Saturday, September 18, 2010
အခန်း(၆) ကံအမျိုးအမည်များ
အခန်း(၆)   ကံအမျိုးအမည်များ
ပဌမမျိုးဖြစ်သောကံကား ၎င်း၏ အကျိုးဝိပါတ်တို့သည် အချိန်ကာလ
အားလျော်စွာ ဖြစ်ကြပါသည်။
                   ယခုမျက်မှောက်ဘ၀တွင် အကျိုးပေးသောကံ ၎င်းကို ဒိဋ္ဌဓမ္မဝေဒနိယကံဟု
ခေါ်ပါသည်။ ၎င်းကံသည် ဇောခုနှစ်တန်ရှိသည့်အနက် ပဌမဇောစိတ်ပင်ဖြစ်ပါ၏။
                   နောက်သတ္တမဇောခေါ်သည့် ဇောခုနှစ်တန်အနက် နောက်ဆုံးဖြစ်သော
ဇောသည် ဥပပဇ္ဇဝေဒနိယကံမည်၏။ ၎င်းကံသည် ဒုတိယဘ၀ ၎င်းဝိဘတ်အကျိုးကို
ပေးပါ၏။ ပဌမဇောနှင့် သတ္တမဇောတို့ကိုချန်လှပ်၍ ကျန်ဒုတိယ၊ တတိယ၊ စတုတ္ထ၊
ပဉ္စမ၊ ဆဋ္ဌမဇောတို့ကို အပရာပရိယဝေဒနိယကံလို့ခေါ်ပါ၏။ ဤကံမြောက်သည့်
ဇောစိတ်တို့သည်ကား သံသရာမှ မလွတ်မီ(၀ါ) နိဗ္ဗာန်ကို မရောက်မီ ဖြစ်ရာဘ၀တို့တွင်
အလျဉ်းသင့်သလို အကျိုးပေးပါ၏။
                   ယခုပြောမည့် ကံသုံးမျိုးတို့သည်ကား သစ်စေ့သည် အချိန်စေ့က အညှောက်
ပေါက်သကဲ့သို့ သူ့ကာလအချိန်အားလျော်စွာ အကျိုးပေးမည်သာ ဖြစ်ပါ၏။ သို့သော်
လည်း ၎င်းအစေ့သည် အညှောက်ထွက် အပင်ပေါက်ရမည်ဖြစ်ပါသော်လည်း မြေဓါတ်၊
ရေဓါတ်၊ နေဓါတ်၊ အပူဓါတ်အစရှိသည့် ပတ်ဝန်းကျင်အကြောင်းတရားတို့ မပြည့်စုံ
ပါက အညှောက်ထွက်အပင်မပေါက်နိုင်သလို ကံတရားသည်လည်းပတ်ဝန်းကျင်
အခြေအနေတို့၏ အထောက်အပံ့ကိုမရပါက အကျိုးပေးနိုင်မည်မဟုတ်ပါ။ ဤကဲ့သို့
ပတ်ဝန်းကျင်အခြေအနေထောက်အပံ့ကို မပြည့်စုံ၍ အကျိုးမပေးနိုင်သောကံကို
အဟောသိကံဟု ခေါ်ပါ၏။
                   ဇနကကံဆိုသည် ဇာတိပဋိသန္ဓေကျိုးကို ပေးပါ၏။ (၀ါ) နောက်ထပ်တစ်ဖန်
ဘ၀သစ်ကို ဖြစ်စေပါသည်။ ဥပတ္ထမ္ဘကကံဆိုသည်မှာ ပြုနေသည့်ကံ၏ အကျိုးကို ၀ိုင်းဝန်း
ကူညီအထောက်အပံ့ပြုပါသည်။ ဥပပီဠကကံဆိုသည်မှာ ဇနကကံပေးသောအကျိုးကို
ဖိနှိပ်ကာ တစ်မျိုးတစ်ဖုံဖြစ်သွားစေပါ၏။
                   ဥပဃာတကကံဆိုသည်မှာ လက်ရှိကံ၏အကျိုးကို ဖျက်သိမ်းပြီး မိမိ၏အကျိုး
နှင့် အစားထိုးခြင်းကို ဆိုလိုပါသည်။
အကျိုးပေးမြန်သောကံများမှာ ဂရုကကံသည် လက်ရှိဘ၀၌လည်းကောင်း နောက် ဒုတိယ
ဘ၀၌လည်းကောင်း အကျိုးပေးပါသည်။ ဈာန်စိတ်များသည် ဤဂရုကကံ အမျိုးအစားဖြစ်ပါ
သည်။ ၎င်းဈာန်စိတ်များသည် ရိုးရိုးကာမာဝစရ ကုသိုလ်စိတ်တို့ထက် သာလွန်
ထက်မြက်၍ အလျင်အမြန်တစ်ဟုန်ထိုး အကျိုးပေးပါသည်။ အလားတူစွာ အလျင်အမြန်
တစ်ဟုန်ထိုး အကျိုးပေးသော ကာမာဝစရအကုသိုလ်ကံများလည်းရှိကြပါသည်။ နိယတ
မိစ္ဆာဒိဋ္ဌိကံနှင့် ပဉ္စာနန္တကံဖြစ်သည့် အမိကိုသတ်ခြင်း၊ အဖကိုသတ်ခြင်း၊ ရဟန္တာကို
သတ်ခြင်း၊   ဘုရားကို အနာတရဖြစ်စေခြင်း၊  သင်္ဃာကိုဂိုဏ်းခွဲခြင်းဆိုသည့်ကံငါးပါးသည်
ဂရုကကံမျိုးဖြစ်ပါသည်။
                   မရဏာသန္နကံဆိုသည်မှာ သေခါနီးဆဲဆဲပြုသော ကာယကံ၊ ၀စီကံ၊ မနောကံမှု
တို့ပင် ဖြစ်ပါသည်။ ကံကမ္မနိမိတ်တို့ပင်ဖြစ်ပါသည်။ ယင်းကံ၏ အကျိုး
ကို ဖျက်ဆီးပစ်နိုင်သော ဂရုကကံမဖြစ်ပေါ်လျှင် မရဏာသန္နကံသည်ပင် ဇာတိပဋိသန္ဓေ
ဘ၀သစ် အခြေအနေကို ဖန်တီးပါ၏။
                   အာစိဏ္ဏကံ(ခေါ်) ဗာဟုလ္လကံဆိုသည်မှာ အမြဲမပြတ်ဆိုသလို ခဏခဏ
ပြုလုပ်လေ့ရှိသော ကုသိုလ်ကံအမှု အကုသိုလ်ကံအမှုတို့ပင်ဖြစ်၏။ မရဏာသန္နကံနှင့်
ဂရုကကံတို့ ဖြစ်ပေါ်ခြင်းမရှိလျှင် ယင်းကံသည် ဇာတိပဋိသန္ဓေ ဘ၀သစ်အကျိုးကိုပေး၏။
                   ကဋတ္တာကံသည် အကျိုးမပေးရသေးဘဲ ကျန်နေသောကံဖြစ်၏။ အာစိဏ္ဏကံ
ခေါ် ဗာဟုလ္လကံမဖြစ်ပေါ်လျှင် ၎င်းသည် ဘ၀သစ်အကျိုးကို ပေး၏။ အပါယ်ဘုံ
ကာမသုဂတိဘုံ၊ ရူပဘုံ၊ အရူပဘုံတို့တွင် ၀ိပါတ်အကျိုးပေးသော ကံများမှာ-
                   အကုသလကမ္မခေါ် အကုသိုလ်ကံ(၀ါ) လောဘ၊ ဒေါသ၊ မောဟ စေတနာကံ
သည် ဒုဂတိဘုံဆိုသည့် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ အသူရကယ်ဘုံတို့၏ အကျိုးပေး၏။
အကုသိုလ်ကံကို (၁၀)မျိုးပြထား၏။ (၁) သူတစ်ပါးအသက်သတ်ခြင်း၊ (၂) သူတစ်ပါး
၏ပစ္စည်းခိုးယူခြင်း၊ (၃) မတရားသော ကာမအမှုတို့ကို ကျူးလွန်ခြင်းစသည့် ကာယကံ
သုံးပါး၊ (၁) မမှန်သော စကားကိုဆိုခြင်း၊ (၂) ကြမ်းတမ်းယုတ်မာစွာ ပြောဆိုခြင်း၊
(၃) ချောပစ်ကုန်းတိုက်ခြင်း၊ (၄) သိမ်ဖျင်းသောစကားကိုဆိုခြင်းစသည့် ၀စီကံလေးပါး၊
(၁) သူတစ်ပါး၏ပစ္စည်းဥစ္စာကို တပ်မက်ညူစူခြင်း၊ (၂) ရန်လိုခြင်း၊ (၃) မှားသောအယူကို
ယူခြင်း၊ စသော သုံးပါးသောမနောကံတို့ပင်တည်း။ ကာမာဝစရကုသိုလ်ကံသည်
သုဂတိဘုံဆိုသည့် လူ့ပြည်နှင့် ကာမာဝစရ နတ်ပြည်အကျိုးပေး၏။ ရူပဘုံ၌ အကျိုးပေး
သောကုသိုလ်ကံသည် ဈာန်စိတ်ဖြစ်၏ ၎င်းကို ပဌမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊
စတုတ္ထဈာန်၊ ပဉ္စမဈာန်ဟူ၍ ငါးမျိုးပြား၏။ အသေးစိတ်ကို အဘိဓမ္မတ္ထသင်္ဂဟသင်္ဂြိုလ်
စာအုပ်တွင် ကြည့်ရှုနိုင်ပါသည်။
                   အရူပဘုံကိုအကျိုးပေးသော ကုသိုလ်ကံဟူသည်ကား (၁) အာကာသာနဉ္စာ
ယတနဈာန်စိတ်၊ (၂) ၀ိညာနဉ္စာယတနဈာန်စိတ်၊ (၃) အာကိဉ္စညာယတနဈာန်စိတ်၊
(၄) နေ၀သညာနာသညာယတနဈာန် စိတ်တို့ပင်ဖြစ်ပါသည်။
                   အထက်တွင် ပြောခဲ့သည့်အတိုင်း ကံဆိုသည်မှာ ပုဗ္ဗေကတဟေတုကဒိဋ္ဌိ
ရှေးကံကြမ္မာကြောင့် နဖူးစာကြောင့်ဖြစ်သည်ဟူသော ၀ါဒမျိုးမဟုတ်ပါ။ ပြန်လည်
နှုတ်သိမ်း၍မရနိုင်အောင်ချမှတ်ထားသည့် ဘ၀ပန်းတိုင်မျိုးလည်းမဟုတ်ပါ။ နိယတ
ဝါဒ၊ ကိန်းသေမှတ်ထားသည့်အတိုင်း ဖြစ်ရသည့်ဝါဒမျိုးလည်းမဟုတ်ပါ။ စိုက်ပျိုးတိုင်း
ပေါက်နိုင် သီးနိုင်ရိတ်သိမ်းနိုင်သည့် သီးနှံမျိုးလည်းမဟုတ်ပါ။ ပြုပြီးသောကံက ယေဘုယျအားဖြင့် နှုတ်သိမ်းပယ်ဖျက်၍မရပါ၊ သို့သော်၊ အခြေအနေအရ ပြုပြီးသောအချို့ကံများကို ပယ်ဖျက်၍ ရနိုင်ပါသည်။ ရှေ့ကပြုပြီးသောကံ၏ အကျိုးကို နောက်ပြုသည့် အားပိုကြီးသောကံက ပုံစံပြောင်းပေးနိုင်ပါသည်။ သည်လိုမဖြစ်နိုင်ဘူးဟုဆိုလျှင်သတ္တ၀ါများသည် ကံ၏နယ်ပယ်(၃၁)ဘုံ အတွင်းမှ လွတ်ကင်းနိုင်တော့မည်မဟုတ်ပါ။ သတ္တ၀ါတို့၏ဘ၀ကံသည် အလိုလို အားပြန်ဖြည့်တတ်သည့် ဓါတ်ခဲကဲ့သို့ဖြစ်လျှင် မည်သည့်အခါမှ အားကုန်တော့မည်မဟုတ်ဘဲ ထပ်တစ်လဲလဲသာ
ဒုံရင်းဘ၀သို့ ပြန်ရောက်နေမည်သာ ဖြစ်ပါသည်။ အမှန်အားဖြင့် သတ္တ၀ါတိုင်းသည်
မိမိ၏ဘ၀သံသရာကို မိမိသဘောအတိုင်း ပြုပြင်ဖန်တီးပေးနိုင်သည့် အခြေခံအခွင့်
အရေးတွေ ရှိပါသည်။ မိမိကိုယ်ကိုမိမိ ကြိုက်သလိုပြုပြင်နိုင်သည့် လူ့အခွင့်အရေးတွေ
