ကလေးမ၏ခန္ဓာကိုယ်ကို
 အသိထူးအမြင်ထူးဖြင့် ဓါတ်ခွဲကြည့်ပြီးဟောကိန်းထုတ်၏။ ထိုအချိန်၌  ကေစီးသည်
 ထ-မပေ ဓါတ်မှန်ရိုက်ကြည့်သကဲ့သို့ ကလေးမလေး၏ ခန္ဓာကိုယ်အတွင်းရှိ ဝေဒနာတို့ကို
 ထင်ထင်ရှားရှား မြင်သိပြောဆိုနိုင်၏။ ကေစီးက ကလေးမလေး၌ အံဆုံးပေါက်၍
 ဦးနှောက်ကြောတွင် ဒဏ်ဖြစ်နေသဖြင့် သွားနှုတ်လိုက်လျှင် အကောင်းပဂတိဖြစ်သွား
 မည်ဟု ဟောကိန်းထုတ်သည့်အတိုင်း ကလေးမလေး၏ ပါးစပ်ကို ရှာဖွေစစ်ဆေးကြည့်ရာ
 ကေစီးပြောသည့်အတိုင်း အဆိုပါအံသွားကိုတွေ့၍ နှုတ်လိုက်ရာ ကလေးမလေး၏
 စိတ်သည် နဂိုရ်အတိုင်း ပြန်ကောင်းသွားတော့၏။ ဤကဲ့သို့ ချက်ချင်းဆိုသလို အလျင်
 အမြန်ပျောက်ကင်းသွားသည့် ရောဂါဝေဒနာရှင်မျိုးများ မှာနည်းပါးလှ၏။ ကေစီးထံ
 ရောက်လာသော ဝေဒနာရှင်တို့အနက် အများစုမှာ အတော်ကလေး ခက်ခက်ခဲခဲ
 ကာလအတော်ကြာအောင် ကုသရသည့် ဝေဒနာများဖြစ်ကြ၏။ ကေစီးညွှန်သော ကုစား
 နည်းအမျိုးမျိုးတို့တွင် ဆေးဝါးဖြင့်ကုသနည်း၊  ခွဲစိတ်ကုသနည်း၊ ဓါတ်စာဖြင့်ကုသနည်း၊
 ဗိုက်တာမင်အသက်ကယ်ဆေးဖြင့်ကုသနည်း၊ ရေဓါတ်ဖြင့်ကုသနည်း၊ အနင်းအနှိပ်ဖြင့်
 ကုသနည်း၊ လျှပ်စစ်ဓါတ်အားဖြင့်ကုသနည်း၊ အဓိဋ္ဌာန်ဆုတောင်း ဆုပေးနည်းဖြင့်
  ကုသနည်း စသည်တို့ဖြစ်ပါသည်။
         ဤသည်တို့မှာ အသိအလိမ္မာ ဗဟုသုတ နည်းပါးသောသူများအား လှည့်ပတ်
  သောနည်းများဖြင့်မယုံလျှင် ယုံအောင်လုပ်ခြင်းများ မဟုတ်ပါ၊ ကေစီးဟောကိန်း
  ထုတ်ပေးသော ဝေဒနာရှင် ၃၀၀၀၀ ကျော်အားလုံးကို ဗာဂျီးနီယားကမ်းခြေရှိ
  ဖိုင်တွဲများတွင် အသေအချာ ကျကျနန မှတ်တမ်းတင်ထားပါသည်။ အရည်အချင်း
  ပြည့်ဝသည့် ပုဂိ္ဂုလ်မည်သူမဆို အလိုရှိပါက ၎င်းမှတ်တမ်းများကို စစ်ဆေးကြည့်ရှုနိုင်ပါ
  ကြောင်း။ အဆိုပါမှတ်တမ်းများတွင် ထည့်သွင်းထားသည့် စာရွက်စာတမ်းများမှာ
  ကေစီးထံသို့ စုံစမ်းမေးမြန်းသည့် နေ့စွဲပါ ပေးစာများ၊ အကူအညီတောင်းခံစာများ၊
  အမ္ဘာအရပ်ရပ်ရှိ ဝေဒနာရှင်ဟောင်းများထံမှ ကျေးဇူးတင်စာများ၊ ဆေးဆရာများနှင့်
  သမားတော်ကြီးများထံမှ ထောက်ခံစာများ ညှို့စိတ်ဝင်စားပြီး ဝေဒနာရှင် အသီးသီးတို့ကို
  ပြောပြသည့် ကေစီးဟောကိန်းပါ စကားလုံးတိုင်းကို လက်ရေးဖြင့် ရေးမှတ်ထားသည်
  များ အားလုံးကို လက်ရေးရှည်သို့ ပြန်ဆိုပြီးအဆိုပါ ဖိုင်တွဲများတွင် ထည့်သွင်း
  သိမ်းဆည်းထားပါသည်။ ၎င်းတို့အားလုံး ခိုင်လုံသော သက်သေခံ အထောက်အထားဖြစ်
    သည်ဟု ဆိုနိုင်ပါသည်။
          ကေစီးသည် ညှို့စိတ်ဝင်စား၍ ရောဂါဝေဒနာ လက္ခဏာများ စိစစ်ကြည့်ရှုနည်းကို
  စတင်ဆောင်ရွက်သည့် ၁၉၂၃ ခုနှစ်မှသည် ၎င်းအနိစ္စရောက်သော ၁၉၄၅ ခုနှစ်အထိ
  နှစ်ပေါင်း ၂၂ နှစ်အတွင်း အကြိမ်ပေါင်း ၂၅၀၀ ကျော်မျှ ဘ၀ပြဿနာနှင့် ပတ်သတ်၍
  ဟောကိန်းထုတ်ခဲ့ပါသည်။ အထက်တွင်ဖေါ်ပြခဲ့သည့် ရောဂါဝေနာရှင်များနှင့်
  ပတ်သတ်သော ဟောကိန်းများကဲ့သို့ပင်၊ ဤဘ၀ပြဿနာဟောကိန်းများကို ကောင်းစွာ
  မှတ်တမ်းတင်၍ သိမ်းဆည်းထားပါသည်။ အဆိုပါ ၂၂ နှစ်အတွင်း၊ ယောင်ယောင်မှားမှား
  ကယောင်ချောက်ချားဖြစ်ကာ အတိဒုက္ခရောက်နေကြသော ဝေဒနာရှင်မြောက်မြားစွာ
  တို့အား(၀ါ) ကာယိဒုက္ခ စေတသိဒုက္ခသည်တို့အား ၎င်းတို့၏ နောက်ကြောင်း
  များကို ကေစီးသည် မိမိ၏ညှို့စိတ်ဖြင့် ဖေါ်ထုတ်သော အလွန်နက်နဲသည့် ဒိဗ္ဗစက္ခု
  လောကီအဘိဉာဏ် မျက်စိမျိုးဖြင့် စိစစ်ကြည့်ရှုပြီး ကုစားပေးခဲ့၏။ ဝေဒနာရှင်တို့သည်
  ကား ဒုက္ခတရားကို ကိုယ်ပိုင်ဉာဏ်ဖြင့် မမြင်သိပါဘဲလျက် ရေရွတ်သော ဓမ္မကျမ်းစာ
  အရွတ်သမားကဲ့သို့ အဘယ့်ကြောင့် ဒုက္ခဝေဒနာများကို ခံစားနေရသည်ကို အလွန်သိချင်
  ရှာပါသည်။ အဆိုပါဝေဒနာရှင် ဒုက္ခသည်တို့သည့် မျှော်လင့်ချက်ကင်းမဲ့သည့် အဖြစ်ဆိုး
  အခြေအနေဆိုးသို့ အားလုံးရောက်နေ ကြသည်မဟုတ်။ သူတို့၏ အတိတ်ဘ၀ အတွေ့
  အကြုံ အဖြစ်အပျက်အတ္ထုပ္ပတ္တိ တို့သည်ကား သူတို့၏ လက်ရှိဘ၀ဖြစ်စဉ် အခြေအနေ
 အတွေ့အကြုံများထက် ပို၍ ထူးခြားမှတ်သားဖွယ် စိတ်ဝင်စားဖွယ် ကောင်းလှသည်ဟု
 အဆိုနိုင်ပါ။ မည်သို့ပင်ဖြစ်စေ၊ သူတို့၏ ပြဿနာများသည် သိမ်မွေ့နူးညံ့သည်ဖြစ်စေ၊
 ခက်မာပြင်းထန်သည်ဖြစ်စေ၊ ၎င်းတို့၏လက်ရှိဘ၀အခြေအနေသည်ကား လွန်ခဲ့သည့်ရာစု
 နှစ်ပေါင်းများစွာ အတိတ်ဘ၀တို့၏ ကွင်းဆက်အစဉ်သာဖြစ်ကြောင်းထင်ရှားနေပေသည်။
        ကေစီး၏ ဟောကိန်းများကို ယုံကြည်လက်ခံ အတည်ပြုမည်ဆိုပါက၊ ၎င်းတို့၏
 အကျိုးသက်ရောက်မှုကို စဉ်းစားရပေမည်။ အမှန်အားဖြင့် ကေစီး၏ဒိဗ္ဗစက္ခု ဟောကိန်း
 မျိုးသည် ဤကမ္ဘာတွင်အသစ်အဆန်းမဟုတ်ပါ။ ရှေးပဝေသဏီက ရှိခဲ့ပါသည်။
 ကေစီး၏ဟောကိန်းတွင် ထူးခြားသည့်အချက်နှစ်ချက်ရှိပါသည်။ (၁) ဤကမ္ဘာ၏
 အနောက်ခြမ်း လောကတွင်ပင်၊ ယခုပထမဦးဆုံးအနေဖြင့် လူပုဂ္ဂိုလ်အမြောက်အမြားတို့
 ၏ အတိတ်ဘ၀ဟောင်းများအကြောင်းကို သက်သေအထောက်အထား ခိုင်လုံစွာ(၀ါ)
 အာဂမယုတ္တိ၊ သဘာဝယုတ္တိ၊ သာဓကယုတ္တိ စသည်တို့ဖြင့် ခိုင်လုံစွာဖေါ်ထုတ်ပေးခြင်း။
 (၂) ကမ္ဘာ့ရာဇ၀င်တွင် ယခုပထမဦးစွာ အဆိုပါ အတိတ်ဘ၀ဟောင်းများအကြောင်းကို
 ကောင်းစွာ တရိုတသေ မှတ်တမ်းတင်သိမ်းဆည်းထားရာ ပြည်သူတို့အလွယ်တကူ
 တွေ့မြင်ဖတ်ရှုနိုင်ခြင်း စသည်တို့ဖြစ်ပါ၏။ တစ်နည်းဆိုရသော်၊ ကေစီး၏ဟောကိန်းများ
 သည် အနောက်တိုင်း ခရစ်ယာန်တို့၏ တက်ကြွသောလူနေမှုစနစ်အား အရှေ့တိုင်း
 အတွေးအခေါ်ဖြင့် အားဖြည့်ပေးလိုက်ရာ နှစ်ဖက်စလုံးဘ၀သစ်ကိုယ်စီရလာတော့
 သည်ဟု ဆိုရပါမည်။ အရှေ့အနောက်ဟု ကာလရှုည်လျားစွာ တသီးတစ်ခြားကွဲကွာနေ
 ကြရာမှ စည်းလုံးညီညွတ်သွား၏။ သာသာရေးနှင့် သိပ္ပံပညာလည်း စည်းလုံးညီညွတ်
 သွား၏ အဘယ့်ကြောင့်ဆိုသော် ရုပ်နာမ်လောကနှစ်ခုလုံးပင် ကြောင်းကျိုးဆိုသည့်
 လောကနိယာမဓမ္မနှင့် အလွတ်ကင်းနိုင်ကြောင်း ရိပ်စားမိလာသောကြောင့်ဖြစ်ပါသည်။
 လူသားများ၏ ဝေဒနာခံစားမှုများသည် ရုပ်ဝါဒီတို့၏ အတော်တဆဖြစ်ခြင်းမျိုးမဟုတ်၊
 ကာယဒုစရိုက်၊ ၀စီဒုစရိုက်၊ မနောဒုစရိုက်တို့ကြောင့်ဖြစ်၏။ လူတို့၏အရည်အချင်း၊
 အရည်အသွေးခြားနားခြင်းတို့သည်၊ ဖန်ဆင်းရှင်၏ အတည်ငြိမ်သော စိတ်သဘောထား
 ကြောင့်မဟုတ်၊ မျက်ကန်းစွဲ၊ မျိုးရိုးဗီဇ စက်ယန္တယားကြောင့်လည်းမဟုတ်၊ အတိတ်က
  ကုသိုလ်၊ အကုသိုလ်အကျင့်စရိုက် ၀ါသနာဘာဂီတို့ကြောင့်ဖြစ်၏။
       ဒုက္ခဝေဒနာခံစားရခြင်းသည် အကောင်းမှုကို ပြုလုပ်မိသောကြောင့်ဆိုသည်ကို
 ယခုခေတ်အတွေးအခေါ်သမားများက ဆွေးမြေ့နေသည့် ဘာသာရေးအယူအစွဲဟု
 လက်မခံကြပါ။ ယခုအခါ လူနည်းစုအချို့သာလျှင် ဝေဒနာခံစားမှုကို မကောင်းမှု၏
 အဖြစ်ဟု မြင်ပါသည်။ ကေစီး၏ ဟောကိန်းအရမူကား မကောင်းမှု၏အဖြစ်နှင့်
 ဝေဒနာခံစားမှုတို့သည် အကြောင်းကျိုးဆက်တို့သာဖြစ်၏။ ဤသဘောတရားကို
 သဘောပေါက်ရန် ကမ္မ(ကံ) ဆိုသည့် စကားလုံး၏ အနက်သရုပ်အဓိပ္ပါယ်ကို နားလည်
 ဖို့လိုပါသည်။ ကမ္မ(ကံ)ဆိုသည်မှာ စာစကားအရ၊ ပြုလုပ်ကြောင်းအဓိပ္ပါယ်ရပါသည်။
 အတွေးအခေါ်ပညာ ဒဿနိကဗေဒအရ ကမ္မ(ကံ)ကို ကြောင်းကျိုးနိယာမဓမ္မ
  (၀ါ) ပြုလုပ်မှု၊ တုံ့ပြန်မှုဟု အဓိပ္ပါယ်ရပါသည်။
       လူသားတို့၏ လက်ရှိဘ၀ ကာယိကဒုက္ခ စေတသိကဒုက္ခ အစရှိသည့်
 ဝေဒနာများ ခံစားနေရခြင်းသည် အတိတ်ဘ၀များက မကောင်းမှု အကုသိုလ်ဒုစရိုက်တို့
 ကြောင့် ဆိုကာ အလွန်နက်နဲခက်ခဲသည့် ကမ္မ(ကံ) အကြောင်းတရားကို လွယ်ကူစွာ
 သဘော ပေါက်နိုင်သောကြောင့် ကေစီး၏ဘ၀ပြဿနာဟောကိန်းတို့သည် အလွန်တရာ
 စိတ်ဝင်စားစရာကောင်းပါသည်။ ၎င်းတို့ကို အသေအချာ လေ့လာစဉ်းစားကြည့်လျှင်
 ကံတရားဆိုသည်မှာ အမျိုးမျိုးအစားစားရှိကြောင်း သိရပါသည်။ ကံတစ်မျိုးက ရိုက်သော
 သူကို တန်ပြန်ရိုက်တတ်သည့် သြစတေးလီယားကျွန်းသားတို့၏ တုတ်ကောက်ကဲ့သို့
 မိမိပြုသော မကောင်းမှုကံသည် မိမိကိုပင်ပြန်၍ မကောင်းကျိုးကို ပေး၏။ ဤကံမျိုး
 အမြောက်အမြား ကေစီးမှတ်တမ်းများတွင် ရေးသားပါရှိပါသည်။ ဥပမာ- ကောလိပ်
 ကျောင်း မျက်မမြင် ပရိုဖက်ဆာဆရာကြီးတစ်ဦးသည် ကေစီး၏အကြောင်းကို ရေဒီယိုမှ
