တောလေးဆယ်ဝိပဿနာ ကမ္မဋ္ဌာန်း
ယခုဆက်လက်၍ ၀ိပဿနာနယ်တွင် တောလေးဆယ်ဟု ကျော်ကြားသည့်ရုပ်နာမ် ခန္ဓာငါးပါးတို့ကို အနိစ္စတော၊ အနိစ္စအပြားဆယ်ပါး၊ ဒုက္ခတော ဒုက္ခအပြားနှစ်ဆယ့်ငါးပါး၊ အနတ္တတော အနတ္တအပြားငါးပါး အားလုံးပေါင်း လေးဆယ်သောတောတို့ကို ကမ္မဋ္ဌာန်းအာရုံတင်ကာ ရှုနည်းကို ဖော်ပြပါဦးမည်။ဤကမ္မဋ္ဌာန်းရှုနည်းသည် အမှန်အားဖြင့် မဟာသတိပဋ္ဌာန် ပါဠိတော်လာ ဓမ္မာနုပဿနာ
သတိပဋ္ဌာန်းတွင်အကျွမ်းဝင်ပါသည်။
၎င်းကမ္မဋ္ဌာန်း စီးဖြန်းနည်းအတိုင်း နေ့စဉ် ညစဉ်ဆိုသလို ရွတ်ဖတ်သရဇ္ဈာယ်ပါလျှင် ၀ိပဿနာလုပ်ငန်းတွင် အထူးအကျိုးများမည်မှာ သေချာလှပါသည်။ တောလေးဆယ်ဟူသော မဟာသတိပဋ္ဌာန်ဓမ္မာနုပဿနာ ကမ္မဋ္ဌာန်းရှုနည်းသည် ၀ိပဿနာဥာဏ်ဆယ်ပါးအနက် ပဋိသင်္ခါဥာဏ်မည်ပါသည်။ အရှင်သာရိပတ္တ္တရာမထေရ်မြတ်သည် ပဋိသမီ်္ဘဒါမဂ်၌ နိဗ္ဗာန်ကို ဤတောလေးဆယ်ခေါ် အနိစ္စဆယ်မျိုး၊ ဒုက္ခနှစ်ဆယ့်ငါးမျိုး၊ အနတ္တငါးမျိုးတို့ဖြင့်ပြခြင်းဖြစ်ပါသည်။