ပြည့်စုံစွာရှိပါသည်။ (၀ါ) မိမိ၏ကံကိုမိမိ ကြိုက်သလိုပြုပြင်ပေးနိုင်ဖို့ ဖန်တီးပေးနိုင်ဖို့
အခွင့်အရေးရှိပါသည်။ အလွန်ယုတ်မာဆိုးသွမ်းမိုက်မဲသူတစ်ဦးသည် မိမိ၏ကိုယ်ပိုင်
ဉာဏ်ကို လွတ်လပ်စာအသုံးပြု၍ ကိုယ်တိုင်ကိုယ်ကျ ကြိုးပမ်းအားထုတ်မှုတို့ဖြင့်
လူကောင်းတစ်ယောက်ပြန်ဖြစ်လာနိုင်ပါသည်။ မည်သူမဆို လူကောင်းတစ်ယောက်
ဖြစ်လာစေရန်လည်းကောင်း၊ လူဆိုးတစ်ယောက်ဖြစ်လာစေရန်လည်းကောင်း၊ မိမိကိုယ်
ကိုမိမိ လွတ်လပ်စွာပြုပြင်ဖန်တီးပေးနိုင်ပါ၏။ ကမ္ဘာပေါ်တွင် သက်ရှိသက်မဲ့အားလုံး
သည် ပတ်ဝန်းကျင်အခြေအနေ သဘောသဘာဝတို့အပေါ်တွင် ရပ်တည်ရပါသည်။
ပတ်ဝန်းကျင်အထောက်အကူကင်းပါလျှင် မရှိပါလျှင် မည်သူမျှရပ်တည်ခွင့်ရမည်မဟုတ်ပါ။
                   ပုဂိ္ဂုလ်တိုင်း၊ သတ္တ၀ါတိုင်း လွတ်လပ်စွာလုပ်ကိုင်ဆောင်ရွက်နိုင်ရန် ထိုက်သည့်
အားလျော်စွာ အခွင့်အရေးများရှိပါ၏။ ကိုယ်ထင်သလိုလုပ်ဖို့ အခွင့်အရေးမရှိပါ။ဗုဒ္ဓ၏အဘိဓမ္မာအရ ရုပ်ဓါတ်နာမ်ဓါတ်တို့သည် ဘ၀၏နိယာမအတိုင်း ဖြစ်ပျက်ကာရှိနေကြ၏။ ဤနိယာမအတိုင်း မဖြစ်ဘူးဆိုလျှင် ကမ္ဘာလောကကြီးသည် ဖြစ်ချင်သလိုဖြစ်ကာ ၀ရုန်းသုန်းကားဖြစ်နေမည်မှာ သေချာပါသည်။ ဤကဲ့သို့ ၀ရုန်းသုန်းကားသူဖြစ်ချင်သလိုဖြစ်နေသည့် ကမ္ဘာမဟုတ်ကြောင်းကို ခေတ်ပေါ်သိပ္ပံ ပညာကရှာဖွေတွေ့ရှိသည့် လောကသဘာဝ နိယာမတရားတို့က သက်သေခံလျက်ရှိပါသည်။အဆိုပါကံဆိုသည့် လုပ်ဆောင်မှုစေတနာသည် ၀ိဉာဏဓါတ်ပင်ဖြစ်ပါသည်။ (၀ါ)မနောစိတ်ဓါတ်ပင်ဖြစ်ပါသည်။ သတ္တ၀ါတစ်ဦး (၀ါ) လူပုဂ္ဂိုလ်တစ်ဦး၏ စိတ်ထဲမှာ
အကြံအစည်တစ်ခု၊ အတွေးအခေါ်တစ်ခု အကြိမ်ကြိမ်ပေါ်လျှင် အလေ့အကျင့်ဖြစ်လာပြီး
နောင်တွင် ဆက်လက်ပေါ်တတ်ပါသည်။ အမှုလုပ်ငန်းတစ်ခုခုကို အကြိမ်ကြိမ်အခါခါ
ထပ်ကာထပ်ကာပြုလုပ်ပါက အလေ့အထဖြစ်လာကာ ၎င်းကိုပင် အမြဲတစေလုပ်လိုသည့်
ဝါသနာဖြစ်လာတတ်ပါသည်။ ဤသဘောတရားအတိုင်း ကိုယ်အမူအရာ၊ နှုတ်အမူ
အရာ(၀ါ) ကာယကံမှု၊ ၀စီကံမှုကိုသော်လည်းကောင်း စိတ်အမူအရာ(၀ါ) မနောကံမှု
ကိုသော်လည်းကောင်း မကြာမကြာထပ်၍ပြုလုပ်မိပါက နောင်အစဉ်အလာဖြစ်လာကာ
အလားတူအမှုကို ဆက်ကာဆက်ကာပြုတတ်ပါသည်။ ဤသဘောတရားကို မြတ်စွာ
ဘုရားက ပဋ္ဌာန်းပါဠိတော် အာသေ၀နပစ္စည်း၌ ဟောတော်မူသည်မှာ-
                   အာသေ၀နပစ္စယောတိ။ အဖန်တလဲလဲမှီဝဲထုံအပ်သည့် အာသေ၀န ပစ္စည်းဟူသည်ကား-
                             ပုရိမာပုရိမာ ကုသလာဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ
                                ကုသလာနံ ဓမ္မာနံ အာသေ၀နပစ္စယေန ပစ္စယော 
                   ပုရိမာ ပုရိမာ ရှေးရှေး၌ဖြစ်ကုန်သော ကုသလာဓမ္မာ ကုသိုလ်တရားတို့သည်
ပစ္ဆိမာနံ ပစ္ဆိမာနံ နောက်နောက်၌ဖြစ်ကုန်သော ကုသလာနံဓမ္မာနံ ကုသိုလ်တရား
တို့အား အာသေ၀နပစ္စယေန အဖန်တလဲလဲမှီဝဲထုံအပ်သည့် အာသဝေနပစ္ဆယသတ္တိဖြင့်
ပစ္ဆယော ဥပသကာရကော ကျေးဇူးပြုတတ်သည် ဟောတိ ဖြစ်၏။
                             ပုရိမာ ပုရိမာ အကုသလာဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ
                                အကုသလာနံ ဓမ္မာနံ အာသေ၀နပစ္စယေန ပစ္ဆယော။
                   ပုရိမာ ပုရိမာ၊ ရှေးရှေး၌ဖြစ်ကုန်သော အကုသလာဓမ္မာ၊ အကုသိုလ်တရားတို့သည်
ပစ္ဆိမာနံ ပစ္ဆိမာနံ နောက်နောက်၌ဖြစ်ကုန်သော အကုသလာနံ ဓမ္မာနံ အကုသိုလ်
တရားတို့အား အာသေ၀နပစ္ဆယေန အဖန်တလဲလဲမှီဝဲထုံအပ်သော အာသေ၀နပစ္ဆယ
သတ္တိဖြင့် ပစ္ဆယော ဥပကာရကော ကျေးဇူးပြုတတ်သည်၊ ဟောတိ၊ ဖြစ်၏။
ဆိုလိုသည့်အဓိပ္ပါယ်မှာ ဥပမာ လူတစ်ယောက်သည် ကောင်းတာကိုကြံကောင်းတာကိုလုပ်၊ ကောင်းတာကိုပြော၊ အစရှိသည့် ကောင်းသောကာယကံ၊ ၀စီကံ၊မနောကံမှုတို့တွင် အကျင့်ဖြစ်လာလျှင် ကောင်းသည့်အကျိုးသက်ရောက်ပြီး လူကောင်းသူကောင်းဖြစ်လာရန် သေချာပါ၏။ ဤသို့မှမဟုတ်လျှင် မကောင်းတာကြံ၊ မကောင်းတာလုပ်၊ မကောင်းတာပြောဆို အစရှိသည့်အကုသိုလ် မကောင်းသည့်
အကျင့်ဖြစ်လာလျှင် မကောင်းသောလူတစ်ယောက်ဖြစ်လာပြီး မကောင်းသောလူသူတွေနှင့် အပေါင်းအသင်းဖြစ်ကာ မကောင်းသောအရိပ်နိမိတ်အာရုံတို့နှင့် တွေ့ကြုံကာ
မကောင်းကျိုးတွေ ခံစားရတတ်ပါသည်။
                   ကိုယ်ကျင့်တရားကောင်းသူမှာ (၀ါ) ကောင်းသောကာယကံအမှု ၀စီကံအမှု၊
မနောကံအမှုတို့ကိုသာ ပြုသောသူမှာ ကောင်းသောအဆွေခင်ပွန်းများနှင့်သာ တွေ့ကြုံပြီး
ကောင်းသည့် အကျိုးတရားတွေကို ခံစားရပါမည်။ စိတ်ကောင်းရှိသောသူ စိတ်ထား
မွန်မြတ်သည့် လူဆိုလျှင် အလွန်ဆိုးသည့် အကုသိုလ်မကောင်းမှုဒုစရိုက်ကို
ပြုမိသည်ဖြစ်စေ အပြစ်ကိုပျောက်သွားအောင် မတတ်နိုင်စေကာမူ အတော်အတန်
ငယ်သွားအောင် ပေါ့သွားအောင် အားနည်းသွားအောင်လောက်တော့ ကုစားလို့ရပါမည်။
စိတ်ထားမကောင်းသောလူ၊ စိတ်ထားယုတ်ညံ့သည့်လူဆိုလျှင် သေးငယ်သော အကုသိုလ်
အမှုကလေးပင်ဖြစ်စေကာမူ ကြီးသောအပြစ်ကို ခံရပါမည်။ ဤသဘောတရားကို ဗုဒ္ဓဘုရား
ရှင်သည် အင်္ဂ်္ဂုတ္တိုရ်ပါဠိတော်တွင် ရဟန်းတို့အားဟောတော်မူသည်မှာ-
          သေယျထာပိ ဘိက္ခဝေ ပူရိသော လောဏကပလ္လံ ပရိတေ ဥဒက ကပလ္လကေ ပက္ခိပေယျ တံ ကိံ မညထ ဘိက္ခဝေအ၀ိနုတံ ပရိတ္တံ ဥဒကံ အဓုနာ လောဏကပလ္လေန လောဏံအဿအပေယျန္တိ
(ရဟန်းတို့ဥပမာလူတစ်ယောက်သည်ဆားခဲတစ်ခဲကိုနည်းသောရေရှိသောခွက်၌
ခပ်သည်ရှိသော် ထိုရေသည် မသောက်နိုင်ဖြစ်မည်ထင်သလော)။
          ဧ၀ံဘန္တေ   (မှန်ပါ ငန်၍ မသောက်နိုင်ပါဘုရား)။
          တဖန်မြတ်စွာဘုရားက 
          တံကိဿ ဟေတု ဘိက္ခဝေ  (အဘယ့်ကြောင့်နည်းရဟန်းတို့)။
         အဒုဟိ ဘန္တေပရိတ္တံ ဥဒကကပလ္လကေ ဥဒကံ တံ အဓုနာ လောဏအပလ္လေန လောဏံ အဿ အပေယျန္တိ၊ (ရေခွက်ရှိရေမှာနည်း၍ငန်သောကြောင့် မသောက်နိုင်ပါဘုရား)။
         သေယျထာပိ ဘိက္ခဝေ ပူရိသော လောဏကပလ္လကံ ဂင်္ဂါယနဒိယာ ပက္ခိပေယျ
တံ ကိံမညထ ဘိက္ခဝေ အ၀ိနုသာ ဂင်္ဂါနဒီ အဓုနာလောဏကပလ္လေနက လောဏံအဿ
အပေယျန္တိ (ရဟန်းတို့ ထိုသူသည် ၎င်းဆားကို ဂင်္ဂါမြစ်၌ ခပ်သည်ရှိသော ဂင်္ဂါ
မြစ်ရေသည် ငန်၍မသောက်နိုင်အောင် ဖြစ်မည်လော)။
         နောဟေတံ ဘန္တေ  (မသောက်နိုင်အောင် မဖြစ်ပါဘုရား)။
          တံ ကိဿဟေတု ဘိက္ခဝေ (အဘယ့်ကြောင့်နည်းရဟန်းတို့)။
                   အသုဟိ ဘန္တေ ဂင်္ဂါယနဒီယာ မဟာဥဒကခန္ဒော၊ သော အဓုနာ လောဏက