 ကြားသိ၍ စာရေးမေးမြန်းပြီး ကေစီးဟောကိန်းအတိုင်းလိုက်နာ ကုသခဲ့ရာသိသိသာသာ
 ကြီး မျက်စိအလင်းရသွား၏။ ခန္ဓာကိုယ်ကျန်းမာရေးလည်း တိုးတက်လာ၏။ မျက်စိပါရဂူ
 များက လက်လျော့ထားသည့် ဗယ်ဘက်မျက်လုံးလည်း သုံးလအတွင်း ၁၀ ရာခိုင်နှုန်း
  လောက် ကောင်းမွန်လာ၏။
       ကေစီးဟောကိန်းအရ၊ ပရိုဖက်ဆာကြီး၏ အတိတ်ကာလ၌ လေးဘ၀ရှိခဲ့
 ရာ၊ အမေရိကန်ပြည်၌ ပြည်တွင်းစစ်ဖြစ်နေစဉ်တစ်ဘ၀၊ ပြင်သစ်ပြည်၌ ဘာသာရေး
 စစ်ပွဲများဖြစ်နေစဉ် တစ်ဘ၀၊ ပါရှားပြည်၌ ခရစ်တော်မပေါ်မှီ နှစ်ပေါင်း ၁၀၀၀
 လောက်က တစ်ဘ၀၊ အတ္တလန်တစ်ခေါ် တိုက်ဟောင်းကြီး မကွယ်ပျောက်မီက
 တစ်ဘ၀၊ စသည်တို့ဖြစ်ပါသည်။ ပါရှားပြည်၌ ပြုလုပ်ခဲ့သော အကုသိုလ်ကံကြောင့်
 ယခုလက်ရှိဘ၀ မျက်စိကွယ်ရခြင်းဖြစ်၏။ ထိုစဉ်အခါ၌ ၎င်းပုဂိ္ဂုလ်ကြီးသည် လူရိုင်း
 အမျိုးအနွယ်ဖြစ်၍ လူရိုင်းတို့ ထုံးတမ်းအစဉ်အလာအရ ရန်သူများ၏ မျက်လုံးကို မီးရဲရဲ
 တောက်သံချွန်ဖြင့် ထိုးဖေါက်ရသောတာဝန်ကို ထမ်းဆောင်ခဲ့ရ၏။
        ကေစီး၏ မှတ်တမ်းဖိုင်တွဲများတွင် လူများကို ကဲ့ရဲ့ပြောင်လှောင်ခဲ့သော
 အကုသိုလ်ကံကြောင့် ကိုယ်လက်အင်္ဂါ ချွတ်ယွင်းသည့်ဖြစ်ရပ် ခုနှစ်ခုရှိပါသည်။
 ပဌမဖြစ်ရပါ၌ အတတ်ပညာရှင်ကြီးတစ်ဦး၏ အသက် ၄၉နှစ်ရှိဇနီးသည်၊ ကလေး
 သုံးယောက် အမေတစ်ဦးသည် ၎င်း၏အသက် ၃၆နှစ်မှစ၍ သွက္ချာပါဒရောဂါ
 ကပ်ရောက်၍ လမ်းကောင်းစွာမလျောက်နိုင်သဖြင့် လက်တွန်းလှည်းကလေးဖြင့်
 သွားလာနေထိုင်ရ၏။ အိမ်အပြင် ဟိုနေရာ သည်နေရာ စသည်များသို့ သူများပို့ပေးမှ
 သွားလာလှုပ်ရှားနိုင်၏၊ အတိတ်ဘ၀၌ သူမသည် ရောမနိုင်ငံတွင် နေစဉ်ပြုမိသော
 အကုသိုလ်ကံကြောင့်ဟု ဆို၏။ ထိုစဉ်အခါက သူမသည် မင်းမျိုးမင်းနွယ် ဖြစ်သည့်
 အလျောက် နီရိုဘုရင်ကြီး ခရစ်ယာန်များကို နှိပ်ကွပ်ညှင်းပမ်းခြင်းပြုရာတွင် ပါဝင်ခဲ့၏။
 အညှင်းဆဲခံ ဒုက္ခိတများကို ပြောင်လှောင်သရော်ခဲ့၏။ ကေစီးက ဟောကိန်းထုတ်စဉ်
 ပြောခဲ့သည်မှာ ဟေ့ကြည့်စမ်း၊ ဒါဟာကိုယ့်အမှုကိုယ်ပြန်ပတ်တာပဲ။
      ဒုတိယဖြစ်ရပ်သည်ကား၊ ကေစီး၏မှတ်တမ်းများတွင် ပါဝင်သည့်ဖြစ်ရပ်
 အားလုံးတို့အနက် ၀မ်းနည်းကြေကွဲဖွယ်အကောင်းဆုံးဖြစ်၏။ အသက် ၃၄နှစ်ရှိ
 အမျိုးသမီးတစ်ဦးသည် ခြောက်လကလေးမလေးအရွယ်၌ သွက္ချာပါဒဖြစ်၍ ကျောရိုးကွေး
 သွားပြီး ခြေထော့ကျိုးထော့ကျိုးဖြစ်သွား၏ အဖေဖြစ်သူ လယ်သမားကြီးသည်
 သူ့ကို လျစ်လျူပြုကာနေ၏၊ သမီးလုပ်သူ ကြက်မွေးမြူ၍ရသော ကြေးငွေများကို
 ၎င်း၏ ကိုယ်ကျိုးအတွက်သာသုံးဖြုန်း၏။ သူမ၏ လက်ဦးရီးစားသည် ပထမကမ္ဘာစစ်ပွဲတွင်
ကျဆုံးသွား၏။ နောက်ထပ်အမျိုးသားတဦးနှင့် ထိမ်းမြားရန် ကြောင်းလမ်းထားသည့်အတွင်း
အဆိုပါအမျိုးသားသည် အပြင်းအထန်အဖျားရောဂါ ကပ်ရောက်၏။ အဖျားပျောက်သောအခါ
၎င်းအမျိုးသားသည် သူ့ကိုပြုစုပေးသည့် အမျိုးသမီးသူနာပြုနှင့် လက်ထပ်လိုက်၏။
ထိုအတောအတွင်း သူမသည် အုတ်လှေကားမှ လိမ့်ကျ၍ ကျော်ရိုးတွင် နောက်ထပ်ဒဏ်ရာတစ်ခု
ရရှိသွား၏။ ဟောကိန်းအရ သူမသည် အတိတ်ဘ၀၌ ရောမတိုင်း ဗလာတိနပ်
မိသားစုတစ်ဦးအနေဖြင့် လူလူချင်းသတ်ပွဲများ၊ လူနှင့်သားရဲ တိရစ္ဆာန်သတ်ပွဲများ
စသည်များကို မကြာမကြာကြည့်ရှူရင်း တိုက်ပွဲသတ်ပွဲ တွင် အရှုံးပေးသွားသူများကို
ကဲ့ရဲ့ရှုတ်ချပြောင်လှောင်ခဲ့၏။
        ကေစီး ဟောကိန်းထုတ်ပေးသော ပုဂိ္ဂုလ်တို့သည် အများအားဖြင့် သာမန်
 ဆေးဆရာများ၊ စိတ္တဗေဒပညာရှင်များ၊ ဘာသာရေးဆရာများကုသမပေးနိုင်၊
 ဖြေရှင်းမပေးနိုင်သည့် ကိုယ်ကာယနှင့် စပ်ဆိုင်သော ပြဿနာရပ်များဖြစ်ပါသည်။
 ကံအကြောင်းခံသော ပြဿနာတိုင်း အဖြစ်ဆိုးနိမိတ်ဆိုးမဟုတ်ပါ။ အတိတ်ကုသိုလ်ကံ
 ကြောင့် ပြောင်မြောက်သော လူစွမ်းရည် တန်ခိုးအာဏာ၊ အသိပညာဉာဏ်နှင့်
 အခြားထူးခြားချက်များဖြစ်ပေါ်သည့် သာဓကများကိုလည်း တွေ့ရမည်ဖြစ်ပါသည်။
         ကောင်းသောပတ်ဝန်းကျင်များ၊ ကျန်းမာရေးနှင့်ပြည့်စုံသည့် ကိုယ်ကာယ စသည်
 တို့သည်လည်း ကံအကြောင်းရင်းသာဖြစ်၏။ တစ်ခါတရံ ယေဘုယျအားဖြင့် ကေစီး
 ဟောကိန်းတွင်ဖေါ်ပြသည်မှာ ယခုဘ၀၌ လှပသောကိုယ်ခန္ဓာကို ရရှိခြင်းသည် အတိတ်
 ဘ၀၌ မိမိ၏ ခန္ဓာကိုယ်ကို မိမိအထူးဂရုစိုက် ပြုစုစောင့်ရှောက်ခြင်း၏ အကျိုးဟုဆို၏။
      ရုပ်ရည်ရူပကာ လှပခြင်း၏ အတိတ်ကံ နောက်တစ်မျိုးရှိသေး၏ အများငေး
 လောက်အောင်လှပသည့် အမေရိကန် နူးယောက်မယ်တစ်ဦှး၏ လက်ချောင်းလေး
 များသည် သူမတူအောင် ပြေပြစ်လှပသောကြောင့် လက်သည်းဆိုးဆေး ကိုယ်လိမ်းနံ့သာ
 ရေမွှေး စိန်ရွှေရတနာ လက်ဝတ်လက်စား ကုန်သည်တို့သည်၊ လူထုကြော်ငြာအတွက်
 သူမကိုများစွာ လိုလားကြ၏။ လက်ရှိဘ၀၌၊ သူမကိုယ်ကာယနှင့် လက်ခြေတို့သည်
 သူမတူအောင်လှပရခြင်း၏ အကြောင်းကံသည်ကား၊ အတိတ်ဘ၀၌ သူမသည်
 အင်္ဂလိပ်သီလရှင် ကျောင်းတစ်ကျောင်းတွင် သီလရှင်ဖြစ်ခဲ့စဉ်က မိမိ၏လက်များနှင့်
 အညစ်အကြေး ရွှံစဖွယ်များကို သုတ်သင်ရှင်းလင်းပေးရသော တာဝန်ကို မငြိုမငြင်
  စေတနာထက်သန်စွာ ထမ်းဆောင်ခဲ့ခြင်းဖြစ်၏။
      ကေစီး၏ မှတ်တမ်းဖိုင်တွဲများတွင် အတိတ်ဘ၀ကံ သို့မဟုတ် စွဲလမ်းမှု
 ကြောင့် ဖြစ်ပေါ်သော လက်ရှိဘ၀အကျိုး အမှုအခင်း အဖြစ်အပျက် အမျိုးမျိုးတို့ကို
  မြောက်မြားစွာ ဖေါ်ပြထားပါသည်။
       နယူးယောက်မြို့တော်တွင် မွေးဖွားကြီးပြင်း၍ သွားစိုက်ဆရာအဖြစ် အသက်
 မွေးဝမ်းကြောင်းပြုနေသော ပုဂိ္ဂုလ်တစ်ဦးရှိပါသည်။ သူ၏ မိသားစုတို့သည်လည်း
 နယူးယောက်မြို့တော်တွင် မွေးဖွားကြီးပြင်း၍ ရာစုနှစ်ပေါင်းများစွာ နေထိုင်လာသူများဖြစ်
 ကြပါသည်။ မိမိကိုယ်ကို မြို့တော်သားအဖြစ် ဂုဏ်ယူ၍ မိမိ၏လုပ်ငန်းတွင်
 များစွာစိတ်ဝင်စားသူ တစ်ယောက်ဖြစ်သော်လည်း အဆိုပါသွားစိုက်ဆရာသည်
 ရံဖန်ရံခါ လယ်တော မြစ်၊ ချောင်း၊ အင်းအိုင် ဒေသစသည့် တောနယ်များသို့
 သေနတ်တစ်လက်နှင့် ငါးမျှားတန်များကို ယူဆောင်ကာ၊ တစ်ယောက်ထီးတည်း
 သွားလေ့ရှိပါသည်။ သဘာဝ အားဖြင့် တိတ်ဆိတ်သာယာသည့် လွင်တီးခေါင်ပြင်ကို
 နှစ်သက်ခြင်းသည် မထူးဆန်းလှသော်လည်း ဘိုးစဉ်ဘောင်ဆက်မြို့တော်တွင် ခေါင်းချ
 လာသူတစ်ဦးအနေဖြင့် ဆီလျော်လှမည်မဟုတ်ပေ။ ဘ၀ကူးဘ၀ပြောင်း၊ ဇာတိပဋိသန္ဓေ
 သဘောတရားအရဖြင့် သဘောပေါက်စရာရှိပါသည်။ ကေစီးဟောကိန်းအရ ၊
 အကြင်ပုဂိ္ဂုလ်သည် အတိတ်ဘ၀၌ ဒိန်းမတ်ပြည်သားတစ်ဦးအနေဖြင့် အမေရိကန်ပြည်
 သို့ ဒိန်းမတ်လူမျိုးများအုပ်စိုးစဉ် ကာလအတွင်း ရောက်ရှိလာပြီး အင်းအိုင်စိမ့်စမ်း
 ချောင်းမြောင်းပေါသော နယူးဂျာစီးနယ်တွင် အမဲလိုက်ခြင်း။ သားမွေး ရောင်းဝယ်
 ဖေါက်ကားခြင်း စသည်တို့ဖြင့် အသက်မွေးဝမ်းကျောင်းပြုကာ နေထိုင်ပါသည်။
 တောတောင် အင်းအိုင်ချောင်းမြောင်းတို့ကို တပ်မက်မောသည့် စရိုက်အလေ့အထ
 ယခုလက်ရှိ ဘ၀တွင်ရှိသေးသော်လည်း ပင်မအသက်မွေးဝမ်းကျောင်း အလုပ်ကို
  လစ်လျူမရှုနိုင်ပါ။
         များစွာသောလူတို့သည် မိမိတို့နေထိုင်နေကျ နယ်မြေဒေသတို့ကို စွဲလမ်းတပ်မက်
 တတ်ကြပေသည်။ ဤကဲ့သို့ စွဲလမ်းတပ်မက်မှုများသည် ကေစီး၏ ဟောကိန်းအရ၊
 အတိတ်ကမိမိတို့ ပျော်ရွှင်စွာနေခဲ့၊ ထိုင်ခဲ့ဖူးသည့် အရပ်ဒေသများဖြစ်သည်ဟု သိရ၏။
  အမေရိကန်ပြည် အရှေ့ဘက်ကမ်းခြေတွင် နေထိုင်သော လုပ်ငန်းရှင် အမျိုးသမီး ကြီး
 တစ်ဦးသည်၊ အမေရိကန်တောင်ပိုင်းသွားရောက်ရန် နှစ်ပေါင်းများစွာ တမ်းတခဲ့၏။
 နောက်ဆုံး၌ သူမ၏ဆန္ဒ အောင်မြင်ထမြောက်သွားပြီး ယခုအခါ နယူးမက်ဆီကိုနယ်တွင်
 ဟိုတယ်ကြီးတစ်ခု၌ မန်နေဂျာကြီးဖြစ်နေ၏။ ကေစီး၏ ဟောကိန်းအရ သူမသည်
 အတိတ် နှစ်ဘ၀မျှ ၎င်းဒေသတွင် နေထိုင်ခဲ့၏။ ထိုဒေသကို သူမစွဲလမ်းနေသည်မှာ
  နှစ်ဘ၀မျှကြာခဲ့၏။ (၀ါ) နှစ် ရာစုများစွာ ကြာခဲ့၏။
        လူလေးယောက်အနက် တစ်ယောက်သည် အမေရိကန်တောင်ပိုင်း ကျွန်းများကို
 နှစ်သက်သဘောကျ၏။ တစ်ယောက်သည် နယူးအော်လင်နယ်ကို နှစ်သက်သဘော
 ကျ၏၊ တစ်ယောက်သည် အိန္ဒိယပြည်ကို နှစ်သက်သဘောကျ၏၊ ကျန်တစ်ယောက်က
  တရုတ်ပြည်ကို နှစ်သက်သဘောကျ၏။