ပလ္လေန လောဏော နအဿအမေယျာတိ (အရှင်ဘုရား ဂင်္ဂါမြစ်ရေသည် အလွန်များပါ
၏။) ထို့ကြောင့် ၎င်းဆားခဲနှင့် မငန်တော့သောကြောင့် မသောက်နိုင်အောင် မဖြစ်တော့ပါ။
                   ဧ၀မေ၀ ခေါ ဘိက္ခဝေ ဣမေကစ္စဿ ပုဂ္ဂလဿအပ္ပမတ္တကမ္ဗိပါပကမ္ပံကတံ
တမေနံ နိရိယံဥပနေတိ ဤဘိက္ခဝေ ဧကစ္စဿ ပုဂ္ဂလဿ တာဒိသံယေ၀ အပ္ပမတ္တကံ
ပါပကမ္ပကတံ ဒိဋ္ဌဓမ္မဝေဒနိယံ ဟောတိ နာနုပိခါဒနိယ ကိံဗဟုဒေ၀။ (ရဟန်းတို့
ဤနည်းအတိုင်းပင် ဥပမာအားဖြင့် တစ်ယောက်သောသူသည် သေးငယ်သော
အကုသိုလ်မကောင်းမှုကလေးတစ်ခုကို ပြုလုပ်မိ၍ အပါယ်ငရဲသို့ ကျရောက်ရ၏။
အခြားတစ်ယောက်ကား အလားတူမကောင်းမှုကလေးတစ်ခုကို ပြုလုပ်မိသော်လည်း
မျက်မှောက်ဘ၀၌ပင် ကုသိုလ်ကောင်းမှုဖြင့် ချေပလိုက်သောကြောင့် အပါယ်ငရဲအစရှိ
သည့် ကြီးလေးသောအပြစ်ကိုမခံရ သေးငယ်သောအပြစ်ကိုလည်းမခံရ) ဟူ၍ဖြစ်ပါသည်။
                   ကံ၏ သဘောတရားကို ကောင်းကောင်းနားလည်လာသလောက် ကိုယ်
နှုတ်နှလုံးဟုဆိုအပ်သော သုံးဒွါရတို့၏ ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုတွင်
မည်မျှသတိကြီးစွာ ထားဖို့လိုကြောင်း လူသားအချင်းချင်း မည်မျှတာဝန်ကျေဖို့လို
ကြောင်းတို့ကို ကောင်းစွာသိရှိလာမည်သာ ဖြစ်ပါသည်။ ဤအသိတရားတို့ကို နှလုံး
ပိုက်ခြင်းဖြင့် (၀ါ) ဤသဘောတရားကို ပွားများခြင်းဖြင့် ကံတရားမှ ကောင်းသော
သင်ခန်းစာများ ရယူနိုင်ပါသည်။ အခြားဗဟုသုတများကိုလည်း ရယူနိုင်ပါသည်။
ဥပမာ- ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုတို့ကိုပြုလုပ်ရာတွင် ကံသည်ကောင်းသော
အကျိုးကို ဖြစ်စေမည်။ မကောင်းသောအကျိုးကို မဖြစ်စေနိုင် စသည်တို့ကို သိရှိထားခြင်းဖြင့်
သည်းခံခြင်းသဘောတရားကို ကောင်းစွာနှလုံးသွင်းခြင်းဖြင့် ဒေါသသည် စိတ်
ချောက်ချား တုန်လှုပ်မှုများကို ထိန်းသိမ်းနိုင်မည်ဖြစ်ပါသည်။ အကယ်၍ အတိဒုက္ခ
တစ်ခုခုနှင့် ရင်ဆိုင်တွေ့ကြုံရသည့်တိုင်အောင် ငါသည်မကောင်းသောအမှုကို ပြုခဲ့
မိသောကြောင့် မိုက်ကြွေးဆပ်ရခြင်းဖြစ်သည်ဟု မိမိစိတ်ကို မိမိဖြေဖျောက်၍ နောက်ထပ်
မကောင်းသောကံအမှုတို့ကို ရှောင်ရှားမည်ဖြစ်ပါသည်။ သုခချမ်းသာ စသည်ကို ခံစားရ
လျှင်လည်း ငါသည်ကောင်းသော ကံအမှုတို့ကိုပြုခဲ့၍ ယခုကောင်းကျိုးချမ်းသာတို့ကို
ခံစားရခြင်းဖြစ်သည်။ နောင်ကို သည့်ထက်ကောင်းသော ကံအမှုတို့ကိုသာ လုပ်မှတော်
မည်စသည်ဖြင့် အောက်မေ့ဆင်ခြင်မည် ဖြစ်ပါသည်။
                   ကံအကြောင်းတရားကို ကောင်းစွာနားလည်းခြင်းဖြင့် မိမိကိုယ်ကိုမိမိ အားကိုးသည့်
စိတ်ယုံကြည်သည့်စိတ်လည်း မွေးမြူနိုင်ပါသည်။ ကံဆိုသည့် သဘောဓမ္မတရားသည်
အလွန်တိကျဖြောင့်မှန်သည့်သဘောကို ဆောင်သောကြောင့် အသိအလိမ္မာဉာဏ်ပညာရှိသူတိုင်း ကံကိုစိုးရိမ်ကြောင့်ကျဖို့မရှိပါ။ ကံကိုစိုးရိမ်ကြောင့်ကျခြင်းဖြင့်ယုံကြည်မှုကင်းလျှင် ကံနိယာမသဘောတရားအမှန်ကို နားမလည်ဟုဆိုရပါမည်။ကံကို စိုးရိမ်ကြောင့်ကျဖို့မလိုပါ။ ကံသည်မမှန်တာကိုလည်း မလုပ်တတ်ပါ။ ကံကိုကောင်းကောင်းစိတ်ချရပါသည်။ မကောင်းမှုကို မလုပ်လျှင် ကံကိုဘာမျှ စိုးရိမ်စရာကြောက်စရာမရှိပါ။ အခြားမည်သူ့ကိုမျှအားမကိုးပဲ
မိမိရပ်တည်နိုင်ရန် ကံကစီမံပေးပါသည်။ ကိုယ့်ကိုကိုယ် ယုံကြည်အားကိုးစေရန် ကံကစီမံပေးပါသည်။
မိမိကိုယ်ကိုမိမိ ယုံကြည်အားကိုးခြင်းဖြင့် စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ်လျှင် လုံခြုံ
မှုတို့ကို အလိုလိုရစေနိုင်ပါသည်။ မည်သည့်အရပ်မှာနေနေ မည်သည့်အရပ်ကိုသွားသွား
ကံက အစောင့်အရှောက်ပေးပါသည်။ အတိတ်ကမည်သို့ပြုလုပ်ခဲ့ပါသနည်း။ အတိတ်က
လုပ်ခဲ့သောကံအားလျော်စွာ ယခုမျက်မှောက်ပစ္စုပ္ပန်၌ဖြစ်ရပါမည်။ ယခုမျက်မှောက်ပစ္စုပ္ပန်ပြု
လုပ်သည့်အားလျော်စွာ အနာဂတ်၌ ဖြစ်ရပါမည်။ ယခုပစ္စုပ္ပန်
၌ ကောင်းသောအမှုကို ပြုလုပ်သလောက် အနာဂတ်အကျိုးကို ခံစားရမည်ဖြစ်သော
ကြောင့် အနာဂတ်မျှော်လင့်ချက်သည် အလွန်ကြီးမားပါသည်။ ကိုယ့်အားကိုကိုးသည့်
စိတ်သည် အလွန်ကြီးမားလာပါသည်။ ပြင်ပမှ အားကိုးစရာတို့ကိုပင် တောင့်တစရာမလို
ပါ။ ပြင်ပအားကိုးဆိုသည်မှာ အားထားစရာအစစ်မဟုတ်ပါ။
                   ကံအကြောင်းကို ကောင်းစွာနားလည်သဘောပေါက်လျှင် မိမိကိုယ်မိမိ ကောင်းစွာ
ထိန်းကျောင်းနိုင်မည်ဖြစ်ပါသည်။ အကယ်၍ မကောင်းမှုတစ်ခုခုကို ပြုလုပ်လျှင် ၎င်း
မကောင်းမှု၏ဂယက်သည် ပြုလုပ်သူကိုပင်ပြန်ရိုက်မည်ဟု အမှန်ရိပ်စားမိကာ ကာယကံမှု၊
ဝစီကံမှု၊ မနောကံမှုတစ်ခုခုကို ပြုလုပ်တိုင်းပြုလုပ်တိုင်း မကောင်းတာ၊ မမှန်တာ၊ မစင်
ကြယ်တာတွေ လျှောက်ဖြစ်မှာ စိုးရိမ်သည့်အတွက် များစွာသတိထားစဉ်းစားမည်
လုပ်ကိုင်မည်သာ ဖြစ်ပါသည်။ သို့မှသာ ကိုယ့်အကျိုးသူ့အကျိုး အတ္တဟိတ၊ ပရဟိတ
တရားနှင့် ညီပါမည်။
                   ဤကံတရားကို ကောင်းစွာထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် မိမိ၏ သြဇာ
အာဏာ တန်ခိုးတိုးတက်မြင့်မားလာကာ ကျော်ဇောထင်ရှားသည့်ပုဂိ္ဂလ်တစ်ဦး
ဖြစ်လာနိုင်ပါသည်။ ကံကို နေ့စဉ်သင်ခန်းစာကဲ့သို့ ကောင်းစွာလေ့ကျင့် စောင့်ထိန်း
လာလျှင် မကောင်းသောအကုသိုလ်အမှုတို့နှင့် မကောင်းသော ချွတ်ယွင်းမှု၊ မှားယွင်းမှု
တို့ကို ရှောင်ရှားကျော်လွှားနိုင်ရုံမက ကာမာသ၀၊ ဘ၀ါသ၀၊ ဒိဋ္ဌာသ၀၊ အ၀ိဇ္ဇာသ၀ဟု
ဆိုအပ်သော ဘ၀နှောင်ကြိုးအမျိုးမျိုးတို့ကို ဖြတ်တောက်နိုင်ခြင်းဖြင့် နောက်ဆုံးပန်းတိုင်
ဖြစ်သော ဒုက္ခခပ်သိမ်းကင်းငြိမ်းရာ နိဗ္ဗာန်သို့ အရောက်သွားနိုင်မည်သာ ဖြစ်ပါသည်။
                   ဤတွင် သတိပြုရန်မှာ ကံဆိုသည့်အထက်ပိုင်းတွင် အပြားအားဖြင့်
အမျိုးမျိုးအစားစား ပြခဲ့သည့် ကုသိုလ်ကံ၊ အကုသိုလ်ကံ(၀ါ) ကိုယ်နှုတ်နှလုံးတို့၏
ကောင်းသော ကာယကံ၊ ၀စီကံ၊ မနောကံ၊ မကောင်းသော ကာယကံ၊ ကာယကံ၊ ၀စီကံ၊
မနောကံတို့၏လုပ်ငန်းကား သည်တွင်ပြီးဆုံးခြင်းသို့ ရောက်ပါပြီ။ ဘ၀နှောင်ကြိုးအမျိုး
မျိုးတို့ကို ပြတ်တောက်သွားသည့်နောက် ၎င်း၏စခန်းသည်ကုန်ပါပြီ။ အထက်တွင်
ပြောဆိုခဲ့သည့်အတိုင်း ကံ၏စခန်းသည် လောကဆိုသည့် (၃၁)ဘုံအတွင်းမှာသာ ရှိပါ
သည်။ (၃၁) ဘုံကကျော်လွန်သည့် လောကုတ္တရာနယ်မြေနှင့် မဆိုင်တော့ပါ။ (၃၁) ဘုံ
ပြင်ပ၌ ကံသည်ဘာမျှမတတ်နိုင်တော့ပါ။ ကောင်းသည့်အမှု၊ ဆိုးသည့်အမှု ဘာမျှ
မလုပ်နိုင်တော့ပါ။
ကံ၏အကျိုးတရား ဇာတိ ပဋိသန္ဓေ
                   ဤကံအကြောင်းကို လက်စမသတ်မီ ကံ၏အကျိုးတရား ဇာတိပဋိသန္ဓေ
အကြောင်းကို အနည်းငယ်ဆက်လက်ပြောဖို့ လိုပါသည်။ အထက်ပိုင်းတစ်နေရာ၌
သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ အနတ္တဓမ္မစသည်တို့ကို ဆွေးနွေးစဉ် ဘ၀ပြဿနာနှင့် ပတ်သက်၍ံနှင့်ဇာတိ၊
ပဋိသန္ဓေအကြောင်းကို အနည်းငယ်တင်ပြခဲ့ပါသည်။
                   ဇာတိဆိုသည့် ပဋိသန္ဓေအကြောင်းကို နားလည်သဘောပေါက်ဖို့ရန် ပဋိစ္စ
သမုပ္ပါဒ်ဒေသနာနှင့် ကံ၏သဘာဝတ္တကို ကျောထောက်နောက်ခံအဖြစ်ထားကာ
လေ့လာရပါမည်။ စုတိ-မရဏဆိုသည့် သေခြင်းတရားသည် အမှန်အားဖြင့် မမြဲသော
သဘောရှိသော လောကဓါတ်သဘာဝ၏ ဖြစ်ပျက်အစဉ်ကွင်းဆက် ခေတ္တပျက်သွားခြင်း
ကုန်ဆုံးသွားခြင်း စသည်တို့ကို ဆိုလိုပါသည်။ သတ္တ၀ါသည် အပြီးတိုင် ဘုံဇာတ်သိမ်း
သွားခြင်းမဟုတ်သေးပါ။ တစ်ခါတည်းကိစ္စတုံးမသွားသေးပါ။ အားလုံးချုပ်ငြိမ်း
သွားခြင်း မဟုတ်သေးပါ။ နာမကာယ၊ ရူပကာယ၊ ရုပ်နာမ်ခန္ဓာ အစုအဝေးကြီးသည်၊
ပျက်စီးရပ်တန်းသွားသော်လည်း ဤသည်အထိ ခုတ်မောင်းပေးနေသော ယန္တယား
စက်အရှိန်ဓါတ်အားသည် ပျောက်ပျက်မသွားသေးပါ(၀ါ) အဟုန်အရှန်အကုန်သေးပါ
သတ္တ၀ါလို့ခေါ်သည့် ခန္ဓာအစိတ်အပိုင်း အထည်ကိုယ် ဒြပ်ပုံသဏ္ဍာန်များသည် မံသစက္ခု
ပကတိမျက်စိဖြင့် မမြင်နိုင်သည့်ကံအဟုန် (၀ါ) အထက်တွင်ဖေါ်ပြခဲ့သည့် ကောင်းသော
ကုသိုလ်ကာယကံ၊ ၀စီကံ၊ မနောကံ၊ မကောင်းသောအကုသိုလ် ကာယကံ၊ ၀စီကံ၊
မနောကံ၊ အရှိန်တို့၏သတ္တိတန်ခိုးကြောင့်ဖြစ်ပေါ်သော အသွင်အရိပ် နိမိတ်တို့ပင်ဖြစ်ပါ
သည်။ ဤကံအဟုန်အရှိန်ခေါ် ကံဓါတ်အားတွင် မီးခဲပြာဖုံးဆိုသလို အခိုက်အတန့်အား
ဖြင့် ငုပ်လျှိုးနေသော်ငြားလည်း အခါအခွင့်သင့်လျှင် မျက်နှာပြင်သို့ ချက်ချင်းပေါ်
တက်လာနိုင်သည့် သတ္တိအင်္ဂါလက္ခဏာများ ကိန်းဝပ်လျက်ရှိနေပါသည်။ လက်ရှိခန္ဓာ
ကိုယ် ပျက်စီးသွားသောအခါ ကံအားလျော်စွာ အသစ်ခန္ဓာကိုယ်ပေါ်လာပါသည်။(၀ါ)
အတိတ်ကာလ မရဏာသန္နအခါ၌ ဖြစ်ပေါ်သော ဇနကကံဟုခေါ်သည့် အလွန်အား
ကောင်းသော ကုသိုလ်ဇော အကုသိုလ်ဇောအဟုန်သတ္တိကြောင့် ရုပ်နာမ်အစုအဝေး
ခန္ဓကိုယ်အသစ် ပေါ်လာရပါသည်။ သတ္တ၀ါသေသည်၌ ခန္ဓာကိုယ် အထည်ဒြပ်
ပျက်စီးယိုယွင်းသွားပါသော်လည်း မရဏ သန္နဇောဟုခေါ်သည့် ကံအဟုန်သည် ဆုတ်
ယုတ်မသွားပါ။ လျော့ပါးမသွားပါ။ ပျက်ပြားမသွားပါ။ အလွန်အားကောင်းလျက်
ပင် ရှိပါသည်။ ထိုအခါ စုတိစိတ်၏ဘင်ခဏ၌ အနန္တရစသော ပစ္စည်းတို့၏တန်ခိုး
သတ္တိအဟုန်ကြောင့် ပဋိသန္ဓေအသစ်ပေါ်လာရပါသည်။ (နဒီသောတောပီယ) မြစ်ရေ
အလျဉ်ကဲ့သို့ စီးဆင်းနေသော ၀ိညာဏဓါတ်စိတ္တုပ္ပါဒ်အစဉ်သည် သတ္တ၀ါ၊ စုတိစိတ်
ကျသေဆုံးသွားသည့်အတွက် ပြတ်သားသည်မဟုတ်ပါ။ ပြဆိုခဲ့သည်အတိုင်း ဘ၀ဟောင်း
မရဏာ သန္နစုတိစိတ်၏ အနန္တရပစ္စည်းစသည့် အဟုန်အရှိန်တန်ခိုးသတ္တိကြောင့်
ကြားကာလ လုံးဝမရှိဘဲ ဘ၀သစ် ခန္ဓာကိုယ်သစ်တွင် ပဋိသန္ဓေစိတ် အသစ်ပေါ်ရ
ပြန်ပါသည်။ စုတိဆိုသည့် သေခြင်းတရားသည် ဘင်ဆိုသည့်စိတ်ခဏငယ်မျှသာ
ကြာသလို ဇာတိဆိုသည့် ပဋိသန္ဓေစိတ်သည်လည်း ဥပါဒ်ဆိုသည့် စိတ်တစ်ခဏ
ငယ်မျှသာ ကြာပါသည်။ အဆိုပါ ဘင်နှင့် ဥပါဒါန်တို့၏ စပ်ကြား၌ အကြားမရှိပါ။
စုတိစိတ်၊ ဘင်ခဏပြီးလျှင်ပြီးချင်း ပဋိသန္ဓေစိတ် ဥပါဒ်ချက်ချင်း ဆက်လက်ပေါ်လာ
ပါသည်။ အဘိဓမတ္တသင်္ဂဟခေါ် လက်သန်း အဋ္ဌကထာ သင်္ဂြီဟ်ကျမ်းတွင် ဇာတိ
ပဋိသန္ဓေစိတ်ဖြစ်ပေါ်ပုံကို အောက်ပါအတိုင်းပြထားပါသည်။
                   တသ်္မိံနိရုဒ္ဓါဝသာနေ၊ တဿနန္တရမေ၀၊ တထာဂတမိတံ၊ အာရမ္ဗဏံ၊
                   အရဗ္ဘ၊ သ၀တ္တုကံ၊ အ၀တ္တုကမေ၀ ၀ါ ယထာရဟံ၊ အ၀ိဇ္ဇာနုသယ
                   ပရိက္ခိတ္တေန တဏှာနုသယမူလကေနု သင်္ခါရေနဇနိယမာနံ၊
                   သမ်္ပ ယုတ္တေဟိ ပရိဂ္ဂယှမာနံ သဟဇာတနံ မဓိဋ္ဌာန ဘာဝေန၊
                   ပုဗ္ဗင်္ဂမဘူတံ၊ ဘ၀န္တရ ပဋိသန္ဓေန ၀သေန ပဋိသန္ဓိသင်္ခါတံ၊
                   မာနသံ ဥပ္ပဇ္ဇမာနမေ၀၊ ပတိဋ္ဌာတိ ဘ၀န္တရေ။
                   တသ်္မိံ၊ ထိုစုတိစိတ်သည်၊ နိရုဒ္ဓေ၊ ချုပ်ပြီးသည်ရှိသော်၊ နိရုဒ္ဓါဝသာန၊
ချုပ်သည်၏ အဆုံး၌ သဿ၊ ထိုစုတိစိတ်၏၊ အနန္တရမေ၀၊ အခြားမဲ့၌သာလျှင်၊
တထာဂဟိတံ ထိုသို့သောအချင်းအရာဖြင့် ဆဒွါရိကမရဏသန္နဇောသည် ယူအပ်သော
အာရမ္မဏံ၊ ကံ၊ ကမ္မနိမိတ် ဂတိနိမိတ်ကို အာရဗ္ဗ အာရုံပြု၍ သ၀တ္တုကံ ၀ါ ၀တ္ထုရှိသည်ဖြစ်၍
လည်းကောင်း၊ အ၀တ္ထုကမေ၀ (၀ါ) ၀တ္ထုမရှိသည်ဖြစ်၍လည်းကောင်း၊ ယထာ
ရဟံ၊ ထိုက်သည့်အားလျော်စွာ၊ အ၀ိဇ္ဇာနုသယပရိက္ခတ္တေန။ အ၀ိဇ္ဇာနုသယသည် ခြံရံအပ်
သော တဏှာနုသယမုလတေန၊ တဏှာနုသယလျှင် အကြောင်းရင်းရှိသော၊ သင်္ခါရေန၊
ကုသိုလ်အကုသိုလ်ကံသည်၊ ဇနိယမာနံ ဖြစ်စေအပ်သော သမ်္ပယုတ္တေတိ၊ ဖဿ၊ ဝေဒနာ
အစရှိသော တရားတို့သည်၊ ပရိဂ္ဂယှမာနံ ခြံရံ၍ယူအပ်သော သဟဇာတာနံ
ဖဿဝေဒနာအစရှိသော သဟဇာတ်တရားတို့၏၊ အဓိဋ္ဌာနဘာဝေန၊ တည်ရာ၏ အဖြစ်
ဖြင့် ပုဗ္ဗင်္ဂမဘူတံ၊ ပြဋ္ဌာန်းသည်ဖြစ်၍ဖြစ်သော၊ ဘ၀န္တရ ပဋိသန္ဓာန၀သေန၊ ရှေ့နောက်
ဖြစ်သော၊ ဘ၀အထူးကို တစ်စပ်တည်းကဲ့သို့ စပ်တတ်သည့်အစွမ်းဖြင့်၊ ပဋိသန္ဓိသင်္ခါတံ
ဘ၀န္တရေ၊ ဘ၀တစ်ပါး၌ (၀ါ) ဘ၀သစ်၌ ပတိဋ္ဌတိ၊ တည်နေ၏။
နာမ် - နာမ်ခြင်းကျေးဇူးပြု
                   အဆိုပါစုတိစိတ် မရဏာသန္နဇောအဟုန် အကြောင်းကံကြောင့် ပစ္စုပ္ပန် ဇာတိ
ပဋိသန္ဓေစိတ် အကျိုးဝိပါတ်ပေါ်ရခြင်းကို၊ နာမ်တရားအချင်းချင်း ကျေးဇူးပြုပုံ အနန္တရ
ပစ္စည်းစသည်တို့အား လက်သန်းအဋ္ဌကထာ၌ပင် ပြထားတော်မူသည်မှာကား-
                   အနန္တရ၊ နိရုဒ္ဓါ၊ စိတ္တစေတသိကာ၊ ဓမ္မာ၊ ပဋုပန္နာနံ၊
                    စိတ္တစေတသိကာနံ၊ ဓမ္မာနံ၊ အနန္တရသမနန္တရနတ္ထိ
                   ၀ိဂတ ၀သေန၊ ပုရိမာနိ၊ ဇ၀နာနိ၊ ပစ္ဆိမာနံ၊ ဇ၀နာနံ
                   အာသေ၀န၊ ၀သေန၊ သဟဇာတာ၊ စိတ္တစေတသိကာ၊ ဓမ္မာအညမညံ
                   သမ်္ပယုတ္တ၀သေနေဘိစ၊ ဆဓါ၊ နာမံ နာမဿ၊ ပစ္စယော ဟောတိ။
                   အနန္တရနိရုဒ္ဓါ၊ အခြားမဲ့၌ဖြစ်၍ ချုပ်ကုန်ပြီးသော၊ စိတ္တစေတသိကာ စိတ်
စေတသိက်ဖြစ်ကုန်သော ဓမ္မာ၊ ရဟန္တာတို့၏ စုတိ ကြဉ်သောစိတ်တစ်ခု ယုတ်ကိုးဆယ်
စေတသိက် ဒွေပညာသနာမက္ခန္ဓာတို့သည်၊ ပစ္စုပ္ပန္နနံ၊ မိမိတို့အကုသိုလ်၌ ဖြစ်ကုန်သော
စိတ္တစေတသိကာနံ၊ စိတ်စေတသိက်ဖြစ်ကုန်သော ဓမ္မာနံ၊ ရဟန္တာတို့၏စုတိစိတ်