         ကေစီး၏ဟောကိန်းအရ ၎င်းလူအသီးသီးတို့တွင် ၎င်းတို့နှစ်သက်ရာ သဘောကျရာ
  ဒေသတွင် အတိတ်ဘ၀များက နေထိုင်ခဲ့ဖူးသည်ဟု သိရ၏။
          လူတို့၏အသိပညာ၊ အတတ်ပညာ၊ စက်မှုလက်မှုပညာ၊ ၀ါသနာဘာဂီ
 စသည်တို့သည်လည်း  အတိတ်ဘ၀များ၏ အကြောင်းဆက်ပင်ဖြစ်ပါသည်ဟု ကေစီး
  ဟောကိန်းကဆို၏။
         အမျိုးသမီးတစ်ဦး၏  ဂရိတ်အမျိုးသား အဆိုအကတွင် အလွန်စိတ်ဝင်စားမှုသည်
 ၎င်း၏အတိတ်က ဂရိတ်ပြည် အတွေ့အကြုံကြောင့်ဟု ဆို၏။ လူငယ်ကလေးတစ်ဦး၏
 တယ်လီပါသီခေါ် နောက်ဆုံးပေါ် ပရစိတ္တဗေဒ ပါရာဆိုက်ကိုလော်ဂျီ သူတစ်ပါးစိတ်ကို
 အဝေးမှနေ၍ သိမြင်သော လောကီအသိဉာဏ်ထူးတစ်မျိုးတွင် များစွာစိတ်ဝင်စားခြင်း
 သည် အတိတ်ဘ၀၌ ကွယ်ပျောက်သွားပြီဖြစ်သော အတ္တလန်တစ် တိုက်ဟောင်းကြီးတွင်
 စိတ္တဗေဒ ဆရာအဖြစ်လည်းကောင်း၊ စိတ်ပြောင်းစိတ်လွဲအတတ်ပညာ ဆရာအဖြစ်
 လည်းကောင်း၊ ဆောင်ရွက်ခဲ့သောကြောင့်ဟု ဆို၏။ မိန်းကလေးတစ်ဦး၏ လေကြောင်း
 ပညာရပ်တွင် ရူးမတတ်စိတ်ဝင်စားခြင်းမှာလည်း အတိတ်က အထက်ပါ အတ္တလန်တစ်
 တိုက်ကြီးတွင် လေယာဉ်မှူးအဖြစ်လည်းကောင်း၊ သယ်ယူပို့ဆောင်ရေးဋ္ဌာန
 ညွှန်ကြားရေးဝန်အဖြစ်လည်းကောင်း၊ ဆောင်ရွက်ခဲ့ဖူးသောကြောင့်ဟု ဆို၏။ အမျိုးသမီး
 တစ်ဦး၏ ခြေမရှိလက်မရှိ ကိုယ်အင်္ဂါချို့တဲ့သည့်ကလေးများကို ပြုစုစောင့်ရှောက်ရ
 သည့်အလုပ်တွင် အထူးစေတနာ ထက်သန်သည်မှာလည်း ၎င်း၏အတိတ်ဘဝ
 ပါလက်စတိုင်းပြည်တွင် သခင်ခရစ်တော်၏ အဆုံးအမအတိုင်း အင်္ဂါချို့ယွင်းသူများ
  မမာမကျန်းသူများ စသည်တို့အား ထောက်ပံ့ ပြုစုခဲ့ဖူးသောကြောင့်ဟု ဆို၏။
       ဤကဲ့သို့ အတိတ်ဘ၀အကြောင်းခံသည့် စိတ်ဝင်စားမှု၊ ၀ါသနာဘာဂီ အစရှိသည်
 တို့သည် အများအားဖြင့် ထင်ရှားကျော်ကြားသည့် ပုဂိ္ဂုလ်လူတန်းစားများတွင် ပေါ်လွင်ပါ
 သည်။ ဤကဲ့သို့အဆိုပြုရသည်မှာ၊ ယင်းလူကုံထံတို့၏ အတိတ်ဘ၀အကြောင်းများကို
 ကေစီး ဟောကိန်းထုတ်သောကြောင့်မဟုတ် ကေစီး၏ ယေဘုယျဟောကိန်းများမှ
 ပေါ်ထွက်လာသည့် ကိုယ်ရေးကိုယ်တာ အတ္ထုပ္ပတ္တိ အကြောင်းအရာဖြစ်ရပ်များ အရသာ
 ပြောဆိုရခြင်းဖြစ်ပါသည်။ အလားတူ သာဓကမြောက်မြားစွာ ကေစီးမှတ်တမ်းတွင်
 တွေ့ရပါသည်။ ၎င်းတို့သည်ကား လူ၏ တစ်ဦးနှင့်တစ်ဦး ကွဲပြားခြားနားသည့်
 ပြဿနာဆိုင်ရာ စိတ္တဗေဒ(၀ါ) စိတ်ပညာကို လိုက်စားသူများအဖို့ များစွာ အသုံးဝင်
 မည်ဖြစ်ပါသည်။ ခေတ်ပေါ်စိတ္တဗေဒအရ လူသတ္တ၀ါ တစ်ဦးနှင့်တစ်ဦးမတူ ကွဲပြား
 ခြားနားသည့် လက္ခဏာ၏ မူလအကြောင်းရင်းသည် မိဘနှစ်ပါးမှဆက်ခံသည့် မျိုးရိုး
 ဗဇဖြစ်၏။ ဒုတိယအကြောင်းရင်းမှာ ပတ်ဝန်းကျင်၏ တန်ခိုးအရှိန်များဖြစ်၏။ ဇာတိ
 ပဋိသန္ဓေခေါ် ဘ၀သစ်(၀ါ) ဘ၀ကူးဘ၀ပြောင်း ဆိုသည့်အယူဝါဒအရ မျိုးရိုးဗီဇနှင့်
 ပတ်ဝန်းကျင်တို့သည်ပင်လျှင် အတိတ်ကံ၏ အကျိုးဆက်သာတည်း၊ ဆိုလ် ခေါ်
 အသက်ဝိဉာဉ်၏ အရည်အသွေးသည်ပင် အတိတ်မှ အသက်ဝိဉာဉ်၏ အမွေအနှစ်
 တည်း၊ မိဘများထံမှဆက်ခံသည့် အမွေအနှစ်မဟုတ်ဟု ဆိုပါသည်။
     မိဘမျိုးရိုးဗဇဆိုသည့် သဘောတရားရေးရာနှင့် ပတ်သတ်၍ ချွတ်ယွင်းချက်
 တစ်ခုရှိပါသည်။ ၎င်းမှာ သန္ဓေသား၏ စိတ်နေသဘောထားသည် ဇီဝဗေဒအရ
 မျိုးရိုးဗီဇအလိုက်ဖြစ်သည်ဟုဆိုခြင်း ဖြစ်ပါသည်။ အိန်စတိန်းအား ၎င်း၏ကြောင်းကျိုး
 နိယာမတရားကို ဘယ်လိုတွေ့ရှိပါသနည်းဟုမေးရာ၊ ၎င်းက အစဉ်အလာအားဖြင့်
 အမှန်ဟုယူထားသည့် အယူဝါဒကို အန်တုရပါမည်(၀ါ) တော်လှန်ရမည်ဟု
 ပြန်ပြောသည်ဟု ဆိုပါ၏။ ယခုအခါ မိဘမျိုးရိုးဗီဇကို ငြင်းချက်ထုတ်ဖို့လိုပါသည်။
 အမှန်အားဖြင့် လူတို့၏နာမရူပပရိစ္ဆေဒဉာဏ်၊ ရုပ်နာမ်အစုအဝေးအကြောင်းကိုသိသော
 ဉာဏ်သည် နုသေးသော်လည်း ပစ္စုပ္ပာန်ဘ၀စိတ်နေသဘောထား၏ အကြောင်းရင်းသည်
 ယေဘုယျအားဖြင့် အတိတ်ဘ၀ စိတ်နေစိတ်ထား ဖြစ်သည်ဟုဆိုလျှင် များစွာယုတ္တိရှိပါ
 သည်။ စိတ္တဗေဒအရ ပို၍သင့်မြတ်လှပါသည်။ ဗုဒ္ဓကလည်း ယခုသင်ဘာဖြစ်နေသလဲ
 သင်ဖြစ်နေတာအားလုံးသည် အတိတ်ကမနောကံ၏ အကျိုးဆက်တို့သာတည်းဟု
 တမလွန်ဘ၀အကြောင်းကို အလေးပေးဟောခဲ့ပါသည်။ လူတစ်ယောက်၏ အရည်အချင်း
 များသည် ၎င်း၏အတိတ်ဘ၀များက ၎င်းကိုယ်တိုင်တွေးတောကြံဆခဲ့ခြင်း စသော
 ကံ၏ အကျိုးတရားတို့ပေတည်းဟုလည်း ဟောတော်မူခဲ့ပါသည်။
      ယခုလက်ရှိပစ္စုပ္ပန်ဘ၀၌ လူလူချင်းအကျိုးပေး ကွာခြားမှုများသည် အတိတ်ဘ၀၌
 လုံ့လ၀ိရိယချင်း ကွာခြားမှုများကြောင့် ဖြစ်ပါသလောဟုမေးရာ၊ ကေစီး၏ ဟောကိန်းအရ
 လူသတ္တ၀ါတစ်ဦးသည် အမှတ်မထင် ရှေးပဝေသဏီအတိတ်ဘ၀ကို သတိရလာတတ်ပါ
 သည်။ ဤကဲ့သို့ အမှတ်ရမှုသတိသည် လွန်လေပြီးသောမိဘဘိုးဘွား မျိုးရိုးအစဉ်အလာ
 များနှင့် မဆိုင်ပါ။
    အတိတ်ဘ၀မှ ကိုယ်တိုင်အတွေ့အကြုံတို့နှင့်သာ သက်ဆိုင်ပါသည်။ ၎င်း၏
 အမှတ်မထင် ဖြစ်ပေါ်တတ်သော ချစ်ခင်မှု၊ မုန်းတီးမှု၊ ကြောက်လန့်မှု စသည်တို့သည်
 လည်း အတိတ်ဘ၀မှ အမွေအနှစ်တို့ပင် ဖြစ်ပါသည်။ လူတစ်ဦးတစ်ယောက်သည်
 ယနေ့ မိမိလုပ်ကိုင်ရရှိသော ပစ္စည်းကို နက်ဖြန်မိမိကိုယ်တိုင်ပင် အမွေပေးသကဲ့သို့
 ဖြစ်ပါသည်။ အကြင်သူသည် အတိတ်၌ လူရိုင်းအဖြစ်ဘ၀ပေါင်းများစွာ နေခဲ့၏။
 ထိုသူသည် ယခုဘ၀၌ လူရိုင်းစိတ် မွေးမြူလျက်ရှိနေလျှင် အံ့သြစရာမရှိပါ။ အကြင်
 သူသည် တောနက်ဆိုလျှင် ထိတ်လန့်တတ်ခဲ့၏။ လူတို့၏ ရက်စက်ကြမ်းကြုတ်မှုများကို
 စက်ဆုတ် ထိတ်လန့်တတ်ခဲ့၏။ ထိုသူသည် ယခုအခါ အကြောင်းမဲ့ထိတ်လန့်တတ်၊
 ကြောက်တတ်၏။ အကြင်သူသည် အတိတ်၌ လူများကို ချစ်ခင်ခဲ့၏။ မုန်းတီးခဲ့၏။
  ထိုသူသည် ယခုဘ၀၌ အကြောင်းမဲ့ ချစ်တတ်၊ မုန်းတတ်၏။
     အတိတ်ဘ၀ကို မြင်မက်သော အိပ်မက်များအကြောင်း ကေစီးမှတ်တမ်းများ
 တွင် ဖေါ်ပြထားပါသည်။ ဥပမာ- အမျိုးသမီးတစ်ဦးသည် ကျွန်မငယ်စဉ်က မကြာခဏ
 မည်းနက်သော မိုးသားများကိုမြင်၍ ကမ္ဘာကြီးပျက်စီးသွားသည်ကို အိပ်မက်ခြင်းသည်
 ဘာကြောင့်ပါနည်းဟုမေး၏။ ကေစီး၏ဟောကိန်းအရ၊ သူမသည်အတိတ်ဘ၀၌ ရဟန်း
 အမအဖြစ်လည်းကောင်း၊ ဆေးဆရာအဖြစ်လည်းကောင်း၊ အတ္တလန္တိတ်တိုက်ကြီး
 ပျက်စီးသွားသည်ကို တွေ့မြင်ခဲ့ရကြောင်းကို အတွေ့အကြုံကို အကြောင်းပြု၍ အဆိုပါ
  အိပ်မက်မက်ခြင်းဖြစ်ကြောင်း။
       နောက်တစ်ခုတွင် လေးနှစ်အရွယ် ကလေးငယ်ကလေးသည် နေ့စဉ် အိပ်ရာမှ
 နိုးတိုင်း၊ ထိတ်လန့်ငိုကြွေး၊ မျက်ရည်မစဲ ဖြစ်သောကြောင့် မအေဖြစ်သူသည်၊ ကေစီးထံ
 သို့ စာရေးမေးမြန်း၏။ ကေစီးဟောကိန်းအရ၊ ၎င်းကလေးသည် အတိတ်ဘ၀၌ ပြင်သစ်
 ပြည်၌နေစဉ် ဒုတိယကမ္ဘာစစ်ကြီးအတွင်း စစ်ဘေးစစ်ဒဏ်ကြောင့်သေဆုံးသွားပြီး
 ၉လအကြာ အမေရိကန်မိဘများထံတွင် ၀င်စား၏။ ထိုတိုတောင်းသော အတိတ်ဘဝ
 ကာလ၌ တွေ့ကြုံခဲ့သော ဗုံးပေါက်ကွဲမှုများ မီးလောင်မှုများကို ယခုလက်ရှိဘ၀တွင်
 အမှတ်ရမှုသတိသည် ကိန်းဝပ်လျက်ရှိသောကြောင့် အိပ်ပျော်နေစဉ် အိပ်မက်အဖြစ်
 ပေါ်လာ၏။
      ထိတ်လန့်စရာ အိပ်မက်များအကြောင်းနှင့် ပတ်သတ်၍ ကေစီးမှတ်တမ်းများတွင်
 အတော်များများ ဖေါ်ပြထားပါသည်။ ၎င်းတို့သည်လည်း အတိတ်ဘ၀များနှင့်သက်ဆိုင်၏။
      စိတ္တဇရောဂါများအကြောင်းကိုလည်း အတော်များများဖေါ်ပြထားရာ ၎င်းတို့သည်
 အများအားဖြင့် ရုပ်လက္ခဏာအထည်ဒြပ် ထင်ရှားမရှိသော စုံး၊ နတ်၊ ဖုတ်၊ တစ္ဆေ၊
 စသည်တို့ပူးကပ်ခြင်းကြောင့်ဖြစ်သည်ဟု ကေစီးဟောကိန်းအရ သိရ၏။ အချို့သော
 စိတ်မနှံ့သည့်ရောဂါသည်များသည် မကောင်းဆိုးဝါး ပူးကပ်ဖမ်းစားခြင်းကြောင့်
 ဖြစ်သည်ဟု ရှေးပဝေသဏီကစ၍ အယူရှိကြ၏။ အရှင်ယေရှုသည် စိတ်နောက်သူက
 ပူးကပ်နေသည့် နတ်တစ္ဆေကို နှင်ထုတ်၏ဟု ခရစ်ယာန်သမ္မာကျမ်းစာတွင် ဖေါ်ပြထားသည်ဟု
 ဆို၏။ ဗရင်ဂျီဘုန်းတော်ကြီးများသည် စုံးနတ်တစ္ဆေ နှင့်ထုတ်သည့် ဂါထာမန္တယားများကို
 ရွတ်ဆိုသည့် အလေ့အထကို ယနေ့အထိ ကျင့်သုံးသည်ဟု ဗရင်ဂျီဘာသာဝင်များက ခေတ်
 နှင့်မလျော်သာ အယူအဆဟု လက်မခံကြပါ။ အကယ်၍ သတ္တ၀ါသည် သေသည်၏နောက်၌
 အတိတ်အကြောင်းနှင့်အကင်းသော ဘ၀သစ် ရှိသေးသည်ကို လက်ခံလျှင် ၎င်းဘ၀သစ်
 (မကောင်းဆိုးဝါး) သည်အဘယ့်ကြောင့် မိမိကိုယ်ကိုသော်လည်းကောင်း၊ သက်ရှိလူ၏