နှင့်တကွ စိတ်တစ်ခု ယုတ်ကိုးဆယ်စေတသိက် ဒွေပညာသ၊ နာမက္ခန္ဓာတို့အား
အနန္တရ သမနန္တရ နတ္ထိဝိဂတ၀သေန အနန္တရသတ္တိ၊ သမနန္တရသတ္တိ နတ္ထိသတ္တိ
ဝိဂတသတ္တိဖြင့် ပစ္စယာဥပကာရကား၊ ကျေးဇူးပြုတတ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
ပုရိမာနိ ရှေးရှေး၌ဖြစ်ကုန်သော ဇ၀နာနိ၊ အဆုံးဇော မဂ်ဇော၊ ဖိုလ်ဇော ကြဉ်သောဇော
သတ္တစတ္တာလီသစေတသိက် ဒွေပညာ သနာမက္ခန္ဓာတို့သည်၊ ပစ္ဆိမာနံ၊ နောက်နောက်၌
ဖြစ်ကုန်သော ဇ၀နာနံ၊ ပဌမဇော ဖိုလ်ဇော ကြဉ်သောဇော ဧက ပညာသ စေတသိက်
ဒွေး၊ ပညာသ၊ နာမက္ခန္ဓာတို့အား အာသေ၀န ၀သေနစ၊ အာသေ၀နသတ္တိဖြင့်လည်း
ပစ္စယာဥပကာယကာ ကျေးဇူးပြုတတ်ကုန်သည်၊ ဟောန္တိ ဖြစ်ကုန်၏။ သဟဇာတာ၊
အတူတကွဖြစ်ကုန်သော၊ စိတ္တစေတသိကာ စိတ်စေတသိက်ဖြစ်ကုန်သော ဓမ္မာရဟန္တာ
တို့၏ စုတိကြဉ်သော စိတ်တစ်ခု ယုတ်ကိုးဆယ် စေတသိက် ဒွေပညာသ နာမက္ခန္ဓာတို့
သည် အညမည အချင်းချင်း (၀ါ) အညမည၊ အညောအညဿ၊ တစ်ပါးသည် တစ်ပါး
အား သမ်္ပယုတ္တ၀သေန၊ သမ်္ပယုတ္တသတ္တိဖြင့် ပစ္စယာဥပကာရကာ ကျေးဇူးပြုကုန်သည်၊
ဟောန္တိ၊ ဖြစ်ကုန်၏။ ဣတိ၊ ဤသို့၊ နာမံ၊ စုတိစိတ်အစရှိသောနာမ်တရားတို့သည်၊
နာမဿပဋိသန္ဓေစိတ်အစရှိသော နာမ်တရားအချင်းချင်းအား၊ ဆဓါ၊ ခြောက်ပါးသော
အချင်းအရားဖြင့်၊ ပစ္စယော၊ ဥပကာယကော၊ ကျေးဇူးပြုသည် ဟောတိဖြစ်၏။
                   ပဋ္ဌာန်းကျမ်းပစ္စယနိဒ္ဒေယသ၊ ကမ္မပစ္စည်းတွင် ဟောတော်မူသည်မှာ-
                   ကမ္မပစ္စယောတိ ကုသလာကုသလံ ကမ္မံ ၀ိပါကာနံ ခန္ဓာနံ 
                   ကဋတ္တာစရူပါနံ၊ ကမ္မပစ္စယေန ပစ္စယော။ 
                   စေတနာသမ်္ပယုတ္တာကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ်္ဇရူပါနံ
                   ကမ္မ ပစ္စယေန ပစ္စယော။
          ကမ္မပစ္စယောတိ၊၏ကမ္မပစ္စည်းဟူသည်ကား၊ကုသလာကုသလံ၊၏ကုသိုလ်အကုသိုလ်ဖြစ်သော၊ ကမ္မံ၊ နာနာက္ခဏိက စေတနာကံသည်၊ ၀ါပါကာနံ၊ အကျိုးဝိပါက်ဖြစ်ကုန်သော ခန္ဓာနဉ်္ဇ၊ နာမက္ခန္ဓာတို့အားလည်းကောင်း ကဋတ္တာ ရူပါနဉ်္ဇ၊ ကမ္ဗဇရုပ်တို့အားလည်းကောင်း ကမ္မပစ္စယေန မျိုးစေ့သဘာဝကမ္မပစ္စယသတ္တိဖြင့်၊ ပစ္စယောဥပကာယကော ကျေးဇူးပြုတတ်သည်။ ဟောတိ ဖြစ်၏။
          တစ်နည်း ကမ္မပစ္စယေန ကောင်းစွာသိုမှီးသိမ်းဆည်း စီရင်အပ်သော မျိုးစေ့သည် အညွှန့်အညှောက်၏ ဖြစ်ခြင်းငှာ အမူအရာလုံလ၏ အဖြစ်ဖြင့်ကျေးဇူးပြုသကဲ့သို့
ကျေးဇူးပြုသည့် မျိုးစေ့တည်းဟူသော ကမ္မပစ္စယသတ္တိဖြင့် ပစ္စယောဥပကာယကော
ကျေးဇူးပြုတတ်သည်၊ ဟောတိ၊ ဖြစ်၏။
          စေတနာ စိတ်တစ်ခုယုတ်ကိုးဆယ်ရှိသော စေတနာတစ်ခုယုတ်ကိုးဆယ်သည် ပမ္ဗယုတ္တကာနံ ယှဉ်ဘက်ဖြစ်ကုန်သော ဓမ္မာနဉ်္ဇစိတ်စေတသိက် တရားတို့အားလည်းကောင်း တံသမုဋ္ဌာနာနံ ထိုစေတနာကြောင့်ဖြစ်ကုန်သော ရူပါနဉ်္ဇစိတ္တဇရုပ်ပဋိသန္ဓေ ကမ္မဇရုပ်တို့အားလည်းကောင်း ကမ္မပစ္စယေန မျိုးစေ့သဘာဝ ကမ္မပစ္စယသတ္တိဖြင့် ပစ္စယော ဥပကာယကော ကျေးဇူးပြုတတ်သည်၊ ဟောတိ ဖြစ်၏။
                   ဤဇာတိပဋိသန္ဓေအကြောင်းကို ကွယ်လွန်သူ ကမ္ဘာကျော်ပါဠိပါရဂူတစ်ဦး
ဖြစ်သူ ဂျာမနီလူမျိုးဗုဒ္ဓဘာသာဘုန်းတော်ကြီး အရှင်ဉာဏတိလောကက သုံးသပ်ထား
သည်ကို အောက်တွင်အကျဉ်းချုံးကာ မြန်မာဘာသာပြန်၍ ဖေါ်ပြပါသည်။
ဂျာမန်ဘုန်းတော်ကြီး ဉာဏတိလောက၏ ဇာတိပဋိသန္ဓေတရား
                   ဗုဒ္ဓဘာသာအယူဝါဒအရ မည်သည့် ရုပ်ဓါတ်အစုအဝေး နာမ်ဓါတ်အစုအဝေး၊ (၀ါ)
ရုပ်ခန္ဓာ၊ နာမ်ခန္ဓာမှအတိတ်အကြောင်းမပြည့်စုံပဲ(၀ါ) သင့်မြတ်လျော်ကန်လျောက်ပတ်
သည့်ကနဦးအကြောင်း အထောက်အပံ့မရှိပါဘဲ ဘ၀ဇာတိဖြစ်လာမည်မဟုတ်ပါ။
မည်သည့်သက်ရှိသတ္တ၀ါမှ အကြောင်းမဲ့ဖြစ်ပေါ်မလာနိုင်ပါ။ ဥပမာ- ပိုးလောက်လန်း
စသည်တို့ဖြစ်စေ သီးနှံအဖူးအငုံအပွင့် စသည်တို့ဖြစ်စေ၊ တစ်မျိုးမဟုတ်တစ်မျိုး တစ်နည်း
မဟုတ်တစ်နည်းဆိုသလို ကြောင်းကျိုးဆက်ကာ ပေါ်ပေါက်ကြီးထွားသန်စွမ်း လာရ
ပါမည်။ ဇာတိပဋိသန္ဓေတည်ကာ ကြီးပြင်းလာရန်အတွက်၊ ဤအကြောင်းအရင်း အခြေ
အမြစ်မျိုးစေ့တို့သာမက၊ အခြားပတ်ဝန်းကျင်အခြေအနေ အကြောင်းခံကလေးများ
လည်း ပြည့်စုံရပါမည်။ ဥပမာ- သရက်ပင်ပေါက်ပွား သန်မာကြီးပြင်းလာရန် အခြေခံ
အကြောင်းအရင်းသည် သရက်စေ့ပင်ဖြစ်ငြားသော်လည်း အခြားရေမြေ အလင်းရောင်
အပူဓါတ်အစရှိသည့် ပတ်ဝန်းကျင်အထောက်အပံ့များကြောင့်လည်း လိုအပ်ပါသည်။
ဤသဘောတရားအတိုင်း သတ္တ၀ါတစ်ဦး၏ ဇာတိပဋိသန္ဓေနှင့်တကွ ၎င်း၏ဘဝ
အခြေအနေ အဆင့်အတန်း လက္ခဏာ စိတ်နေသဘောထား အကျင့်စရိုက်စသည်တို့သည်၊
အတိတ်ဘ၀၌ပြုခဲ့သော စေတနာကံ (၀ါ) ကာယကံ၊ ၀စီကံ၊ မနောကံ၊ အစရှိသည့်
အကြောင်းတရားတို့၏ ၀ိပါက်အကျိုးတရားများဖြစ်သည်ဟု ဆိုရပါမည်။ လူသား တစ်ဦး   
ဇာတိပဋိသန္ဓေဖြစ်ဖို့ရန်(၀ါ) အမိဝမ်းတွင်း ပဋိသန္ဓေတည်ဖို့ရန် အရေးကြီးသည့်
အကြောင်းခြင်းရာသုံးပါးရှိပါသည်။ (၁) အမိ၏သွေးမှ အိုဗန်ခေါ် အမဓါတ် ပိုးဥ(၂)
အဖ၏သုတ်မှ စန်ပန်းခေါ် အဖိုဓါတ်ပိုး၊ (၃) ကမ္မဝေဂ ခေါ်ကံအဟုန်ဂန္ဓဗ္ဗလို့လည်း
ပါဠိဘာသာဖြင့် တင်စားပြီးခေါ်ကြပါသည်။ ဤကံအဟုန် ကမ္မဝေဂခေါ် ကမ္မဓါတ်
အားကား စုတိစိတ်ကျသူထံမှ ရောက်လာခြင်းဖြစ်သည်။ အမိသစ်၊ အဖသစ်တို့၏
တာဝန်မှာ သန္ဓေသစ်တည်ရာမှီရာ ကာလလရေကြည်ရုပ်ကလာပ်ကလေးများ ပြုလုပ်
ပေးရခြင်းဖြစ်ပါသည်။ ဤသံသေဒဇအတွင်း ကိန်းအောင်းနေသည့် အကျင့်စရိုက်
စိတ်နေသဘောထား အမူအရာလက္ခဏာအစရှိသည်တို့နှင့် ပတ်သတ်၍ ဗုဒ္ဓဘာသာ၏
ယူဆချက်မှာ အောက်ပါအတိုင်းလိုပင် ဖြစ်ပါသည်။
                   သတ္တ၀ါတစ်ဦးသည် သေခါနီး(၀ါ) စုတိစိတ်ကျလုကျဆဲ၌၊ ဘ၀ကို တပ်မက်
စွဲလန်သော ဘ၀တဏှာခေါ် ဘ၀နိကန္တိဇောသည် အလွန်ပြင်းစွာတုန်လှုပ်
ချောက်ချားနေပါ၏။ ဤသို့ တုန်လှုပ်ချောက်ချားနေသော ဘ၀တဏှာကြောင့် ၎င်း
သေမည့်ဆဲဆဲဖြစ်နေသူသည်၊ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ဆိုသည့် မရဏာသန္နဇော
ငါးတန်ကျနေစဉ် ကံအဟုန်ခေါ် ကမ္မဓါတ်အားများကို လွှတ်ပါတော့သည်(၀ါ) ဇောစိတ်
ဓါတ်လှိုင်းတွေ တိုက်ခတ်လာပါတော့သည်။ ဤသို့တိုက်ခတ်လာသော ကမ္မဓါတ်
အားစု(၀ါ) ဇောစိတ်ဓါတ်လှိုင်းခေါ် ကမ္မဝေဂကံအဟုန်သည် သန္ဓေယူမည့်ဆဲဆဲ
အမိဝမ်းတွင်းသို့ လျှပ်စစ်ရောင်ခြည် ဟပ်လိုက်သကဲ့သို့ ဟပ်လိုက်ခြင်းဖြင့် (၀ါ) သံနှင့်
သံလိုက်ဓါတ်တွေ့လိုက်သကဲ့သို့ တွေ့လိုက်ခြင်းဖြင့် မိဘနှစ်ပါး၏ ဖိုဓါတ် မဓါတ်
ဓါတ်ပေါင်းစုကို တိုက်ခတ်ကာ အလွန်သေးငယ်သော အနယ်အနှစ်အစက်ကလေးပမာ
 အာလလရေကြည်ခေါ် ရုပ်ကလာပ် သံသေဇကလေး ပေါ်လာစေတော့၏။
အင်္ဂလိပ်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အရှင်သ်ီလာစာရ၏ဇာတိပဋိသန္ဓေပြဿနာ
                   ဤဇာတိပဋိသန္ဓေပြဿနာနှင့် ပတ်သတ်၍ ဗုဒ္ဓအဘိဓမ္မာပါရဂူတစ်ဦးဖြစ်သော
ကွယ်လွန်သူ အင်္ဂလိပ်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး သီလာစာရ၏ ဆောင်းပါးတစ်ခုမှ
အောက်ပါ ကောက်နှုတ်ချက်ကလေးသည် မှတ်သားဖွယ်ကောင်းလှပါသဖြင့် အကျဉ်းချုပ်
၍ မြန်မာဘာသာသို့ ပြန်ကာဖေါ်ပြလိုက်ပါသည်။
                   အတိတ်ကံဓါတ်အားအရှိန်ကြောင့် (၀ါ) အတိတ်ကံအဟုန်ကြောင့် ဘ၀သစ်
တွင် ပေါ်လာသော သတ္တ၀ါသည် ဘ၀ဟောင်းမှသတ္တ၀ါလည်းမဟုတ် ၎င်းကို ဖွဲ့စည်း
ထားသည့် ခန္ဓာအာယတနဓါတ်တို့သည်လည်း ဘ၀ဟောင်းက သတ္တ၀ါကို ဖွဲ့စည်းထား
သည့် ခန္ဓာ၊ အာယတနဓါတ်တို့မဟုတ်။ သို့သော်လည်း ဘ၀ဟောင်း သတ္တ၀ါနှင့်
ဘ၀သစ်သတ္တ၀ါတို့သည် တစ်ဦးနှင့်တစ်ဦး လုံးလုံးဘာမှမဆိုင် မပတ်သတ်သည်လည်း
မဟုတ် ၎င်းတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး ကံအကြောင်းဆက်အားဖြင့် မကင်းကြ
ပေ။ ဥပမာ- လူတစ်ယောက်အား ၎င်းမွေးဖွားသည့်အချိန်မှစ၍ သေဆုံးသည့် အချိန်အထိ
ဘ၀ဖြစ်စဉ်ကို ရုပ်ရှင်ရိုက်ကြည့်လျှင် အထင်အရှားတွေ့မြင်ရမည့်အချက်မှာ ရုပ်ရှင်ကား
ဖလင်ကလေးတွေပေါ်ရှိ ၎င်းလူ၏ပုံသဏ္ဍာန်အသွင်အပြင် ဟန်အမူအရာတို့သည်
တစ်ခုနှင့်တစ်ခုအလျဉ်းမတူဘဲ တစ်မျိုးတစ်ဖုံစီ ကွဲပြားခြားနားနေမည် ဖြစ်ပါသည်။
နို့စို့အရွယ်မှ၊ နို့ညှာအရွယ်သို့လည်းကောင်း နို့ညှာအရွယ်မှ၊ လူငယ်အရွယ်၊ လူငယ်
အရွယ်မှ၊ လူလတ်အရွယ်၊ လူလတ်အရွယ်မှ၊ လူကြီး၊ လူကြီးအရွယ်မှ၊ လူအိုဘ၀၊
လူအိုမှ၊ လူနာ၊ လူနာမှ၊ လူသေသို့၊ အသီးသီးတစ်ရွယ်မှတစ်ရွယ်သို့၊ (၀ါ) တစ်ဘ၀မှ၊
တစ်ဘ၀သို့၊ ပြောင်းလဲကွဲပြားနေသည်ကို ထင်ရှားစွာတွေ့ရမည်ဖြစ်ပါသည်။ ဤကဲ့သို့
ရုပ်သဘာဝတွေ ပြောင်းလဲကွဲပြားနေသကဲ့သို့ နာမ်သဘာဝတွေလည်း ပြောင်းလဲကွဲပြားနေပါ
သည်။ သိတတ်သော လူကြီးဣနြေ္ဒဖြင့်၎င်း ထိုပုဂိ္ဂုလ်သည် မိမိ၏ဘ၀ဖြစ်စဉ်ကို
စဉ်းစားကြည့်လျှင် မိမိဖြစ်ခဲ့သော ကလေးသည် ယခုမရှိတော့ချေ။ ကလေးအရွယ်က
ကိုယ်ထည် အလုံးအရပ်နှင့် ယခုကိုယ်ထည်အလုံးအရပ်သည် လုံးလုံးမတူတော့ချေ။
ကလေးဘ၀က စိတ်နေသဘောထား နှစ်သက်သဘောကျမှုများ မနှစ်သက်သဘောမကျမှု
များ လိုလားချက်များ၊ မလိုလားချက်များ ယခုစိတ်နေသဘောထား နှစ်သက်သဘောကျ
မှုများ မနှစ်သက်သဘောမကျမှုများ စသည်တို့နှင့်လုံးလုံးမတူတော့ချေ။ သို့သော်ယခု
လူကြီးအနေဖြင့် ကလေးဘ၀ပြုလုပ်ခဲ့သည်တို့အတွက် တာဝန်ရှိပေသည်။ ကလေး
ဖြစ်စဉ်က ပြုလုပ်ခဲ့သောအကြောင်းကံကြောင့် ယခုအကျိုးဝိပါက် လူကြီးဖြစ်ရတော့၏။
ဤနည်းတူစွာ ဘ၀သစ်သို့ရောက်လာသော သတ္တ၀ါ၏ကံအဟုန်ခေါ် ဘ၀ဓါတ်လှိုင်း၏
ရေစီးကြောင်းသည် အတိတ်ဘ၀ကံအဟုန်ခေါ် ဘ၀ဓါတ်လှိုင်းရေစီးကြောင်းနှင့် အတူတူ
ပင် ဖြစ်ပါသည်။ တစ်ဆက်တည်းဆက်နေပါသည်။ ထို့ကြောင့် အတ္တ၀ါပြုလုပ်
ခဲ့သမျှကို ပစ္စုပ္ပန်၌ ဘ၀သစ်သတ္တ၀ါက တာဝန်ယူရပါသည်။ ဘ၀ဟောင်းက သတ္တ၀ါနှင့်
ဘ၀သစ်သတ္တ၀ါသည် ယနေ့(ကြီးပြင်းနေသူလူကြီးတစ်ယောက် ရှေးငယ်ရွယ်စဉ်ကာလက
ကလေးအရွယ်ရှိစဉ်တုံးက)နှင့် အလားတူပါသည်။ ထပ်ကြပ်တူပါသည်။ အပိုအလို
မရှိပါ။ ယင်းသဘောတရားများကို မိလိန္ဒမင်းကြီးက ရဟန္တာကြီးအရှင်နာဂသိန်အား-
                             ဘန္တေ နာဂသေ သော ဥပ္ပဇ္ဇတိ၊ သောဧ၀သော ဥဒါဟု အညောတိ။
                             အရှင်ဘုရား၊ ဘ၀သစ်တစ်ခုတွင် ပဋိသန္ဓေယူ၍ မွေးဖွားလာသူဟာ သတ္တ၀ါ
အသစ်စက်စက်လား၊ သို့မဟုတ် ဘ၀ဟောင်းကသတ္တ၀ါလားဟူ၍ မေးလျှောက်၏၊
အရှင်နာဂသိန်က-
                             န စ သော နာစ အညော တိ့်
                   အရှင်မင်းကြီးဘ၀သစ်တွင် ပဋိန္ဓေယူသူသည် ဘ၀ဟောင်းက သတ္တ၀ါလည်း
မဟုတ်၊ အခြားသတ္တ၀ါသစ်လည်းမဟုတ်၊ ဘ၀ဟောင်းကလူနှင့် ဘ၀သစ်ကလူသည်
အတူတူပင်ဟုလည်း မဆိုနိုင်ပါ။ တစ်ခြားစီဟုလည်း မဆိုနိုင်ပါ။ ဘ၀ဟောင်း၌ သတ္တ၀ါ
တစ်ဦးသေသွားလျှင် အခြားသတ္တ၀ါတစ်ဦးဆက်ဖြစ်ပါသည်။ ပဋိသန္ဓေအသစ်ဆက်
ဖြစ်ပါသည်။
                   မျက်မှောက်ဘ၀ သတ္တ၀ါတစ်ဦး၏ ဘ၀ပြဿနာ အရပ်ရပ်သည်ကား၊ ၎င်း၏
နောက်ဆုံးအတိတ်ကာလနှင့် အထက်ထက်သော အတိတ်ကာလတို့တွင် ဘ၀ပြဿနာအရပ်ရပ်ကို
ရင်ဆိုင်ရှင်းလင်းခဲ့သည့် လုပ်နည်းလုပ်ဟန် ကံအမှုတို့၏ သက်ရောက်ရာ အကျိုးဝိပါက်
များသာဖြစ်ပါသည်။ ၎င်း၏ အနာဂတ်သည်ကားဆိုလျှင်လည်း ပစ္စုပ္ပန် ယခု မျက်မှောက်
၌ မိမိပြုလုပ်သည့်ကာယကံ၊ ၀စီကံ၊ မနောကံတို့အပေါ်တွင် မူတည်ပါသည်။
ဗုဒ္ဓဘာသာဝင် အစစ် အမှန်ဖြစ်သူတစ်ယောက်သည် သေခြင်းတရားကို ဘ၀တစ်ခုနှင့်
တစ်ခု တစ်ခဏစပ်ကူးမတ်ကူး ကာလဟု ရှုမြင်ကာ (၀ါ) သဘောထားကာ တုန်လှုပ်
ချောက်ချားခြင်းမဖြစ်ပါ။ ယခုမျက်မှောက်၌ပြုလုပ်သော ကာယကံ ၀စီကံ မနောကံမှု
တို့သည် အနာဂတ်တွင် သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်ရေးသည် ဆက်လက်
ကြိုးပမ်းရာတွင် အထောက်အကူ ကောင်းစွာပြုမည်ဟု ယုံကြည်ပါသည်။ ကံတရားကို
ကောင်းစွာလက်ကိုင်ထားသူ၏ ယုံကြည်ချက်မှာ ၎င်း၏ အနာဂတ်ကောင်းစာရေးသည်
၎င်း၏အပေါ်သာတည်သည်။ ယခု မျက်မှောက်ဘ၀၊ ယခုမျက်မှောက်ကာလတွင်
မိမိကျင့်ကြံ အားထုတ်လုပ်ကိုင်မှု တို့သည်သာ မိမိ၏အနာဂတ်ကာလ၊ အနာဂါတ်ဘ၀ကို
အမှန်စင်စစ် ဖန်တီးပေးမည်ဟုယုံကြည် ခြင်းဖြစ်ပါသည်။
စိတ်ဓါတ်လှိုင်းလုံးကို ဓါတ်ပုံရိုက်ယူနိုင်ပြီ
                   ဤကံနှင့် ပဋိသန္ဓေအကြောင်းကို မြန်မာနိုင်ငံ ဗုဒ္ဓသာသနကောင်စီမှ အင်္ဂလိပ်
ဘာသာဖြင့် ထုတ်ဝေသော၊ ၁၉၅၉-ခု၊ နိုဝင်ဘာလထုတ် အမှတ်-၄ အတွဲ ၆
ဓမ္မရောင်ခြည် လစဉ်မဂ္ဂဇင်းတွင် ဖေါ်ပြထားသည့် စိတ်ဓါတ်လှိုင်းအကြောင်း၊ အင်္ဂလန်နိုင်ငံမှ
လာသော သတင်းတစ်ရပ်နှင့် ၎င်းမဂ္ဂဇင်းအယ်ဒီတာ၏ မှတ်ချက်တို့မှာ အတော်
စိတ်ဝင်စားစရာ ကောင်းသောကြောင့် အကျဉ်းအားဖြင့် မြန်မာလိုပြန်ဖေါ်ပြလိုပါသည်။
                   အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်ရှိ ဒါလာဝါးဓါတ်ခွဲစခန်းများတွင် နောက်ဆုံးပေါ်
သိပ္ပံဓါတ်ခွဲစမ်းသပ်ချက်များအရ စိတ်ဓါတ်လှိုင်းများ(၀ါ) ဇောအဟုန်များကို ဓါတ်ပုံ