 ရုပ်နာမ်ခန္ဓာကိုသော်လည်းကောင်း မပူးကပ် အ၀င်စားနိုင်ရန် ဓါတ်မကူးပဲနေမည်နည်း။
   မကူးနိုင်ရန် အကြောင်းမရှိပါ။
      ကေစီးမှတ်တမ်းများတွင် အစွဲဥပါဒါန် ပယောဂနှင့်ပတ်သတ်၍၊ အနည်းငယ်
 ဖေါ်ပြထားပါသည်။ ၎င်းပယောဂမျိုးကို ကုစားရာတွင် ပြဋ္ဌာန်းသည့် ဆေးနည်းတို့တွင်
 လျှပ်စစ်ဓါတ်အား၊ ဆုတောင်းပတ္တနာ၊ ကမ္မဋ္ဌာန်းတရားတို့သည်လည်း ပါဝင်ပါသည်။
 ရောဂါသည် အမျိုးသမီးတစ်ဦးသည် ကေစီးဟောကိန်းညွှန်သည့်အတိုင်း လိုက်နာ
 ကုစားရာ ၎င်း၏ နားတွင်အမြဲလိုလိုကြားနေရသည့် တီးတိုးသံများ လုံးလုံးပျောက်သွား
 ပါသည်။ အခြားရောဂါသည်တစ်ဦးသည် ကေစီးဟောကိန်းအတိုင်း မလိုက်နာသော
 ကြောင့် ၎င်း၏ရောဂါမပျောက်ပဲ ရှိနေ၏။ ပဌမကိစ္စ၏အကြောင်းရင်းသည် ကံဖြစ်၏။
 အဆိုပါအမျိုးသမီးသည် အတိတ်ဘ၀၌ အခြားလူများကို မှော်ပညာဖြင့် မတရား
   ချုပ်နှောင်ခဲ့သည် ဆို၏။
       ဇာတိပဋိသန္ဓေ ဘ၀ကူးဘ၀ပြောင်းသဘောတရား၏ အကျိုးကျေးဇူးတစ်ခုခု
   သည်ကား လွတ်လပ်မှုပင်ဖြစ်၏။
       ဤကံနှင့် ဇာတိပဋိသန္ဓေတရားကို ယုံကြည်လက်ခံသူတို့၏ အမှားတစ်ခုသည်ကား
 ဘ၀ဆိုသည်မှာ အတိတ်ကဆုံးဖြတ်(၀ါ) တံဆိပ်ခတ်ပြီးသားဆိုသည့် ပုဗ္ဗေကတ
 ဟေတုက မိစ္ဆာဒိဋ္ဌိ အယူပင်ဖြစ်၏။ ဤအယူဝါဒ၏ အကျိုးသက်ရောက်မှုမှာ စိတ်ဓါတ်
 ပျက်ပြားခြင်း၊ ဘာသာရေးသိက္ခာကျခြင်း စသည်တို့ပင်ဖြစ်ပါသည်။ တုံဏှိဘာဝေ၊
 ဘာသိဘာသာနေတတ်သော ဟင်ဒူတို့သည် အများအားဖြင့် ရှေးကံကြမ္မာရှေးအကြောင်း
 ကြောင့် ဖြစ်ရသည်ဟူ၍ အဓိပ္ပါယ်ကောက်ကြ၏၊ ဤတွင်သဘောပေါက်ဖို့လိုသည်မှာ
 နှာချီတိုင်းချီတိုင်း၊ ခြင်ကိုက်တိုင်းကိုက်တိုင်း၊ ညနေစာစားတိုင်းစားတိုင်း၊ ထိုအတိတ်
 ဘ၀ဟောင်းများက လောကဓါတ်အားဖြင့်လည်းကောင်း၊ ကံကြမ္မာအားဖြင့်လည်းကောင်း
 ဆုံးဖြတ်ပေးသည်မဟုတ်ပါ။ ကျွန်ုပ်တို့၏ လက်ရှိဘ၀ ပြဿနာအရပ်ရပ်သည်
 အများအားဖြင့် ကျွန်ုပ်တို့၏ လက်ရှိဘ၀စိတ်စေတနာတို့ကြောင့်ဖြစ်ကြောင်း၊ အမှန်
 အားဖြင့်၊ ကျွန်ုပ်တို့၏ အိမ်ထောင်ရေး စသည့်ကြီးသောကိစ္စများသည်လည်းကောင်း၊
 အိုင်စကရင်ဆော်ဒါဝယ်စားသည့် သေးငယ်သောအမှုများသည်လည်းကောင်း၊ ကျွန်ုပ်တို့
 ကိုယ်တိုင်ဆုံးဖြတ်ရသည့် ကိစ္စများတွင် ကျွန်ုပ်တို့ အနှောင့်အယှက် အဟန့်အတားများနှင့်
 တွေ့ရလျှင် အတိတ်ကကျွန်ုပ်တို့၏ အမှားများကြောင့်ဟု ဆိုရပါမည်။ ဤအနှောင့်အယှက်
 အဟန့်အတားတို့သည် အပြင်ပယောဂဟုဆိုရသည်မှာ အတိတ်ဘ၀က ပြုခဲ့သော ကံအမှုများ
 ကို ကျွန်ုပ်တို့ ယခုမမှတ်မိတော့ပါ။ ဇာတိပဋိသန္ဓေသဘောတရားကို ကောင်းစွာသဘော
 ပေါက်နားလည်ပါလျှင် ရှေးကလွတ်လပ်မှု အကျဉ်းအကျပ်နှင့် ပုဗ္ဗေကတဟေတု
 ကံကြမ္မာ ပြဿနာတို့သည်လည်း ရှင်းလင်းမည်ဖြစ်ပါသည်။ ဇက်ကြိုးဖြင့်လွှတ်ထားသော
 ခွေးသည် ကြိုးရှည်သလောက် လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်သကဲ့သို့ လူမှာလည်း
   ကံအကျိုးပေးသလောက် လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်ပါသည်။
        အောက်ပါဖြစ်ရပ်သည် ဤကမ္ဘာလောကကြီးမှာ ကွယ်ပျောက်သွားပြီဖြစ်သော
 အတ္တလန္တိတ်တိုက်ကြီး တည်ရှိခဲ့စဉ်က ချမှတ်ခဲ့သောဆုံးဖြတ်ချက်၏ လက်ချက်ဖြစ်သည်။
 လက်ရှိဘ၀တွင် ရိုက်ခတ်လျက်ရှိသေးကြောင်း သာဓကတစ်ခုဖြစ်၏။ ယင်းဖြစ်ရပါသည်
 အသက် ၄၀အရွယ် တုတ်တုတ်ခိုင်ခိုင်အမျိုးသမီးကြီးတစ်ဦးနှင့် သက်ဆိုင်ပါသည်။
 ထိုအမျိုးသမီးသည် ဘယ်သောအခါမှ မျက်နှာကို နံ့သာလိမ်းချယ်ထားခြင်း မရှိပါ။
 သူမ၏ ၀တ်စားတန်ဆာသည်လည်း မိန်းမ၀တ်စားတန်ဆာမျိုးနှင့် လုံးဝမတူ သူမ၏
 အ၀တ်အစားများသည် ချွေတာရေးနှင့် သက်သာချောင်ချိရေးသက်သက်အတွက်
 ရွေးချယ်ဝတ်ဆင်သော အ၀တ်အစားမျိုးများဖြစ်ပါသည်။ မိမိကိုယ်ကို လှပရန်၊ ပရန်
 ရှစ်တန်းလောက်ရှိ၍ အများအားဖြင့် စက်ရုံအလုပ်ရုံတို့တွင် ကာယဗလစွမ်းအားဖြင့်
 အလုပ်လုပ်ကိုင် စားသောက်ပါသည်။ ဘာသာရေးကျမ်းစာများကို လေ့လာဖတ်ရှုခြင်းဖြင့်
 လူမှုရေးကိစ္စများတွင် များစွာစိတ်ဝင်စားပါသည်။ အပေါင်းအဖေါ်များ မထားဘဲ
 တစ်ကိုယ်တည်းသာ နေလေ့ရှိ၏၊ သူမ၏မိသားစုတွင် သူမနှင့် ဘာသာရေး သဘော
 ထားတူသူ တစ်ယောက်တစ်လေမျှ မရှိပါ။ သူမ၏ဘ၀တစ်လျောက်တွင် ပြောပလောက်
 သော ချစ်ခန်း၊ ကြိုက်ခန်း ဆန်းဆန်းကြယ်ကြယ်မရှိခဲ့ပါ။ စိတ္တဗေဒနည်းအားဖြင့်
 လည်းကောင်း၊ အမျိုးသမီးသည် ယောက်ျားရှာခေါ် ယောက်ျားစိတ်သဘောများ
 ပေါက်နေသော မိန်းမတစ်ယောက်ဖြစ်ပါသည်။ သူမနေပုံထိုင်ပုံမှာ မိန်းမတို့နေပုံထိုင်ပုံမျိုး
 နှင့် လုံးလုံးမတူပါ။ မိမိကိုယ်ကို လှလှပပ ၀တ်စားဆင်ယင်၍ ယောက်ျားများကို
 ဆွဲဆောင်ရန် လုံးဝစိတ်ကူးမည် အဟုတ်ပါ။ စိတ္တဗေဒရှုထောင့်မှကြည့်လျှင် သူမ၏
 နေပုံထိုင်ပုံသည် အလွန်စိတ်ဝင်စားစရာကောင်းပါသည်။ သို့သော် စိတ္တဗေဒနည်းဖြင့်
 အဖြေ အပြည့်အစုံရှာရမည် အထင်ပါ။ အကယ်၍ သူမသည် သာမန်မျိုးရိုးဗီဇနှင့်
 ပတ်ဝန်းကျင်တို့ကို အကြောင်းခံပြီး မွေးဖွားလာရလျှင် အဘယ့်ကြောင့် ယောက်ျားစိတ်
 ပေါက်သွားရသနည်းဟုမေးသော်၊ အဖြေကို အတိတ်ဘ၀ဖြစ်ရပ်တွင် ရှာရပါမည်။
 ပဌမ အတိတ်ဘ၀၍ သူမသည် ဂျွန်ဘတ်ပတစ်နှင့် ဆွေနည်းမျိုးစပ်တော်သည် ဖြစ်၍
 ဘာသာရေး စိတ်ဓါတ်ထက်သန်ပါသည်။ အရင့်အရင် အတိတ်ဘ၀တစ်ခု၌ သူမ
 သည် ယောက်ျားအဖြစ် မွေးဖွားလာပြီး ပါလက်စတိုင်းတွင်သစ်နှင့် သတ္တုလုပ်ငန်းတို့၌
 အလုပ်သမားတစ်ဦးဖြစ်ပါသည်။ သည့်အရင် အတိတ်ဘ၀တစ်ခု၌ အတ္တလန္တိတ်တိုက်
 တွင် အထက်တန်းစား အမျိုးသမီးတစ်ဦးဖြစ်ခဲ့ရာ အချစ်ပြဿနာဝင်မွှေသဖြင့် စိတ်ဒုက္ခ
  အကြီးအကျယ်ရောက်ခဲ့၏။
      နောက်ဖြစ်ရပ်တစ်ခုသည်ကား ပဏ္ဍုတ်ဟုဆိုသော မိန်းမတစ်ဦး အကြောင်းဖြစ်
 ၏။ ကေစီးမှတ်တမ်းများတွင် အတိအကျ ဖေါ်ပြထားခြင်းမရှိသော်လည်း ပဏ္ဍုတ်
 ပြဿနာပေါ်ရသည်မှာ (၁) လိင်အင်္ဂါ မကြာသေးမှီကာလက ပြောင်းသွားခြင်း၊ (၂)
 အတိတ်ဘ၀က ဆန့်ကျင်ဘက်လိင်၏ ကြီးမားသော တန်ခိုးအာနိသင်တို့ကြောင့်
  ဆိုပါသည်။
      အဆိုပါအမျိုးသမီးသည် အင်္ဂလန်နိုင်ငံတွင် မွေးဖွား၍ ငယ်စဉ်ကပင် အမေရိကန်
 သို့ရောက်လာ၏။ ကေစီးသည် သူမအတွက် ဟောကိန်းထုတ်စဉ် သူမသည်
 အမေရိကန်မြို့ကြီးတစ်မြို့တွင် သုခမိန်ပညာရှင်ကြီးတစ်ဦးဖြစ်နေ၏။ သူမ၏
 ရုပ်ရည်ရူပကာယနှင့် အမူအရာတို့မှာ ယောက်ျားရုပ်ရည်၊ ယောက်ျားအမူအရာ
 အတိုင်းဖြစ်နေပါသည်။ သူမ၏ အ၀တ်တန်ဆာတို့သည် ယောက်ျားဆန်လှပါသည်။
 သူမ၏ ဆံပင်သည်လည်း တိုတိုညှပ်ထားပါသည်။ သူမကို ပဏ္ဍုတ်ဟု မိတ်ဆွေ
 သူငယ်ချင်းများက သမုတ်ကြသည့်အကြောင်းမှာ၊ (၁) အထက်ဖေါ်ပြပါ သူမ၏
 ထူးခြားသည့် လက္ခဏာအမူအရာများ။ (၂) သူမနှင့် နှစ်ပေါင်းများစွာ မကွဲမကွာ
 အတူနေသည့် ရုပ်ရည်ရူပကာယနှင့်တကွ အမူအရာစရိုက်ပါ အလွန် မိန်းမပီသလှသော
 အမျိုးသမီးတစ်ဦး တို့ပင်တည်း။ သူမနှင့် အဆိုပါ အမျိုးသမီးတို့သည် တစ်ဦးနှင့်တစ်ဦး
 ခွဲမရလောက်အောင် ပဏ္ဍုတ်ဆန်သည့် ရင်းနှီးမှုမျိုးဖြင့် ဆက်ဆံနေကြ၏။
       သူမမှာ အတိတ်ဘ၀နှစ်ဘ၀ရှိသည့်အနက် ဒုတိယအတိတ်ဘ၀သည်၊ အင်္ဂလန်
 ပြည်၌ ဖြစ်၏။ ဘာသာရေးစစ်ပွဲများ၊ တိုက်ခိုက်နေစဉ်ဖြစ်၍၊ ယောက်ျားများ
 စစ်ပွဲရှေ့တန်းသို့ရောက်ရှိနေစဉ် မိန်းမသားများသည် မိမိတို့စားဝတ်နေရေးအတွက်
 မိမိတို့ကိုယ်တိုင် အင်တိုက်အားတိုက် လုပ်ကိုင်စားသောက်နေကြရ၏။ သူမသည်လည်း
 အများနည်းတူ ကိုယ့်ဒူးကိုယ်ချွန်ရာတွင်  မိန်းမအင်အားနှင့် မလိုက်အောင် အင်တိုက်
 အားတိုက် လုပ်ကိုင်ခဲ့၏။ ထိုကာလကစ၍ သူမ၏ စိတ်ဓါတ်သည် ယောက်ျားများကဲ့သို့
 တက်ကြွပြင်းထန်လာ၏။
      ဒုတိယအတိတ်ဘ၀ ဘာသာရေး စစ်ပွဲအပြီးတွင် သူမသည် ယောက်ျားစိတ်
 ပြင်းထန်လာရင်း သေဆုံးသွားရာ နောင်ဘ၀တွင် ယောက်ျားဖြစ်လာ၏။ အင်္ဂလန်တွင်
 မွေးဖွားပြီး နူးကာဆယ်(၁) နှင့်အတူ ဂွန်စမစ်(၂) မရောက်မီ အမေရိကန်သို့ရောက်လာ
 ၏။ သူမ၏အမည်မှာ ဂျိမ်းကုမာနာန(၃) ဖြစ်၏။ အရှေ့ဘက်ကမ်းရိုးတမ်းပြည်နယ်များ
 တစ်လျှောက် လှည့်လည်ကျက်စားလေ့ရှိ၏။ နောက်၌ အတွင်းဘက် ပြည်နယ်များသို့
 အခြားသိုက်တူး သမားများနှင့် လိုက်သွားလေ့ရှိ၏။ ထိုအခါ သူမ၏ကိုယ်သည်
 မိန်းမဖြစ်၍ စိတ်ဓါတ်သည် ယောက်ျားဖြစ်နေ၏။ အမှန်အားဖြင့်တော့ သူမ၏ကိုယ်သည်
 ပင် ယောက်ျားနှင့်တူ၏၊ အမှန်ပင် ပဏ္ဍုတ်ဖြစ်လျှင် စိတ်ဝင်စားစရာပင် ဖြစ်သည်။
  မဖြစ်လျှင်လည်း စိတ္တဗေဒအားဖြင့် တန်ဖိုးများ၏။
      ယောက်ျားစိတ်ပေါက်သော မိန်းမများသည် အတိတ်ဘ၀များ၌ ယောက်ျားဖြစ်ခဲ့ဖူး
 ကြသည့် အကြောင်းကို ကေစီးမှတ်တမ်းများတွင် မြောက်မြားစွာ တွေ့မြင်ရပါသည်။
 အတိတ်ဘ၀၌ ယောက်ျားဖြစ်ခဲ့လျှင် လက်ရှိဘ၀တွင် ယောက်ျားအမူအရာ စရိုက်ရှိနေသော
 မိန်းမများသည် အိမ်ထောင်မပြုဘဲ နေကြသည်မဟုတ်သော်လည်း သားသမီးရဖို့ရန်
 ခဲယဉ်း၏။ ဤကဲ့သို့ သားသမီးမရသော မိန်းမများအား ၎င်းတို့သည် မကြာသေးသော
  ကာလမှ လိင်ပြောင်းသူများဟု ကေစီးဟောကိန်းများက အဆိုရှိပါသည်။
       ကံတရားအရင်းခံသည့် အိမ်ထောင်ရေးကိစ္စအတော်များများကို ကေစီးဟောကိန်း
 မှတ်တမ်းများတွင် ဖေါ်ပြထားပါသည်။
       အမျိုးသမီးတစ်ဦးသည် အလွန်တရာ ချောမွေ့လှပါသည်။ အသက် ၂၃
 နှစ်အရွယ်၌ လုပ်ငန်းရှင်ကြီးတစ်ဦးနှင့် လက်ထပ်ပါသည်။ အသက် ၄၁ နှစ်အရွယ်တွင်
 ကေစီးထံမှ ၎င်း၏ ဘ၀ဟောကိန်းရသော အချိန်၌ပင် လူမြင်တိုင်း ငေးလောက်အောင်လှ
 ပါသေး၏။ အဆိုပါယောက်ျားနှင့် လက်ထပ်ပြီးနောက် ၁၈ နှစ်ကာအတွင်း
 သူမသည် အလွန် စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ရ၏။ သူမ၏လင်ယောက်ျားသည်
 သူမနှင့် ကာမဆက်ဆံမှုကို လုံးလုံးမဖြစ်နိုင်တော့ပါ။ အလိုဆန္ဒနည်း၍ လိင်ကိစ္စအားနည်း
 သော မိန်းမများအတွက်မူကား ဤကိစ္စသည်အကြောင်းမဟုတ်သော်ငြားလည်း
 သူမအတွက်မှာမူကား သူမသည်ကာမဂုဏ်အာရုံကို လိုလား၏။ တပ်မက်ချစ်ခင်တတ်၏။
 အလွန်ဝမ်းနည်းစရာကောင်း၏။ လင်မယား ကွာရှင်းလိုက်လျှင် ကိစ္စငြိမ်းသွားမည်
 မှန်သော်လည်း သူမသည် လင်ယောက်ျားကို ချစ်ခင်မြတ်နိုးခြင်းကြောင့် လင်ဖြစ်သူ
 စိတ်ဒုက္ခရောက်မည့်လမ်းစဉ်ကို လိုက်ရန်မဖြစ်နိုင်။ ကနဦးအစက ပထမနှစ်အနည်းငယ်
 အတွင်း၌ သူမသည် အခြားယောက်ျားများနှင့် တရားလက်လွတ်အမျိုးမျိုးပေါင်းသင်း
 ဆက်ဆံခဲ့ရာ၌ မိမိ၏လင်ယောက်ျားအပေါ် သစ္စာမဲ့သောကြောင့်မဟုတ်။ မိမိ၏
 ကိုယ်စိတ်နှစ်ပါး သက်သာရာသက်သာကြောင်း သက်သက်သာဖြစ်၏။ ဤမကောင်းမှု
 အကျင့်များကို ဘာသာတရား လေ့လာခြင်းအားဖြင့်လည်းကောင်း၊ ကမ္မဋ္ဌာန်း
 ဘာဝနာ ပွားများခြင်းအားဖြင့်လည်းကောင်း တဖြည်းဖြည်းဖြတ်လိုက်တော့၏။ ဤကဲ့သို့
 ဘ၀ခရီးစဉ်ကို လျောက်လာရင်း ၁၈နှစ်အကြာ ရှိလာသောအခါ အကျပ်အတည်းတစ်ခု
 ပေါ်လာ၏။ ငယ်စဉ်က သူမအား ပိုးပန်းနေသူတစ်ဦးသည် သူမထံပြန်လည်လာ၏။
 ဤကိစ္စနှင့် ပတ်သတ်၍ ကေစီးထံသို့ပေးသောစာတွင် ဖေါ်ပြထားသည်မှာ ကျွန်မကို
 တွေ့သည်နှင့် တစ်ပြိုင်နက် သူဟာ မီးဟုန်းဟုန်းတောက်တော့တာပါပဲ။ ကျွန်မလည်း
 သူ့ကို လက်ခံလိုက်ပါတယ်။ ကျွန်မတို့ လွတ်မြောက်ဖို့ကြိုးစားနေပါတယ်။ သို့သော်လည်း
 ကျွန်မ၏ ကျန်းမာရေးဟာ ဘာသာရေးမလေ့လာမီ၊ ကမ္မဋ္ဌာန်းတရား အားမထုတ်မှီက
 ကဲ့သို့ ကျဆင်းနေသည်ကို တွေ့ရပါသည်။ သူ့မှာ မိန်းမမရှိဘူးဆိုလျှင်တော့ ကျွန်မသည်
 သူနှင့် သံဝါသပြုမိမှာပါပဲ။ ကျွန်မ၏လင်ယောက်ျားကိုတော့ ရှင်သိသည့်အတိုင်းပဲ
 အကြောင်းအမျိုးမျိုးကြောင့် မဖြစ်နိုင်ပါ။ ကျွန်မယောက်ျားသည် သူတော်ကောင်းစိတ်ကို
 မွေးမြူနေသူ ဖြစ်ပါသည်။ ဒီလူကို ကျွန်မလိုလားနေသည်မှာ ကျွန်မသူ့ကို ချစ်ကြိုက်လို့
 ဟုတ်ချင်မှ ဟုတ်မည်။ ကျွန်မ၏ အိမ်ထောင်ရေးအခြေအနေကြောင့် ဖြစ်ကောင်းဖြစ်
 မည်၊ သူသည် လူကောင်းတစ်ယောက်တော့မှန်ပါသည်။ သူသည် ကျွန်မကိုငယ်ငယ်က
 စ၍ ချစ်ကြိုက်နေပါသည်။ ကျွန်မကတော့မသိပါ။ (သူ့အမေကပြော၍ နောက်တော့မှ
 သိရပါသည်) သူသည် မိန်းမတစ်ယောက်ကို ကောင်းစွာလုပ်ကျွေးနိုင်သည့် အခြေအနေ
 မရောက်မချင်း ကျွန်မကို ပြောမပြပါ။ သူပြောပြတော့ အလွန်အချိန်နောက်ကျသွားပါပြီ။
 ကျွန်မသည် ထိုအခါ၌ ကျွန်မ၏ လင်ယောက်ျားနှင့်လက်ထပ်ဖို့ရန် အိမ်သို့
 ပြန်ရောက်လာခြင်းဖြစ်ပါသည်။ ကျွန်မကို ဒုက္ခပေးနေသည့် အကုသိုလ်ကံအကြောင်း
 တရားတွေသည် ကျွန်မတို့သုံးဦးစလုံးကို ကပ်၍ နှိပ်စက်သည်ဟု ဆိုရပါမည်။
 တစ်ခါတစ်ရံ ကျွန်မသည် သူ့ကိုရင်းရင်းနှီးနှီးတွေ့ဆုံးပါသည်။ ထိုကဲ့သို့ တွေ့ပေးခြင်းဖြင့်
 သူ့ဆန္ဒ အာသာပြေဖို့ပင်ဖြစ်ပါ၏၊ နောက်ပိုင်းတွင် သူနှင့်ကျွန်မ ဖြတ်လိုက်ပါသည်။
 သူ့မှာ ဇနီးလက်ရှိဆိုတော့ ကျွန်မ၊ မယားငယ်အဖြစ်မခံနိုင်ပါ။ သူ့ဇနီးသည်ကို
 ကျွန်မသိပါသည်။ ချစ်လည်းချစ်ခင်ပါသည်။ သူမကို အနှောင့်အယှက်မပေးလိုပါ။
 လူမှုရေးနှင့်လည်း ဆန့်ကျင်ဘက်ဖြစ်ပါသည်၊ ကျွန်မ မည်သူ့ကိုမျှ ဒုက္ခမပေးလိုပါ။
 ယင်းအမျိုးသမီးအား သူ့လင် ယောက်ျားက မစုံမက် မနှစ်သက်ဟု ကျွန်မထင်ရန်
 အကြောင်းမရှိပါ။ သူမသည် လင်ယောက်ျားအား ကျီဇယ်ခြင်းအားဖြင့်လည်းကောင်း၊
 ပူဆာခြင်းအားဖြင့် ၎င်းလိုတာကိုရနိုင်ပါ၏။ သူမသည် လင်ယောက်ျားအား လူရှေ့မရှောင်
 သူရှေ့မရှောင် ရှုတ်ချတတ်ပါသည်။ သို့သော်လည်း သူမမှာ အခြားကောင်းသည့်
 အရည်အချင်းတွေလည်း အများကြီးရှိပါသည်။ သူမမှာ ကလေးမရနိုင်ပါ။ ကျွန်မသည်
 ယခုရောဂါဝေဒနာနှင့် ပတ်သတ်၍ (ကေစီးထံမှ) အကူအညီတောင်းသည်ကို ကျွန်မ၏
  လင်ယောက်ျားသိရှိပါသည်။
       ယင်းအဖြစ်အပျက်လေးများသည် အတော်ကဆန်းကျယ်သည်မှာ အမှန်ပါပဲ။
 ကေစီး၏ ဟောကိန်းအရ၊ ၎င်းတို့နှစ်ဦးသည်(လင်နှင့်မယားသည်) အတိတ်အမှား
 ကြောင့် ယခု လက်ရှိဘ၀၌ ထိုက်သင့်သည့်အပြစ်ကို ခံနေရသည်ဟု သိရပါသည်။
 အတိတ်နှစ်ဘ၀ ပြင်သစ်ပြည် ဘာသာရေးစစ်ပွဲများဖြစ်နေစဉ် ဇနီးဖြစ်သူ၏
 အမည်မှာ ဆူဇန်မာစီလီယူးဖြစ်၍ လင်ယောက်ျားမှာ ယခုလက်ရှိဘ၀ လင်ယောက်ျားပင်
 ဖြစ်ပါသည်။ လင်ဖြစ်သူ မွန်ရှိယာမာစီလီယူးသည် ထိုစဉ်အခါ၌ တစ်ခြားသော သူရဲ
 ကောင်းယောက်ျားများကဲ့သို့ ဘာသာရေးအတွက် အသက်စွန့်ကာ တိုက်ပွဲဝင်နေသူ
 တစ်ဦးဖြစ်၏။ အခြားသောတရားကို စိတ်အားထက်သန်စွာ လေးစားသူများကဲ့သို့
 မွန်ရှီယာမာစီလီယူးသည် ၎င်း၏ဘ၀ပြဿနာကို ကိုးကွယ်သည့် ဘာသာတရားနှင့်
 တခြားစီ ကန့်သတ်ထားရှိ၏။ သူ့အတွက်မှာမူ မိမိဘုရားသခင်၏ ဂူသင်္ချိုင်းကို
 မိစ္ဆာဒိဋ္ဌိတို့လက်မှ ပြန်လည်သိမ်းပိုက်ရေးသည် အကြီးဆုံးအရေးဖြစ်၏။ ဘုရားသခင်
 ၏ အလိုတော်အတိုင်း မိမိ၏ သားမယားကို ချစ်ခင်မြတ်နိုးစွာ ပေါင်းသင်းလုပ်ကျွေးရ
 မည်ဆိုသည်ကို သူနှလုံးမသွင်းမိချေ။ ထို့ကြောင့်သူသည် ခရစ်ယာန်ဘာသာကို ဒိဋ္ဌိတို့၏
 ဘေးမှ ကယ်တင်ရန် နေအိမ်မှ မထွက်ခွာမီ၊ ၎င်း၏ဇနီးသည် သူအိမ်တွင်မရှိခိုက်
 အခြားယောက်ျားများနှင့် ဖေါက်လွဲဖေါက်ပြန်မလုပ်နိုင်စေရန် သူမ၏ကာမကို လုံခြုံစွာ
 သိမ်းဆည်းထားခဲ့ဖို့လို၏။ တစ်ဆယ့်နှစ်ရာစု ဒုတိယပိုင်းလောက်က ဥရောပတိုက်တွင်
 ပေါ်ပေါက်ခဲ့သည့် ““ကာမခါးစည်း”” ခေါ် ခါးပတ်တန်ဆာတစ်မျိုး ရှိပါသည်။  ၁၉၃၄
 ခုနှစ်လောက်က ပြင်သစ်ပြည်တွင် ပေါ်ပေါက်ခဲ့သည့် ၁၉၃၁ ခုနှစ်တွင် နယူးယောက်မြို့၌
 အဆိုပါပစ္စည်းတန်ဆာမျိုးကို အလိုမတူပဲ အတင်းအဓမ္မတပ်ဆင်ပေးခြင်းဖြင့် ပတ်သတ်
 ““ကာမခါးစည်း”” ဆိုသည်မှာ ကြေးပြားနှင့် သားရေပြား သို့မဟုတ် ကြေးပြားနှင့်
 ကတ္တီပါစတို့ကို ဆက်စပ်ပြီး သော့ခလောက်ခတ်ထားရသော ကိရိယာတန်ဆာ
 တစ်မျိုးဖြစ်ပါသည်။ ၎င်းကိရိယာတန်ဆာကို သက်ဆိုင်ရာအမျိုးသမီး၏ ကိုယ်နှင့်တန်ရုံ
 စီမံပြုလုပ်ထားရပါသည်။ ၎င်းကိရိယာကို အသုံးပြုခြင်းဖြင့် မွန်ရှီယာမာလီယူးသည်
 မိမိအိမ်တွင်မရှိခိုက် ဇနီးသည် မဒမ်မာစီလီယူးသည် အခြားမည်သည့်ယောက်ျားနှင့်မျှ
  မဖေါက်နိုင်တော့ဟု စိတ်ချယုံကြည်ရမည်ဆို၏။
        ကေစီးဟောကိန်း မှတ်တမ်းဖိုင်တွဲများတွင် ဤ ““ကာမခါးစည်း”” နှင့်ပတ်သတ်၍
 နောက်ထပ် ၀မ်းနည်းဖွယ်ရာ လင်မယားနှစ်ဦး၏ အိမ်ထောင်ရေးပြဿနာတစ်ရပ်ကို
  တွေ့ရှိရပါသေးသည်။
         ဤဖြစ်ရပ်တွင် ကံအကျိုးဝိပါက်သည် တစ်မျိုးဆန်းသည်ကို တွေ့ရပါသည်။
 ဇနီးဖြစ်သူ၏ ထွက်ဆိုချက်အရ၊ ယောက်ျားလုပ်သူသည် အလွန်သဘောကောင်း၍