ရိုက်ယူနိုင်ကြောင်း သိရှိရပါသည်။ စိတ်ဓါတ်စွမ်းအင် သို့မဟုတ် စိတ်ဓါတ်လှိုင်းများကို
လိမ္မာစွာ အသုံးပြုခြင်းဖြင့် အလွန်ဝေးကွာသောအရပ်တို့မှ သက်ရှိသတ္တ၀ါအမျိုးမျိုးကို
ပြုပြင်ဖန်တီးပေးနိုင်ကြောင်း တွေ့ရပါသည်။ လူသားတို့ကို လည်းကောင်း၊ တိရစ္ဆာန်များ၊
သစ်ပင်ပန်းပင်များ မြေသြဇာများကို အားသစ်လောင်းပေး၍ ကြီးစာသော အကျိုးသက်
ရောက်မှုကို ဖြစ်စေနိုင်ပါသည်။ ယခုအခါ အဖွဲ့တစ်ခုကို တရားဝင်ဖွဲ့ပြီး၍ စိတ်ဓါတ်
လှိုင်းအပါအ၀င် ရုပ်ဓါတ်နာမ်ဓါတ်တို့အကြောင်း လေ့လာစမ်းသပ်လျက်ရှိကြောင်းဆိုပါ ဓါတ်ခွဲစခန်းများနှင့် အခြားသက်ဆိုင်ရာဒေသတို့တွင် မြေသြဇာနှင့် သစ်ပင်ပန်း
ပင်များကို မေတ္တာပို့သောနည်းဖြင့် (၀ါ) မေတ္တာစိတ်ဓါတ်နှင့် ဆုတောင်း ပတ္တနာပြုပေး
ခြင်းကို လက်တွေ့စမ်းသပ်ကြည့်ရာ အထူးအောင်မြင်နေကြောင်း တွေ့ရပါသည်။ ဤ
တွေ့ရှိချက်တို့ကို စုတောင်းပြီါ်၏း၊ မကြာမီ ထိပ်သီးသိပ္ပံပါရဂူကြီးထံ တင်ပြမည်ဖြစ်ပါ
ကြောင်း။ ဓမ္မရောင်ခြည် အယ်ဒီတာ၏ မှတ်ချက်မှာ အဆိုပါ ဓါတ်ခွဲစမ်းသပ်မှုများ
အောင်မြင်ပါက ကံ၏စွမ်းအင် (၀ါ) ကံအဟုန်နှင့် ပဋိသန္ဓေပြဿနာတို့သည် ရှင်းလင်း
ပေတော့မည်။
++++++++++
သီဟိုဠ်ကျွန်းမှလာသော ကမ္ဘာ့ဗုဒ္ဓဘာသာခေါ် ၁၉၇၅ ခုဇန်န၀ါရီလထုတ်မဂ္ဂဇင်းတွင်
မြန်မာနိုင်ငံမှ ဆရာတော်ကြီး ဦးသောဘဏ၏ ပဋိသန္ဓေနှင့်စုတိဆောင်းပါးမှ ကောက်နှုတ်ချက်။
                   စုတိစိတ်ဆိုသည်မှာ လက်ရှိပစ္စုပ္ပန် မျက်မှောက်ဘ၀ နောက်ဆုံးဥပါဒ်ဌီဘင်
သဘောအားဖြင့်ပေါ်သော ဘ၀င်စိတ္တုပါဒ်ကို ခေါ်ပါသည်။ ၎င်းသည် ၀ီထိစိတ်
မဟုတ်ပါ။ ဘ၀သစ်၏ ပဌမဆုံးဘ၀င်စိတ်သည် ဘ၀ဟောင်း၏ နောက်ဆုံး
ဘ၀င်စိတ်၏ အာရုံဖြစ်သော ကံ၊ ကမ္မနိမိတ် ဂတိနိမိတ်ပင် အာရုံပြု၍ ပေါ်ရသော
ကြောင့် ယင်းကိုဘ၀သစ်၏ ပဋိသန္ဓေစိတ်ဟုခေါ်ပါသည်။ စုတိစိတ်သည်
ဘ၀ကျိုးကိုမပေးနိုင်၍ များစွာအရေးမကြီးပါ။ အမှန်အားဖြင့် စုတိစိတ်သည် မရဏံ
သေခြင်းတရားသက်သက်သာဖြစ်ပါသည်။ စုတိစိတ်သည် ဘ၀ကျိုးပေးနိုင်သည့်
နောက်ဆုံးဇောစိတ်မဟုတ်ပါ။ မရဏာသန္နဇော စိတ်သာလျှင် ၀ိပါက်အကျိုးပေးနိုင်သော
ဘ၀၏နောက်ဆုံးဇောစိတ်ဖြစ်ပါသည်။
                   ပဋိသန္ဓေစိတ်သည်ကား အရေးကြီးသောစိတ်ဖြစ်ပါသည်။ စိတ်ဆိုသည်မှာ သဘာဝ
အတိုင်း အမြဲတည်ရှိနေသည်မဟုတ်။ အပြောင်းလဲဘဲနေမည်မဟုတ်း။ တစ်ခုပြီးတစ်ခု
တရစပ်ကြောင်းကျိုး ဆက်လျက်မရပ်မနား ဖြစ်ကာပျက်ကာနေသည့် ကွင်းဆက်အစဉ်ဖြစ်
ကြောင်းကို နားလည်သဘောပေါက်ပါလျှင်၊ ဘ၀တစ်ခုမှ စိတ်အစဉ်ကွင်းဆက်သည်
(၀ါ) အမြဲမပြတ် အဟောင်းပျောက်တိုင်း အသစ်ရောက်ကာ၊ ဖြစ်ပျက်နေသည့် စိတ်
အစဉ်သည် ဘ၀တစ်ခုသို့(၀ါ) ဘ၀ဟောင်းမှ ဘ၀သစ်သို့ ကြောင်းကျိုးဆက်ကာ
ဖြစ်ပေါ်နိုင်ကြောင်းကို ရိပ်စားမိနိုင်မည်ဖြစ်ပါသည်။ ဥပမာ မရဏာသန္နဇောစိတ်ဟု
ခေါ်သည့် သေဆုံးသွားသူ၏ နောက်ဆုံးဇောစိတ်ကြောင့် ဘ၀သစ်၌ ဘ၀င်စိတ်သစ်ခေါ်
ပဋိသန္ဓေစိတ်ပေါ်ရ၏ ဤ၌ ဘ၀ဟောင်း မရဏာသန္နဇောစိတ်၏ အာရုံနှင့် ဘ၀သစ်
ပဋိသန္ဓေစိတ်အာရုံတို့သည် အတူတူပင် ဖြစ်ပါသည်။ (၀ါ) ဘ၀ဟောင်း မရဏာ
သန္နဇောစိတ်သည်၊ ဘ၀သစ် ပဋိသန္ဓေစိတ်ကို ကျေးဇူးပြုပါသည်။
                   ဘ၀သစ်ဖြစ်စေနိုင်သည့် စက်ယန္တယားအကြောင်းကို နားလည်သဘော
ပေါက်ရန် ပဋိသန္ဓေ၀ိညာဉ်စိတ်ကို ကောင်းစွာ နားလည်သဘောပေါက်ဖို့လိုအပ်ပါသည်။
ပဌမသိထားဖို့က စုတိစိတ်ကြောင့် ပဋိသန္ဓေ စိတ်ဖြစ်ပေါ်သည်ဟု ဆိုချက်မှာမမှန်ပါ။
မှန်သည်မှာက စုတိစိတ်၏ ရှေ့၌ဖြစ်သည့် မရဏာသန္နဇောစိတ်ကြောင့်သာ ပဋိသန္ဓေ
စိတ်ဖြစ်ပေါ်ပါသည်။ စုတိစိတ်သည် အာရုံကိုသိတတ်သောစိတ်မဟုတ်ပါ။ မရဏာသန္န
အဆုံး ဇောစိတ်သာလျှင် အာရုံကိုသိသော ပီတိစိတ်ဖြစ်ပါသည်။ စုတိစိတ်တွင် အကျိုးကို
ပြုစေနိုင်သည့် အစွမ်းမရှိပါ။ စုတိစိတ် ကျအံ့ဆဲဆဲ(၀ါ) သေကာနီးဆဲဆဲဖြစ်နေသူ၏
နောက်ဆုံးစိတ် ဖြစ်သောငြားလည်း စုတိသည် သိတတ်သော စိတ်မဟုတ်ပါ(၀ါ)
အသိလုပ်တတ်သောစိတ်မဟုတ်ပါ။ သေခြင်းတရားကို မှတ်တမ်းတင်ရုံသာဖြစ်ပါ
သည်။ အနိစ္စ သဘောတရား၊ ဘ၀ဖြစ်ခြင်း သဘောတရား၊ သန္တတိအစဉ်သဘောတရား၊
ကံအကြောင်းတရားနှင့် ၀ိပါက်အကျိုးတရားတို့၏ အစွမ်းအားဖြင့် မရဏာသန္နဇောစိတ်
သည်၊ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ဟုဆိုအပ်သော နောက်ဆုံးဇော၏ အာရုံသုံးပါးအနက်၊
တစ်ပါးပါးကိုယူ၍ အဆိုပါပရမတ္ထသဘာဝတို့၏ အာနုဘော်ကြောင့် ဘ၀သစ် ပဋိသန္ဓေ
စိတ်ကိုဖြစ်ပေါ်စေ၏။ ဤပဋိသန္ဓေစိတ်သည် ဘ၀သစ်၏ သော့ချက်ဖြစ်သော ဘ၀င်စိတ်
ပင်ဖြစ်၏။ ဤမရဏ သန္နဇောအဆုံး ဇာအဟုန်သည် ဘ၀သစ်တွင် ပဋိသန္ဓေအကျိုး
ကိုပေး၏ဟုဆိုရာ၌ ရှေ့စိတ်ကြောင့် နောက်စိတ်ဖြစ်ပေါ်ရခြင်းမျိုးပင်ဖြစ်ပါသည်။ တစ်နည်း
ရှေ့စိတ်ကအကြောင်း နောက်စိတ်က အကျိုးပင်ဖြစ်ပါသည်။ ဤပဋိသန္ဓေစိတ်ကဲ့သို့
အထူးအာနိသင်ထက်မြက်၍ အရေးပါသော အကျိုးပေါ်စေရန် ၎င်း၏အကြောင်းတရား
ဖြစ်သော ရှေ့မရဏသန္နဇောစိတ်ကလည်း အလားတူ အာနိသင်ထက်မြက်၍ အလွန်
အရေးပါအရာရောက်သည်ဟု ဆိုရပါမည်။ ဤကိစ္စကို အနည်းငယ် ဆန်းစစ်ကြည့်
ကြပါစို့။ အများသိကြသည့်အတိုင်း အတော်အတန် ထက်မြက်ပြင်းထန်သော မနောကံ
စိတ်သည် ၀ိပါက် အကျိုးတစ်ခုခုကို (၀ါ) ဘ၀အကျိုးတစ်ခုခုကို ပေးနိုင်စွမ်းသော သတ္တိရှိပါ
သည်။ ဓမ္မပဒပါဠိတော်တွင် မနောသေဌာစိတ်၏ မြင့်မြတ်ကြီးကျယ်ခြင်း၊ မနောမာယာ၊
ဘယ်အရာမဆိုစိတ်ကြောင့်ဖြစ်ခြင်း စသည်တို့ကို ဟောတော်မူပါသည်။ သေလုဆဲဆဲ
ဖြစ်နေသော သူ၏စိတ်၌(၀ါ) ၎င်းလူ၏ မရဏာသန္နဇောစိတ်၌ ကိန်းနေသည့် ဘဝ
ကျိုးကို ပေးနိုင်သော အာနိသင်စွမ်းအားသည် အလွန်ထက်မြက်သည်သာမက၊ နောက်ဆုံး
ဇောဖြစ်သည့် အားလျော်စွာ အလွန်တက်ကြွနေသောစိတ်သည်လည်းဖြစ်၏။ ထို့ကြောင့်
သေခါနီးလူ၏ မရဏာသန္နဇောစိတ်သည်၊ အလွန်အင်အားကြီးမား၍ အာနိသင်
ထက်သည်ဟုဆိုရပါမည်။ အပြေးပြိုင်သူတစ်ယောက်သည် နောက်ဆုံး ပန်းဝင်ကာ
နီးတွင် အားကုန်ထုတ်လျက် ပြေးသကဲ့သို့လည်းကောင်း၊ သေမည့်ဆဲဆဲဖြစ်နေသော
သစ်ပင်သည် နောက်ပိတ်ဆုံး အသီးရာသီတွင် စွမ်းကုန်သီးသကဲ့သို့လည်းကောင်း
မိုးလင်းခါနီး၌ပို၍မှောင်သကဲ့သို့လည်းကောင်း၊ မည်သည်အား မည်သည့်တန်ခိုး
အရှိန်အ၀ါတက်ကြွ လှုပ်ရှားယန္တရားမဆို ပျက်ခါနီးပျောက်ခါနီး၌ ပေါက်ကွဲရမတက်
ပြင်းထန်စွာ လှုပ်ရှားတတ်ပေသည်။ မရဏာ သန္နသေခါနီး ကာယ၌၊ ဘ၀တဏှာသည်
အခြားသော သင်္ခါရ ဓမ္မအားလုံးလိုလို လွှမ်းမိုးလျက် အလွန်ပြင်းထန်သော ဥပါဒါနံ