 နားလည်မှု အပြည့်အ၀ရှိသော ပုဂိ္ဂုတ်တစ်ယောက်ဖြစ်ပါသည်။ အိမ်ထောင်သက် ရှစ်နှစ်
 ကြာသောအခါ အသက် ၃၂ နှစ်ရှ ဇနီးသည် လင်ယောက်ျားဖြစ်သူနှင့် ကာမရာဂ
 စပ်ယှက်ရန် အလွန်ကြောက်ရွံ့နေ၏။ ယင်းပြဿနာနှင့်ပင် အလွန် ဒုက္ခမီလောင်နေရ
 သည့် အတောအတွင်း ဇနီးဖြစ်သူသည် ပြဇာတ်မင်းသား မိတ်ဆွေတစ်ဦးနှင့် ချစ
 ကြိုက်နေပြန်ပါ၏။ ကာမရာ စက်ယှက်မှုနှင့် ပတ်သတ်၍ ပြဿနာပေါ်ရသည်မှာ
 ကတော့၊ အတိတ်ဘ၀က ဘာသာရေးစစ်ပွဲများဖြစ်စဉ် လင်ယောက်ျားဖြစ်သူသည်
 မယားဖြစ်သူအား ““ကာမခါးဆည်း”” ဖြင့်သော့ခတ် ချုပ်နှောင်ထားမှုကြောင့် ယခုဘ၀၌
 ဇနီးဖြစ်သူသည် မိမိနှင့် ကာမစပ်ယှက်ရမည်ကို အလွန်ကြောက်ရွံ့သည့် အကျိုးဒဏ်ကို
 ခံစားရသည်ဟု ကေစီးဟောကိန်းအရ သိရပါသည်။ ဇနီးဖြစ်သူ၏ အပြစ်မှာ
 ယောက်ျားအပေါ် မုန်းတီးခြင်းဖြစ်ပါသည်။ မုန်းတီးခြင်းသည် အနှောင်အဖွဲ့ကို ဖြစ်စေ
 ၏။ ကေစီးဟောကိန်း၌ ဆိုထားသည်မှာ ““အတိတ်ဘ၀ မုန်းတီးမှုကံကြောင့်
 ပစ္စုပ္ပန်မျက်မှောက် ဘ၀၌ သံသယနှင့် ကြောက်ရွံ့မှုများ ဖြစ်ရပါသည်။ အတိတ်၏
 အခြေခံအကြောင်းတရားတို့ကို မျက်မှောက်ပစ္စုပ္ပန်တွင် နားလည်မှုဖြင့် ရင်ဆိုင်ရပါမည်။
   သင့်ကို ခွင့်လွှတ်လျှင် သင်ကလည်းခွင့်လွှတ်ရပါမည်။
       ဇာတ်မင်းသားကို စုံမက်မြတ်နိုးသည့် အကြောင်းရင်းကံကတော့ အခြား
 အတိတ်ဘ၀ တစ်ခုဖြစ်ပါသည်။ ထိုခေတ်ထိုဘ၀တွင် သူတို့နှစ်ဦးသည် အင်ဒိုချိုင်းနား
 ပြည်တွင် သမီးရီးစားဖြစ်ကြပါသည်။ ဤအကြောင်းကံနှင့်ပတ်သက်၍ အဆိုပါ
 အမျိုးသမီးက ကေစီးအား ““ဒီကိစ္စကို ကျွန်မဘယ်လိုလုပ်ရမလဲ”” ဟု မေးရာ၊ ကေစီး
  ဟောကိန်းက ““မင်းသင့်သလိုသာ လုပ်လိုက်”” ဟု အဖြေပေးပါသည်။
       နောက်ပြဿနာတစ်ရပ်တွင် ကြောက်ရွံ့ထိတ်လန့်မှု၏ အကြောင်းကံသည်
 တစ်မျိုးတစ်ဖုံ ဖြစ်နေပါသည်။ ကိုယ်တိုင်ခံစားမှု ကာယိကဒုက္ခဆင်းရဲမှုသည်
 အလွန်ကြေကွဲ ၀မ်းနည်းစရာပင်ဖြစ်ပါ၏။ စိတ္တဗေဒနည်းအရဆိုလျှင်၊ ဤဖြစ်ရပ်သည်ကား၊
 ကံတရား၊ မိဘမျိုးရိုးဗဇနှင့် ပတ်ဝန်းကျင်သမ်္ပယုတ်တရားတို့ မည်သို့မည်ပုံ အချင်းချင်း
 အညမညသတ္တိဖြင့် ၀ိပါက်ပဋိသန္ဓေကျိုးဖြစ်စေသနည်းဆိုသည်ကို လေ့လာရန် အကောင်း
  ဆုံးပြဿနာ တစ်ရပ်ဖြစ်ပါသည်။
       အဆိုပါ အမျိုးသမီးမှ ကေစီးထံသို့ ၁၉၂၆ခုနှစ်အတွင်း ပေးပို့လိုက်သောစာတွင်
 ရေးသားထားသည်မှာ ကျွန်မသည် ရူးမတတ်ဖြစ်သွားပြီး မိမိကိုယ်ကိုမိမိ အဆုံးစီရင်ပစ်ရ
 မလောက်ဖြစ်သွားပါသည်။ ကျွန်မသည် ဤကမ္ဘာမြေပေါ်တွင် စိတ်ဒုက္ခအကြီးဆုံး
 ရောက်နေသည်သာမက၊ ဘိန်းဖြူလည်းစွဲနေပါသည်။ ကျွန်မ၏ ဘ၀တစ်လျောက်တွင်
 ကလေးခြောက်ယောက်မွေးပြီး အသက်ရှင်လျက် အသေကောင်ပမာဖြစ်နေသော
 မအေဖြစ်သူက ကလေး ကိုယ်ဝန်ဆောင်ရခြင်း၏ ဒုက္ခကိုကျွန်မအား ပြောပြဖူးသော
 ကြောင့် လွန်ခဲ့သည့် ၁၈ နှစ်က ကျွန်မ အိမ်ထောင်ကျသည်မှစ၍ ကိုယ်ဝန်ဆောင်ရ
 မည်ကို ကြောက်လန့်ပြီး ချစ်လှစွာသော လင်ယောက်ျားနားမကပ်ဝံ့အောင် ဖြစ်နေ
 ပါသည်။ ကျွန်မ ဘုရားသခင်ရှေ့မှောက်တွင်လည်း ဆုတောင်းပတ္ထနာပြုပါသည်။
 အမျိုးမျိုးကို စမ်းသပ်ခဲ့ပါသည်။ ဘာမျှ အရာမရောက်ပါ။ ကျွန်မအတွက် မျှော်လင့်ချက်
 ရှိသေးသည်ဟု ထင်ပါသလား။ ကျွန်မ ကလေးလိုချင်ပါသည်။ လင်ယောက်ျားကို
 လည်းချစ်ပါသည်။ သို့သော်လည်း ကာမရာဂစပ်ယှက်ရမည်ကို အလွန်ကြောက်ပါသည်။
 ယခုပို၍ ဆိုးနေပါသည်။ ယခုအပတ်အတွင်း၌ပင် မိမိကိုယ်ကို မိမိသတ်သေဖို့ကြံ
  စည်နေရင်း သင်၏(ကေစီး၏) အကြောင်းကို သတင်းရရှိပါသည်။
       ကေစီးဟောကိန်းအရ၊ အဆိုပါ အမျိုးသမီး၏ဇာတ်လမ်းမှာ သူမ၏ အတိတ်
 နှစ်ဘ၀မှ စခဲ့သည်ဟုသိရ၏။ ပဌမဆုံးဘ၀၌ သူမသည် ပြင်သစ်ပြည် မင်းမျိုးမင်းနွယ်
 ကိုယ်ကျိုးရှာ အချည်းနှီး ရုပ်ဝါဒီအပျော်လိုက် နန်းတော်သူတစ်ဦး ဖြစ်ခဲ့၏။ သူမ၏
 ဘ၀သည် ကာမဂုဏ်တို့ဖြင့် ပျော်စရာကောင်းပါ၏၊ ယင်းဘ၀သည်ပင် နောက်တမလွန်
 ဘ၀သစ်အပူဇာတ်၏ အကြောင်းရင်းကံဖြစ်၏။ အဆိုပါ ဘ၀သစ်၌ သူမသည်
 အမေရိကန်ပြည်သို့ ဦးစွာ လာရောက်နေထိုင်သော ကလေးခြောက်ယောက် အမေဖြစ်
 ပါသည်။ ၎င်းကလေးခြောက်ယောက်စလုံး မီးလောင်သေဆုံးကြသည်မှာ သူမ၏
 မျက်စိအောက်တွင်ပင် ဖြစ်ပါသည်။ ထိုအခါမှစ၍ သူမသည် အမြဲဆိုသလိုပင် ထိတ်လန့်
 တုန်လှုပ်သည့်အပြင် အမျက်ဒေါသ မကြာခဏဖြစ်ကာ ဘုရားသခင်ကိုပင် သူမနှင့်
 ကလေးများကို အစောင့်အရှောက်ကောင်းစွာ မပေးကောင်းလားဆိုပြီး အယုံအကြည်မရှိ
  ဖြစ်နေသည်မှာ သေသည်အထိဖြစ်ပါသည်။
       ယင်းအတိတ်ဘ၀ အကြောင်းခံပြီး လက်ရှိဘ၀တွင် ကလေးမွေးရန် အလွန်ကြောက်
 ခြင်း၊ ၎င်းကြောက်လန့်ခြင်းနှင့်ပတ်သတ်၍ ဖြစ်ပေါ်သော အခြားကြောက်လန့်စရာ
 ပြဿနာများဖြစ်ပေါ်၏။ ကေစီးဟောကိန်းများအရ သိရှိရသည်ကား မိဘနှင့် သားတော်
 စပ်နှီးနွယ်ခြင်းသည် မတော်တဆဆုံစည်းမှုဟု အယူဆနိုင်ပါ။ သား (သန္ဓေသား) သည်
 အမိနှင့် သို့မဟုတ် အဖနှင့်သော်လည်း အတိတ်အကြောင်းကံဆက်ရှိပါသည်။ မိဘနှစ်ပါး
 စလုံးနှင့် သား(သန္ဓေသား)တို့ အတိတ်အကြောင်းကံဆက်မရှိသည့် အနည်းငယ်သော
 ဖြစ်ရပ်တို့တွင် သန္ဓေသား၏ ပဋိသန္ဓေဇောစိတ်နှင့် သဟဇာတဖြစ်သည့် ပတ်ဝန်းကျင်
 အခြေအနေကို မိဘနှစ်ပါးမျိုးရိုးဗီဇက ဖန်တီးပေးပါသည်။ ကေစီးဖိုင်တွဲများတွင် အချို့ကလေး
 များသည် အဖနှင့်သာ အတိတ်အကြောင်း ကံဆက်ရှိခဲ့၍ အချို့မှာ အမိနှင့်သာ အတိတ်
 အကြောင်းကံဆက် ရှိခဲ့သည်ကို တွေ့ရသည်၊ ဤဖြစ်ရပ်မျိုးတွင် သားနှင့်လက်ရှိဘ၀၌သာ
 ပဌမဦးဆုံးအနေဖြင့် ဆုံဆည်းသည့် အမိသို့မဟုတ် အဖသည် ရင်းရင်းနှီးနှီး တစ်ဦးအပေါ်
  တစ်ဦး ဂရုတစိုက်မရှိကြပါ။
     အောက်ပါဖြစ်ရပ်တို့သည် အတိတ်ကြောင်းကံဆက် ရှိခဲ့သည်ဟု ဆိုနိုင်သော
  မိဘနှင့် သားသမီးများဖြစ်ကြပါသည်။
    (၁)    အတိတ်က အမေနှင့်သား အချစ်မေတ္တာ အနှောင်အဖွဲ့ ရှိခဲ့သော အမေနှင့်သား။
    (၂)     အတိတ်ဘ၀၌ အစ်ကိုနှင့် ညီအဖြစ် ချစ်ခင်ရင်းနှီးခဲ့သည့် သားနှင့်အဖ။
    (၃)     တစ်ယောက်နှင့် တစ်ယောက် မတည့်ကြသော အမေနှင့် သမီးတို့မှာ အတိတ်က
           အကြောင်းကံဆက်မရှိ။
    (၄)     အတိတ်ဘ၀၌ တစ်ဦးတစ်ဦး သဘောထားချင်း မညီညွတ်ခဲ့သော
             ညီအစ်မနှစ်ဦးသည် ယခုဘ၀၌ မအေနှင့် အအေကို မလေးစားသော သမီးဖြစ်
          လာ၏။
    (၅)     အတိတ်ဘ၀တွင် လင်နှင့်မယားအဖြစ် ဆက်ဆံခဲ့သော ယောက်ျားနှင့်
            မိန်းမသည် လက်ရှိဘ၀၌ အဖေနှင့်သမီး ဖြစ်လာ၏။
    (၆)     အတိတ်ဘ၀တွင် ယောက်ျားတစ်ယောက်ကိုလည်းကောင်း၊ အခြေအနေ
             ကိုသော်လည်းကောင်း၊ ယှဉ်ပြိုင်လုယက်ခဲ့သော အမျိုးသမီးနှစ်ဦးသည် ယခု
            ဘ၀တွင် မသင့်မြတ်သော မအေနှင့်သမီး ဖြစ်လာ၏။
    (၇)     အတိတ်ဘ၀တွင် မအေနှင့်သမီးဖြစ်ခဲ့သူတို့သည် ယခုဘ၀တွင် မအေကို
           နိုင်ချင်သည့် သားနှင့်မအေ ဖြစ်လာ၏။
     အထက်ပါဖြစ်ရပ်ကို ကြည့်လျှင် သားသမီးနှင့် မိဘဆုံဆည်းမှုအတွက် မူရင်း
   သဘောတရား မြောက်မြားစွာ ရှိကြောင်းသိရပါသည်။
      ၎င်းတို့အပြင်၊ ကေစီးမှတ်တမ်းများမှ သိရသည့် အခြားပြဿနာသည်ကား-
      (၁) ဆိုးလ်ခေါ်ဝိဉာဉ်(ပဋိသန္ဓေစိတ်) ခန္ဓာကိုယ်အတွင်းသို့ သန္ဓေသားမဖွားမီ
 တွယ်နိုင်ခြင်း၊ (၂) သန္ဓေသား ဖွားပြီးခါစတွယ်နိုင်ခြင်း၊ (၃) သန္ဓေသားဖွားဆဲတွင်
  တွယ်နိုင်ခြင်း စသည်တို့ ဖြစ်ပါသည်။
      သန္ဓေသားဖွားမြင်ပြီး ၂၄ နာရီအတွင်းတွင်လည်း ၀ိဉာဉ်သည်(ပဋိသန္ဓေစိတ်)
 ခန္ဓာကိုယ်တွင်းသို့ တွယ်နိုင်ပါသည်။ အချို့အလားတူ ကိစ္စမျိုးတွင် သန္ဓေတွယ်မည့်
   ဆိုးလ်ဝိဉာဉ်(သန္ဓေစိတ်)သည် မမျှော်လင့်ပဲ ကပ်၍ ချုပ်သွားပါသည်။
      ခန္ဓာကိုယ်သည် သက်ဆိုင်ရာဆိုးလ်ခေါ် ၀ိဉာဉ်(ပဋိသန္ဓေစိတ်) မရှိပဲ ရပ်တည်
 နိုင်သည်ဟု ယူဆချက်သည် အခြေခံဇာတိပဋိသန္ဓေ ဘ၀ကူးဘ၀ပြောင်း သဘောတရား
 ရေးရာအရ ယုတ္တိမရှိဟု ရုတ်တရက်အားဖြင့် ဆိုရမည်ဖြစ်သော်လည်း ဘုရားသခင်၏
 အဆုံးအမကို တသွေမတိမ်း လိုက်နာသော ဘာသာရေးသမားများက ခန္ဓာကိုယ်ကို
   ဆိုးလ်ဝိဉာဉ်မှီရာယာဉ်ဟု သမုတ်ထားပါသည်။
       တစ်ခါတစ်ပါး၌ လူတစ်ယောက်သည် ကေစီးအား ၀ိဉာဉ်မတွယ်မီ ခန္ဓာကိုယ်
 ရုပ်ကလာပ်ကို မည်သည့်အရာက ထိန်းသိမ်းစောင့်ရှောက်ထားပါသနည်းဟု မေးခွန်း
 ထုတ်ရာ ကေစီးက( Spirit )(စပစ်ရစ်) ရုပ်သက်(၀ါ) ထာဝရဘုရားပေးသော
 ရုပ်သက်ဟု မရှင်းမလင်း အဖြေပေးပါသည်။(ရုပ်ဇီဝိတိနြေ္ဒဟု ဘာသာပြန်လျှင်ပို၍
   သင့်လျော်မည်ထင်ပါသည် -စာရေးသူ)။
        ဇာတိပဋိသန္ဓေ ဘ၀ကူးဘ၀ပြောင်း၊ ကံတရား စသည်တို့အကြောင်းနှင့် ပတ်သတ်
 ၍ အများလူတို့ မေးလေ့မေးထရှိသော မေးခွန်းတစ်ခုသည်ကား ““မိဘမျိုးရိုးဗီဇဆိုသည်မှာ
 ဘာလဲ”” ဗီဇနှင့်ကံတရားသည် ဆန့်ကျင်ဘက်တရားများဖြစ်သည်ဟု ယူဆထား
 ကြပါသည်။ အမှန်တကယ် ဆန့်ကျင်ဘက်မဟုတ်ပါ။ ဤကိစ္စနှင့် ပတ်သတ်၍ ကေစီး
 ဟောကိန်းသည် အလွန်မှတ်သားစရာကောင်းသည့် ဥဒါဟရုဏ်ဆောင်ချက် တစ်ခုကို
 ထုတ်ဖေါ်ပြပါသည်။ အဆိုပါ ဟောကိန်း ဆုံးခါနီး၌ လူတစ်ယောက်က ““ကျွန်ုပ်သည်
 အဖေဘက် မျိုးရိုးအလိုက် များပါသလား အမေဘက် မျိုးရိုးအလိုက်များပါသလား””
 ဟုမေး၏။ အဖြေမှာ- ““သင်အများဆုံး မျိုးရိုးလိုက်သည်မှာ သင့်ဘက်ကပင်ဖြစ်၏။
  မိဘမျိုးရိုးသည်ကား ၀ိညာဉ်(ဆိုးလ်) စီးဆင်းရာမြစ်တစ်ခုသာ ဖြစ်၏””
       ကံတရားနှင့် ပတ်သတ်၍ စဉ်းစားရန်အချက်တစ်ချက်ရှိပါသေးသည်။ ၎င်းသည်
 ကိုယ်ကျင့်တရားတွင် သက်ဝင်ပါသည်။ အခန်း ၄-တွင် တင်ပြခဲ့သည့် မျက်မမြင်
 တယောသမားသည် အတိတ်ဘ၀က ပါရှားလူရိုင်းမျိုး၌ဖြစ်စဉ် အခြားလူများ၏
 မျက်စိကို သံချွန်ပူဖြင့်ထိုးဖေါက်ခဲ့သည့် အကုသိုလ်ကံကြောင့် ယခုဘ၀တွင် မျက်စိကွယ်
 ပါသည်။ ဤကိစ္စနှင့် ပတ်သတ်၍ အောက်ပါမေးခွန်းများကို မေးဖို့လည်း သင့်ပါသည်။
       လူတစ်ယောက်သည် ထုံးစံဓလေ့အတိုင်း မကောင်းမှုကိုပြုလုပ်သည့်အတွက် အဘယ်
 ကြောင့် ကိုယ်ကျင့်တရားပျက်သည် ဆိုရပါသနည်း။ လူမှုရေးကိစ္စအတွက် သက်သက်
 ဆောင်ရွက်ရသောသူအား အဘယ်ကြောင့်အပြစ်ပေးရပါသနည်း၊ ပြင်သစ်ပြည်တွင်
 သေဒဏ်ပေးခံရသော တရားခံများ၏ ဦးခေါင်းကို ဖြတ်သည့် ခေါင်းဖြတ်စက်မောင်းသူ
 အမှုထမ်းသည်လည်းကောင်း၊ အမေရိကန်ပြည် ဆင်းဆင်းထောင်ကြီးတွင် တရားခံများ
 ကို လျှပ်စစ်ဓါတ်အားဖြင့် သေဒဏ်ပေးရသူ အမှုထမ်းသည်လည်းကောင်း၊ တိုင်းပြည်၏
 တရားဥပဒေအရ တာဝန်ကို ထမ်းဆောင်ခဲ့သည့် ကံအကြောင်းကြောင့် နောင်တမလွန်
 ဘ၀တစ်ခုခုတွင် မကောင်းကျိုးအပြစ်ဒဏ်ခံရမည်လော။ ဤမေးခွန်း၏အဖြေမှာ
 အပြစ်မရှိဟုဆိုလျှင် အထက်တွင်ဖေါ်ပြခဲ့သည့် ပါရှားလူရိုင်းသည် လည်း ရန်သူ
 လူရိုင်းများ၏ မျက်စိကိုဖေါက်ခဲ့သည့် အကုသိုလ်မကောင်းမှုကံကြောင့် ယခုဘ၀တွင်
 မိမိမျက်စိကန်းရသည့် မကောင်းကျိုးအပြစ်ဒဏ်ကို မခံထိုက်ပါ။ ဤကိစ္စနှင့်
 ပတ်သတ်၍ အခန်း ၁၁-တွင် အဖြေတစ်ပိုင်းတစ်ဆ ပေးထားပြီးဖြစ်ပါသည်။၊ ဆိုလို
 သည်မှာ ပြုလုပ်မှုကံသည် ပဓာနမဟုတ်ပါ။ ကံကိုစေ့ဆော်တိုက်တွန်းသည့် စေတနာ
 သာလျှင် ပဓာနဖြစ်ပါသည်။ သညာသည် ပဓါနမဟုတ်၊ ၀ိညာဉ်သာ ပဓါနဖြစ်ပါ
  ပါသည်။ ပုံသဏ္ဍာန်သည် အရာမဟုတ်။ အထည်ကိုသာ အရာဟုတ်၏။
       ကာဒေသထုံးစံအရ ဖြစ်ပေါ်သော လူမှုရေးရာ အကုသိုလ်ကံများလည်း
 ရှိပါသည်။ ဆိုလိုသည်မှာ လူ့အဖွဲ့အစည်း အဆောက်အဦတစ်ခု၏ ဓလေ့ထုံးတမ်း
 စဉ်လာများသည် အကုသိုလ်မှုများဖြစ်လျှင် အဆိုပါအဖွဲ့အစည်းတွင် ပါဝင်သူတိုင်းလိုလို
  ပင် အနည်းနှင့်အများဆိုသလို အပြစ်ခံရပါမည်။
      ပရမတ္ထသစ္စာ ကိုယ်ကျင့်တရားအရ သက်ရှိလူသားတိုင်းကို ကျွန်ပြုခြင်း၊ သို့မဟုတ်
 သတ်ဖြတ်ခြင်း၊ သို့မဟုတ် ကျိုးကန်းစေခြင်း၊ စသည်တို့သည် မကောင်းမှု အကုသိုလ်
 ဖြစ်သည်ဟုဆိုလျှင် အဆိုပါအဖွဲ့ဝင်များအားလုံး အပြစ်ရှိပါသည်။ ဘေးက အားပေးအား
 မြှောကက်လုပ်သူ အဖြစ်သော်လည်းကောင်း၊ တိုက်ရိုက်ကျူးလွန်သူအဖြစ်သော်
 လည်ကောင်း၊ အားလုံး အနည်းနှင့်အများဆိုသလို အပြစ်ရှိပါသည်။ အကယ်၍
 အဆိုပါ ဓလေ့ထုံးစံသည် မမှန်ကန်ကြောင်းသိလျှင် ဆက်လက်ကျူးလွန်နေပါလျှင်
 အပြစ်ပို၍ ကြီးပါသည်။ လူများကို စစ်သုံ့ပန်းများဟု အကြောင်းပြရုံဖြင့် မျက်စိ
 ထိုးဖေါက်၍ ဖျက်ဆီးလိုက်ခြင်းသည် အလွန်ကြမ်းကြုတ်ရက်စက်သည့် အမှုကိစ္စ
 ဖြစ်ပါသည်။ လူများ၏ မျက်စိကို ထိုးဖေါက်ရသည့်လူက ယင်းအမှုကို တာဝန်အရသာ
 လုပ်ရသည်။ အထက်လူကြီးများ အမိန့်အတိုင်းသာ လုပ်ရသည်။ မိမိကိုယ်တိုင် ၎င်း
 ကြမ်းကြုတ်ရက်စက်သည့် အမှုကိုမကျူးလွန်လိုပါဟု ဆိုလျှင်၊ အကုသိုလ် ကမ္မပထ
 မမြောက်၍ အပြစ်မရှိပါ။ အကယ်၍ သူကိုယ်တိုင်က မိမိတာဝန်ကို ဆောင်ရွက်ရာတွင်
 ရက်စက်ကြမ်းကြုတ်စိတ်ထားဖြင့် ရက်စက်ကြမ်းကြုတ်သည့် ဓလေ့ထုံးစံ နှင့်လျော်ညီစွာ
 အားရပါးရ ကျင့်ကြံလုပ်ကိုင်ပါလျှင် အကုသိုလ်ကမ္မပထမြောက်၍ အပြစ်ရှိပါသည်။
 ဤပြဿနာရပ်ကို ဟင်ဒူကျမ်းဘဂ၀ါဂီတတွင် အထူးတလည် သုံးသပ်ဝေဖန်ထားပါ
 သည်။ ၎င်း၏ အဓိကသင်ခန်းစာသည်ကား၊ အတ္တစွဲကင်းစွာ ကံအမှုကိုပြုလုပ်သော်
 ကမ္မပထမမြောက်၍၊ ၀ိပါက်ကောင်းကျိုးဆိုးကျိုးမဖြစ်နိုင်ပါ။ အချစ်ကိစ္စတွင်ပင်၊
 အတ္တစွဲကင်းသည့်အချစ်၊ သက်္ကာယကင်းသည့်အချစ် ဖြစ်ရပါမည်။ သို့မဟုတ်ပါက
  ဘ၀နှောင်ကြိုးမပြတ်ပါ။
       ဗုဒ္ဓကျမ်းဂန်များအရ၊ မိမိ၏ ဘ၀ဟောင်းများကို ပြန်လည်မှတ်မိ သိရှိနိုင်ရန်
 သူတစ်ပါး၏ ဘ၀ဟောင်းများကို သိနိုင်မြင်နိုင်စေရန်၊ သက်ဆိုင်ရာ ပြဋ္ဌာန်းထားသည့်
 ကမ္မဋ္ဌာန်းဘာဝနားများကို လေ့လာအားထုတ်ရပါသည်။ ထိုသို့အားထုတ်ရာတွင်လည်း
 သက်ဆိုင်ရာ ဈာန၀ီထိစိတ်တို့ကို ပွါးယူရပါသည်။ ဤအကြောင်းများကို ဗုဒ္ဓပိဋက
 တော် များတွင်လည်းကောင်း၊ ရှင်ဗုဒ္ဓဃောသ၏ ၀ိသုဒ္ဓိမဂ်အဋ္ဌကထာတွင်လည်းကောင်း
 အကျယ်တ၀င့်ဖေါ်ပြထားပါသည်။ အတိတ်ဘ၀များတွင် ကမ္မဋ္ဌာန်းဘ၀နာများကို
 ပွားများ၍ ဇာတိပဋိသန္ဓေမချုပ်သေးစေကာမူ၊ လောကီဈာန်တစ်ပါးပါးကိုရလျှင်
 မဂ်ဖိုလ်နိဗ္ဗာန်၏ မျိုးစေ့ဖြစ်ပေသည်။ ဤကဲ့သို့ မဂ်ဖိုလ်လမ်းသို့မလိုက်ပဲ ဖြတ်လမ်း
 စိတ်ညှို့နည်းကိုသာ လိုက်သူများအတွက်မှာမူ၊ စိတ္တာနုပဿနာ သတိပဋ္ဌာန်တို့ကဲ့သို့
  ဘ၀ဟောင်းများကို မှတ်မိရုံသာ ရှိပါသည်။
ဆိုင်းဘာဘာနှင့် အသိထူး အမြင်ထူးများ
       အဂ္ဂကေစီကဲ့သို့ အံ့သြဖွယ်ကောင်းသော ပုဂိ္ဂုလ်တစ်ဦးလည်း ရှိပါသေးသည်။
 မကြာသေးမှီက၊ အိန္ဒိယအစရှိသည့် ကမ္ဘာသတင်းများအရ သိရသည်မှာ အိန္ဒိယနိုင်ငံ
 အင်ဒီရာပရာဒတ်ရှ်နယ်ဒေသတွင် အသက်(၅၁)နှစ်ရှိ ဘာသာရေးဆရာကြီး စကြာသီရိ
 ဆိုင်းဘာဘာဆိုသူသည် ယခုအခါ ဥရောပ၊ အမေရိကန်စသော အနောက်တိုင်းနိုင်ငံ
 ကြီးများနှင့်၊ အရှေ့တိုင်းနိုင်ငံ အသီးသီးတို့တွင် ရေပန်းစားနေသည့် စိတ်ဝိဉာဉ်ဆိုင်ရာ
 အလွန်ထူးဆန်းအံ့သြဖွယ်ကောင်းသော တန်ခိုးဣဒ္ဓိရှင်ကြီးတစ်ဦးအဖြစ် ရေးသားဖေါ်ပြ
 ထားသည်ကို အများပင် တွေ့မြင်ဖတ်ရှုကြရမည်။ အဆိုပါ စကြာသီရိဆိုင်းဘာဘာကို
 ဆည်းကပ်ကိုးကွယ်၍ နေကြသော တပည့်နောက်လိုက်တို့၏ ဦးရေမှာလည်း
 အတော်ကလေးများသည်ဟု ဆိုပါသည်။ ၎င်းဆရာကြီးသည် ဆိုင်ကိုတနဲတစ်ခေါ်
 စိတ်တန်ခိုးဖြင့် မည်သည့်အရာဝတ္ထုမဆို လိုတရဆိုလောက်သည့် ဘုန်းတန်ခိုး
 အာနုဘော်များ၊ လောကီအဘိညာဉ်ဟု ခေါ်ဆိုလောက်သည့် အမြင်ထူးအကြားထူးများနှင့်
 အနာရောဂါများကို စေတစ်လုံးဖြင့် ကုသပျောက်ကင်းစေခြင်း စသော အတတ်ပညာများ
 အထူးတတ်ကျွမ်းသည်ဟု ယုံကြည်ကြပါသည်။ ၎င်း၏ အမြင်ထူး အကြားထူး
 တန်ခိုး ဣဒိ္ဓပါဒ်မျိုးမျိုး (၀ါ) အီးအက်စ်ပီခေါ် ထူးကဲသည့် အမျိုးမျိုးသော အဘိဉာဉ်
 (ပရ၀ိညာဉ်) နှင့် ပတ်သက်၍၊ ရေးသားထုတ်ဝေ ဖြန့်ဖြူးထားသော စာအုပ် စာတန်းများ
   လည်း မြောက်မြားစွာ ရှိပါသည်။
        သူကိုယ်တိုင်က ကျော်ဇောထင်ရှားခြင်း၊ ဘုန်းတန်ခိုးကြီးခြင်းစသည့် လောကီ
 ရေးရာ ပကာသနတို့တွင် စိတ်မ၀င်စားလှသည့် အလျောက် ၎င်း၏စိတ်ဝိဉာဉ်အသိထူး
 အမြင်ထူးများနှင့် တန်ခိုးဣဒ္ဓိပါဒ်များကို အထင်ကြီးဟန်မရှိပါ၊ အသေးအဖွဲများသာဟု
 ကင်ပွန်းတပ်လေ့ရှိပါသည်။ သူအမွှန်းတင်လေ့ရှိသည်မှာကတော့ ဘာသာရေးဆိုင်ရာ
 သီလ၊ သမာဓိ၊ ပညာ စသည့် ကိုယ်ကျင့်တရားတို့သည်သာ ဖြစ်ပါသည်။ သူတို့
 ဆည်းကပ်ကြသည့် အန္တေ၀ါသိက တပည့်များ၏ အကျိုးအတွက် အရေးကြီးလိုအပ်
 သည်ဖြစ်စေ၊ ဘာသာရေး၌ သဒ္ဒါတရားခေါင်းပါးသူများကို ဆွဲဆောင်ရာတွင် လိုအပ်
 သည်ဖြစ်စေ၊ ၎င်း၏ အဆိုပါ အကြားအမြင်ဝိညာဉ်ဆိုင်ရာ ပါရာနောမယ် တန်ခိုး
 ဣဒိ္ဓပါဒ်များကို မလွှဲမရှောင်သာ ပြသလေ့ရှိပါသည်။ သိပ္ပံပညာရှင်ကြီးများ၊
 စိတ္တဗေဒပါရဂူကြီးများနှင့် အခြားကမ္ဘာကျော် ပဉ္စလက်အတတ်ပညာရှင်ကြီးများသည်
 ဆိုင်းဘာဘာထံသို့ လာရောက်ကြ၍ ၎င်းတို့၏ ပညာစွမ်းအားများကို စမ်းသပ်လေ့ရှိ
 ကြသည်။ ၎င်း၏ ပညာသားပြောင်မြောက်လှသော အံ့ဖွယ်သရဲ သရုပ်ဖေါ်ကိုင်တွယ်
 ပြသခြင်းတို့သည် အနောက်တိုင်း အရှေ့တိုင်း သိပ္ပံပညာရှင်ကြီးတို့အတွက် သုတေသန
 ပြုရန် ကောင်းလှသော အခွင့်အရေးတို့ပေတည်းဟု အဆိုပါ သိပ္ပံပညာရှင်ကြီးတို့က
   တသံတည်းလိုလို မှတ်ချက်ချကြပါသည်။
       ဆိုင်းဘာဘာနှင့် နှစ်ပေါင်းများစွာ ဆက်ဆံလုပ်ကိုင်ခဲ့ဖူးသူတို့၏ ပြောပြချက်အရ
 ဆိုင်းဘာဘာ၏ ပါရာနောမယ်ခေါ် အသိထူးအမြင်ထူးများမှာ လွန်ခဲ့သည့်နှစ်ပေါင်း
   လေးဆယ်ကပင် ဖြစ်ပါသည်။
x   x   x   x   x   x   x   x
မြန်မာနိုင်ငံ ဗုဒ္ဓသာသနကောင်စီ၏၊ ၁၉၅၃၊ခု ဇန်န၀ါရီလထုတ်
““ဗုဒ္ဓရောင်ခြည်””မဂ္ဂဇင်း အမှတ်(၂)၊
အတွဲ(၁)မှ အနာဂါရီကသုဂတနန္ဒ၏ ဗုဒ္ဓအခြေခံလမ်းစဉ်သိပ္ပံ
ဤကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုမြန်မာနိုင်ငံ ဗုဒ္ဓသာသနကောင်စီမှ ၁၉၅၃
 ခု၊ ဇန်န၀ါရီလထုတ် ဗုဒ္ဓရောင်ခြည် မဂ္ဂဇင်းအမှတ်(၂) အတွဲ(၁) တွင် အနာဂါရီက
 သုဂတနန္ဒဆိုသူ ဆောင်းပါးရှင်၏ အခြေခံဗုဒ္ဓလမ်းစဉ်ခေါ် ဆောင်းပါးမှကောက်နှုတ်၍
  အကျဉ်းအားဖြင့် မြန်မာလို ဘာသာပြန်၍ တင်ပြလိုပါသည်။
      သိပ္ပံပညာနှင့် ဘာသာရေးများကို လွတ်လပ်စွာ တွေးခေါ်ကျင့်သုံးနိုင်သော
 ဤကမ္ဘာ၏ အစိတ်အပိုင်း အချို့တို့တွင် ဆေးသိပ္ပံဘက်ဆိုင်ရာ သမားတော်ကြီးများ၊
 ရူပဗေဒ၊ ဇီဝဗေဒ၊ စိတ္တဗေဒ၊ သဘာဝတ္ထဗေဒနှင့် အခြားအခြားသော အထူးကျွမ်းကျင်
 သည့် ဗေဒပါရဂူကြီးများပါဝင်သည့် သုတေသနအဖွဲ့အစည်းများ ဖွဲ့စည်းပြီး အထက်နားတွင်
 ပြောခဲ့သည့်၊ အဘိဉာဉ် တယ်လီပါသီခေါ် ဒိဗ္ဗစက္ခုနတ်မျက်စိ၊ ဒိဗ္ဗသောတနတ်နား
  စေတောပရိယ သူတစ်ပါးအကြံအစည်ကို သိနိုင်ခြင်း၊ ပုဗ္ဗေနိဝါဉာဏ် အတိတ်ဘ၀များကိုမှတ်မိခြင်း၊   
 နာဂတံသဉာဏ် အနာဂတ်ဘ၀ကို (၀ါ) လားရာဂတိကို သိမြင်နိုင်ခြင်း၊ ဣဒ္ဓိဝိဒတန်ခိုးဗျာဋိဟာ
  အမျိုးမျိုးကို ပြနိုင်ခြင်းအစရှိသည့် စိတ်ဝိညာဉ်ဆိုင်ရာ တန်ခိုးအာနိသင်များနှင့် အခြားသော စိတ္တဗေဒ
 နာမ်တရားများ၏ ထူးဆန်းအံ့သြဖွယ်ရာအကြောင်းကို စူးစမ်းရှာဖွေ၍ သုတေသန
 လုပ်ငန်းများမှာ အတော်အောင်မြင်လျက်ရှိကြောင်း စေတောပရိယ(၀ါ) ပရစိတ္တ၀ိဇာနန
 တယ်လီပါသီခေါ် စိတ်ပညာသည်ကားဆိုလျှင် ၎င်း၏ သဘာဝ အစစ်အမှန်ကို
 သေချာတိကျစွာ မသိရသေးသော်ငြားလည်း၊ စိတ်အမျိုးမျိုးတို့ကို(၀ါ) နာမ်သဘာဝ
 ဓါတ်တို့ကိုခွဲခြမ်းဝေဖန်နိုင်သော သိပ္ပံပညာတစ်ရပ်အနေဖြင့် ယခုအခါ တရားဝင်
 အသိအမှတ်ပြုရပြီး ဖြစ်ပါကြောင်း။ ဤအကြောင်းနှင့် ပတ်သက်၍ မကြာသေးမှီ
 အင်္ဂလန်နိုင်ငံ စိတ္တဗေဒသုတေသန အဖွဲ့၏ အစီရင်ခံစာတွင် ဖေါ်ပြသည်မှာ၊
 အနောက်နိုင်ငံ စိတ္တဗေဒပညာရှင်တို့၏ ဝေါဟာရအရ တယ်လီပါသီခေါ်
 ဘ၀စိတ်ကျနေသည့်အခါ(၀ါ) အသိစိတ်ချုပ်နေသည့် အခါတို့၌ ဖြစ်ပေါ်သိမြင်နိုင်သော
 တရားတို့သည်ကား (၀ါ) စက္ခု၊ သောတ၊ ဃာန၊ ဇီဝှါ၊ ကာယ၊ မနခေါ် ခြောက်ဒွါရတို့
 ဖြစ်ပေါ်သော ၀ီထိစိတ်တို့ ချုပ်ခိုက် တွေ့မြင်သိမြင်နိုင်သော တရားတို့သည်ကား၊
 တယ်လီပါသီခေါ် အထက်နားတွင် ပြောခဲ့သည့် စေတောကရိယ အဘိဉာဏ်တစ်မျိုး
 ကြောင့်ဖြစ်ကြောင်း (၀ါ) နာမ်ထူးတစ်မျိုးကြောင့်ဖြစ်ကြောင်း၊ ထာဝရ၀ိဉာဏ်လို့
 ဆိုလောက်သည့် မြဲသောသဘောရှိသော နာမ်ဓါတ်ရှိဟူ၍ကား သက်သေခံ
 အထောက်အထား မရကြောင်း စသည်ဖြင့် ဖေါ်ပြထားပါသည်။ ဤအစီရင်ခံစာအရ၊
 လောက၌ မြဲသောတရားမရှိဟု အဆိုပြုချက်သည် ဗုဒ္ဓအဘိဓမ္မာနှင့် ကိုက်ညီနေသော
 ကြောင့် ဗုဒ္ဓ၀ါဒီတို့အတွက် မထူးဆန်းသော်လည်း၊ ၎င်း၏ဇစ်မြစ်ကို အတိအကျမသိရ
 သေးသော တယ်လီပါသီခေါ် နာမ်ထူးဓါတ်တစ်မျိုးသည်၊ ရုပ်ဓါတ် ရုပ်သဘာဝတို့နှင့်
 စိုးစဉ်းမျှမရောယှက်ဘဲ ဖြစ်ပေါ်နိုင်သည်ဟု သိပ္ပံပညာက လက်ခံအတည်ပြုပြီးဆိုသည့်
 သတင်းသည်ကား များစွာစိတ်ဝင်စားစရာ ကောင်းပါသည်။ ဤကဲ့သို့ တယ်လီပါသီခေါ်
 စေတောပရိယလောကီအဘိညာဉ်တစ်မျိုး အမှန်တကယ်ရှိသည်ဟု သိပ္ပံပညာက
 အသိအမှတ်ပြုသည့်အပြင် အမေရိကန်နိုင်ငံတွင် သုတေသန စမ်းသပ်မှုများအရ တွေ့ရှိ့
 သိရှိရသည်မှာ နာမ်သဘာဝဖြစ်သော စိတ်ဝိညဉ်သည် ရုပ်ဝတ္ထုပစ္စည်း အထည် ကိုယ်ဒြပ်
 ကို ပြုပြင်ဖန်တီးနိုင်သည့် သတ္တိရှိကြောင်း အဝေးမှပင် အဆိုပါ ရုပ်ဝတ္ထု တစ်ခုကို
 ကာယကံမြောက် မဟုတ်စေကာမူ (၀ါ) မည်သည့်ယန္တရား အဆက်အသွယ်မျှ မရှိဘဲ
 ထိန်းကျောင်းနိုင်ကြောင်း ဤကဲ့သို့ ရုပ်သဘာဝကို နာမ်သဘာသက်မက (၀ါ) စိတ်ဓါတ်
 သက်သက်က အဝေးမှနေ၍ ထိန်းကျောင်းနိုင်ကြောင်း သိပ္ပံပညာ၏ တွေ့ရှိချက်ကို
  မည်သူမျှ မငြင်းနိုင်ပါ။
       ဤစိတ္တဗေဒဆိုင်ရာ နာမ်သဘာဝဓမ္မ(၀ါ) စိတ်သဘာဝအကြောင်းနှင့် ပတ်သတ်
 ၍ သုတေသန ရှာဖွေစမ်းသပ်ရန် အင်္ဂလန်နိုင်ငံတွင် တရားဝင်အဖွဲ့များ တည်ထောင်ထား
 ပါသည်။ ထိုသုတေသန အဖွဲ့များကို ဦးဆောင်နေသည့် သိပ္ပံပါရဂူ အကျော်အမော်
  ကြီးတို့မှာ-
        (၁) လော့အမ်ဝဲ
         (၂) ဆာဂျွန်အင်ဒါးဆင်
         (၃) မစ္စက်ချာလိုတေဟိုလ်ဒိန်း
     (၄) လန်ဒန်မြို့မှ နာမည်ကျော် ခွဲစိတ်ဆရာဝန်ကြီးလည်းဖြစ် စိတ္တဇရောဂါ
 ပါရဂူကြီးလည်းဖြစ်သော ဒေါက်တာစထရောင်း အစရှိသည်တို့ ဖြစ်ပါသည်။ ၎င်းတို့၏
 အစီရင်ခံစာကို ယခုအခါ ပုံနှိပ်ထုတ်ဝေပြီး ဖြစ်ပါသည်။
       ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီးများဖြစ်သော အီးစီအမ်ဂျို့ဒ်နှင့် ဂျေဘီရိုင်းတို့၏
 သုတေသန အစီရင်ခံစာတွင် ဆိုက်ကိုကနဲတစ်ခေါ် အမျိုးမျိုး ဖန်ဆင်းနိုင်သည့် ဣဒ္ဓိပါဒ်
 တန်ခိုး အီအက်စ်ပီခေါ် ပရ၀ိဉာဏ်နှင့် ပါရာဆိုင်ကိုလိုဂျီခေါ် ပရစိတ္တဗေဒဆိုင်ရာ ထူး
 ဆန်းအံ့သြဖွယ် စိတ်ဝိဉာဏ်များအကြောင်းကို ဖေါ်ပြထားပါသည်။ ၎င်းဂျေဗီရိုင်း၏
 အစီရင်ခံစာအရ၊ ပါရာဆိုင်ကိုလိုဂျီခေါ် ပရစိတ္တဗေဒသည် ယခုအခါ ရုပ်လွတ်သဘာဓါတ်
 (၀ါ) နာမ်သဘာဓါတ်အကြောင်းကို လေ့လာ ဖေါ်ထုတ်ရာ သိပ္ပံပညာတစ်ရပ် ဖြစ်လာပြီဟု
 သိရကြောင်း၊ ရုပ်သဘာဝမဟုတ်သော (၀ါ) ရုပ်သဘာဝ၊ ရုပ်ဓါတ်နှင့် လုံးလုံးမဆိုင်မပတ်
 သတ်သော သဘာဝများကို (၀ါ) အရူပ သဘာဝတရားများကို ယခုအခါတွေ့ရှိခြင်းအား
 ဖြင့်၊ ရုပ်ဝါဒီတို့၏ လူသတ္တ၀ါနှင့်ပတ်သတ်သော ထင်မြင်ယူဆချက်တို့သည်၊ အဆိုပါ
 သုတေသန ရှာဖွေစမ်းသပ်ချက်များအရ မမှန်ဟုပယ်ချရမည်ကို အမေရိကန်ပြည် ဂျုက်
 တက်္တသိုလ် သုတေသနဌာနက အတည်ပြုထောက်ခံလေသည်။ အင်္ဂလန်ပြည်ရှိ သိပ္ပံပညာ
 ရှင် ကြီးများလောက၌လည်း၊ စိတ္တဗေဒသုတေသီ အကျော်အမော်ကြီးများဖြစ်သော (၁)
 ထိုင်ရဲလ် (၂) ကာရင်တန် (၃) ဆိုလ် (၄) ဂိုလနီး (၅) ဒေါက်တာသောလက် အစရှိ
 သည့် ကင်ဗရိပ်ယူနီဗာစတီမှ သိပ္ပံပါရဂူကြီးများ၏ သုတေသနတွေ့ရှိချက်များကို
 အထူးတလည် စိတ်ဝင်စားစွာ ဆွေးနွေးနေကြကြောင်း၊ အထက်ပါ ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတ၊
 အာဒေသနာပါဋိဟာရိယ (သူတစ်ပါးစိတ်ကို သိသောစွမ်းရည်) သို့မဟုတ် တယ်လီပါသီ
 အစရှိသည့် ဗုဒ္ဓ၀ါဒီလောကီအဘိဉာဏ်များ ဆိုရလောက်သည်ကို ယခုအခါ ကမ္ဘာ့သိပ္ပံပညာက၊
 ပရမတ္ထသဘာဝ ဓမ္မသဘောအားဖြင့် ထင်ရှားသောတရားများဟု အတည်ပြုလက်ခံကာ၊
 အတိအကျ ဓါတ်ခွဲ၍ မရသေးသော သဘာဝဓမ္မတို့၏ စာရင်းတွင် အီအက်ပီခေါ် နား၊ မျက်စေ့
 စသည် ခြောက်ဒွါရတို့မှအပ ပေါ်သောအသိဉာဏ်(၀ါ) ဒွါရ၀ိမုတ် အသိဉာဏ်များဟု
  အမည်တပ်ကာ ထည့်သွင်းထားပါသည်။
x    x    x    x   x   x   x   x   x
No comments:
Post a Comment