ဥပါဒါန်အသွင်ကို ဆောင်လျက်ရှိ၏။ ဤကိစ္စနှင့်ပတ်သတ်၍ မြတ်စွာဘုရား ကိုယ်တော်
တိုင်ကပင် မရဏာသန္နသေခါနီးကာလ၌ ဘ၀တဏှာသည် အလွန်ပြင်းလာပြီး
ဥပါဒါန်ဖြစ်လာကာ၊ ဘ၀သစ်ကိုဖန်တီးကြောင်း၊ (တဏှာပစ္စယာ ဥပါဒါန် ဥပဒါန
ပစ္စယာ ဘဝေါ) စသည်ဖြင့် ဟောတော်မူပါသည်။ ဒီဥပါဒါန်ကို အဆိုပါ နောက်ဆုံး
ဇောစိတ်က ကျေးဇူးပြုပါသည်။ ဆိုက်ကောလောဂျီ (ခေါ်) စိတ္တဗေဒအရ၊ အိပ်မပျော်ခင်
နောက်ဆုံးဖြစ်သော စိတ်သည် အလွန်တန်ခိုးအာနိသင်ကြီးမားသည့်အလျောက်
နံနက်အိပ်ရာမှ နိုးလျှင်နိုးချင်း ပဌမ၀ီထိကို အကျိုးသက်ရောက်သည်ဟုဆိုပါသည်။
ဥပမာ- လူတစ်ယောက်သည် နံနက်စောစော ရထားဖြင့် ခရီးသွားမည်ဟု ရည်ရွယ်ပြီး၊
ငါတော့ ရထားမှီရန် နံနက်စောစောအိပ်ရာကထမှတော်မည်ဟု မိမိ၏စိတ်မိမိဆုံးဖြတ်ပြီး
အိပ်ရာဝင်သော် မည်မျှပင် အိပ်ရာထနောက်ကျသည့် အကျင့်ရှိသူဖြစ်စေ နံနက်စောစော
ရထားချိန်မှီ အိပ်ရာထမည်မှာသေချာပါသည်။ ဤအချိန်အခါမျိုး၌ စိတ်သည်
အလွန်သတိကောင်းနေသောကြောင့် အလားတူ စိတ်ဆုံးဖြတ်ချက်ဟူသမျှသည်(၀ါ)
အလားတူ မနောကံဟူသမျှသည် တန်ခိုးအာနိသင်ကြီးမားလှပေ၏။ သတိပြုရန်မှာ
အိပ်မပျော်မီ နောက်ဆုံး ၀ီထိစတ္တုပ္ပါဒ်သည် ဇနက ကံဘ၀ကျိုးကိုပေးနိုင်သည့် အလွန်
ထက်မြက်သောစိတ်ဖြစ်သည်ဟု သိရပါမည်။ ၎င်းစိတ်သည် အလားတူတန်ခိုးအာနိသင်
ကြီးမားသော ဘ၀င်စိတ်နှင့် ကပ်လျက်ပေါ်လာ၏။ ဤဘ၀င်စိတ် (၀ါ) အိပ်စိတ်နှင့်
ထိုအိပ်စိတ်မပေါ်မီဖြစ်သော အသိဝီထိစိတ်တို့သည် တစ်ခုနှင့်တစ်ခု အကြားမရှိ တစ်ဆက်
တည်းဖြစ်ပေါ်၏။ ထို့ကြောင့် ဤအိပ်မပျော်မီနောက်ဆုံးအသိစိတ်သည်၊ နံနက်အိပ်ရာမှ
ထလျှင်ထချင်း ပထမဆုံးဖြစ်ပေါ်သော ၀ီထိစိတ်ဖြစ်လာသောကြောင့်၊ လူတစ်ယောက်၏
ဘ၀ဟောင်း(၀ါ) ခန္ဓာဟောင်းမှ စုတိစိတ်မကျမီ နောက်ဆုံးစိတ်ဖြစ်လာသည်ဟုဆိုလျှင်
မှားမည်မထင်ပါ။ မရဏာသန္နနောက်ဆုံး အသိစိတ်(၀ါ) မရဏာသန္နဇောစိတ်သည်၊
ဘ၀ သစ်(၀ါ) ခန္ဓသစ်တွင် ပဋိသန္ဓေစိတ်ခေါ် ပထမဆုံးစိတ်ဖြစ်လာသည်ဟုဆိုလျှင်
မှားမည်မထင်ပါ။ မရဏာသန္နနောက်ဆုံးဇောစိတ်သည် အမှန်အားဖြင့် တန်ခိုးအာနိသင်
ကြီးမားသည့် ဓါတ်အားအပြည့်အ၀ရှိသော စိတ္တပ္ပါဒ်ဖြစ်ပါသည်။ ထို့ကြောင့် လူပင်သေကြေ
ပျက်စီးသွားသော်ငြားလည်း ၎င်းစိတ်ဓါတ်အား၏ တန်ခိုးအာနိသင်ကို လျစ်လျူရှုထားရန်
မသင့်ပါ။ ဘ၀ကျိုးကိုပေးစွမ်းနိုင်သည့် ဓါတ်အားစုဖြစ်သောကြောင့် တစ်နေရာတွင် ၎င်း၏
အကျိုးအာနိသင်ကိုပြပေတော့မည်။ ထို့ကြောင့် ဗုဒ္ဓအဘိဓမ္မာအရ၊ ဤတန်ခိုးအာနိသင်
ထက်မြက်သည့် မရဏာသန္နဇောစိတ်သည် အထက်တွင် ပြောဆိုခဲ့သည့်အတိုင်း
အလားတူ တန်ခိုးထက်မြက်သောကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ဟု ဆိုအပ်သော အာရုံ
သုံးပါးအနက် တစ်ပါးပါးကုယူလျက် အလွန်ကြီးမားသော တန်ခိုးအာနိသင်နှင့် ပြည့်စုံ၍
ဘ၀သစ်အကျိုးပေးနိုင်သော အဘိန၀ကရဏခေါ် စိတ်ဓါတ်ကြီးဖြစ်ပေသည်။ အဆိုပါ
ဘ၀သစ်ကို ဖြစ်စေရန် မရဏာ သန္နအခါ၊ သေလုဆဲဆဲဖြစ်သောလူ၏စိတ်သည်
အထက်တွင်ပြဆိုခဲ့သည့်အတိုင်း အာရုံသုံးပါးအနက်၊ တစ်ပါးပါးကိုယူကာ ပေါ်ပြီး
ပျက်သွားသည်နှင့် တစ်ပြိုင်နက် ဘ၀သစ်တွင် ပဋိသန္ဓေစိတ်သည် အဆိုပါ မရဏာသန္န
အာရုံသုံးပါးအနက် တစ်ပါးပါးကိုပင်ယူ၍ ပေါ်လာ၏။ ဤပဋိသန္ဓေစိတ်သည်၊ ၀ိညာဏ
ဓါတ်ဖြစ်ခြင်းကြောင့်၊ ဓမ္မတာအတိုင်း ရုပ်ခန္ဓာနှင့်အတူပေါ်ရ၏။ အမိဝမ်းတွင်းပေါ်ရ၏။
ဤသို့အမိဝမ်းတွင်းပေါ်ရသော်လည်း အရမ်းကာရောတော့ ပေါ်ရသည်မဟုတ်ပါ။
သင့်တော်လျောက်ပတ်သော အမိဝမ်းတွင်း သင့်လျော်လျောက်ပတ်သော ဇနကကံ အဟုန်
ပတ်ဝန်းကျင် အခြေအနေအားလျော်စွာ သင့်လျော်လျောက်ပတ်သော ဇနကကံ အဟုန်
အားဖြင့်ပေါ်ရ၏။ မနုဿ လူသားသည်။ ရုပ်အစုအဝေး၊ နာမ်အစုအဝေးမျှသာဖြစ်ခြင်း
ကြောင့် ဘ၀သစ်ပေါ်လာသောသတ္တ၀ါမှာလည်း ရုပ်အစုအဝေးနာမ်အစုအဝေးမျှသာ
ဖြစ်၏။ ဘ၀သစ် ပဋိသန္ဓေဆိုသည်မှာ ရုပ်လောကတွင်မက အရူပ နာမ်လောကဟုခေါ်သည့်
နာမ်သက်သက်လောကတွင်လည်း ပေါ်နိုင်သေး၏။
ပဋိသန္ဓေ ၀ီထိစိတ်အကြောင်းကို ဆက်ပြဖို့လိုပါသည်။ ပဋိသန္ဓေကာလ၌ စိတ်ငါးမျိုး
ပြားပါသည်။ (၁) ဘ၀ဟောင်းနှင့် ဘ၀သစ်ဆက်သော ပဋိသန္ဓေစိတ်။ (၂) ဘ၀င်စိတ်
(မသိစိတ်) (၃) မနောဒွါရာဝဇ္ဇာနခေါ် နှလုံးကိုမှီ၍ ပေါ်သောစိတ်။ (၄) ဇောစိတ်
(၅) ဘ၀င်စိတ် စသည်တို့ပင် ဖြစ်ပါသည်။
                   ပြောခဲ့သည့်မရဏာ သန္နအခါဖြစ်ပေါ်သော ၀ီထိစိတ်များတွင် ပဋီသန္ဓေစိတ်ကို
ထည့်သွင်း၍ ပြသော်လည်း၊ ၎င်းပဋိသန္ဓေစိတ်သည် အမှန်အားဖြင့် သေခါနီးလူ၏
မနော(၀ါ) နှလုံးတွင် ပေါ်သောစိတ်မဟုတ်ပါ။ အဆိုပါသေခါနီးလူ၏ နှလုံးတွင်
ပေါ်သော အခြား ၀ိထိစိတ်များနှင့် အတူတကွ ကွဲပြားရခြင်းမှာ ပဋိသန္ဓေစိတ်သည်
အခြားဝီတိစိတ်များနှင့် ဖြစ်စဉ်တစ်ဆက်တည်းရှိ နေသောကြောင့်ဖြစ်ပါသည်။ ပဋိသန္ဓေ
စိတ်ဖြစ်ပေါ်သည့် နေရာမှာ မိခင်၏၀မ်းတွင်း၌ ရှိနေဆဲသော သန္ဓေသားကောင်၏
မနောဓါတ်၊ မနောဝိညာဏ်ဓါတ် သာလျှင်ဖြစ်ပါသည်။ အမှန်မှာ မနောဓါတ်၊ မနော
ဝိညာဏဓါတ်ဖြစ်သော အဆိုပါ ပဋိသန္ဓေစိတ်နှင့် မိဘနှစ်ပါး၏ ဖိုဓါတ်၊ မဓါတ်ကာလ
လရေကြည်တို့ စုပေါင်းပြီး သဟဇာတ ဖြစ်ရာ အမိဝမ်း၌ သန္ဓေသားလောင်းအဖြစ်
သက်ဝင်ရောက်ရှိလာခြင်းမျိုးဖြစ်ပါသည်။ အမိအဘတို့၏ ဖိုဓါတ်၊ မဓါတ်ကာလလရေ
ကြည်သည် သန္ဓေသား၏ ရုပ်ဓါတ်အစုအဝေးဖြစ်၍ ပဋိသန္ဓေစိတ်သည်ကား သန္ဓေသား
၏ နာမ်ဓါတ်အစုအဝေး ဖြစ်ပါသည်။ ရှေးဘ၀နှင့် နောက်ဘ၀ကို ဆက်ပေးသည်ကား
ဤပဋိသန္ဓေစိတ်ပင်တည်း။
                   ၎င်းသည် မရဏာသန္နဇောစိတ်၏ အာရုံဖြစ်သော ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်
တစ်ခုခုကိုပင် အာရုံအဖြစ်ယူ၏။ ဤကဲ့သို့ ၀ီထိစိတ်တစ်ခုပြီးတစ်ခု ဆက်ကာဆက်ကာ
ဖြစ်ပျက်နေသည့် ကွင်းဆက်သည်။ နိဗ္ဗာန်ရောက်မှပင် ပျက်ပေတော့မည်။ ဤသို့
ဖြစ်ကာပျက်ကာနေသည့် ကွင်းဆက်စိတ်အစဉ်သည် သေခါနီး၌ မရဏာသန္နဇောစိတ်၊
သေသည့်အခါ ၀ီထိစိတ်၊ ၎င်းနောက်ဘ၀သစ်၌ ဇာတိဖြစ်နေသည်ကို၊ ပဋိသန္ဓေစိတ်ဟု
အမည်နာမအမျိုးမျိုးဖြင့် သမုတ်ကြခြင်းပင် ဖြစ်ပါသည်။ ဤပဋိသန္ဓေစိတ် နောင်ဘ၀င်
စိတ်ဖြစ်ပေါ်ပါသည်။ ၎င်းဘ၀င် စိတ်၏သက်တမ်းမှာ စိတ်ခဏာက်ပေါင်း ၁၆ ခုကြာ
သည်ဟုဆိုပါသည်။ ထိုအခါ သန္ဓေသားသည် အမိဝမ်းတွင်း၌သာရှိပါသေးသည်။
အပြင်လောကနှင့် ဆက်သွယ်ခြင်း မရှိသေးပါ။ အမိဝမ်းတွင်းရှိသန္ဓေသား၏စိတ်သည်
အိပ်ပျော်စဉ်ဖြစ်ပေါ်သော ဘ၀င်စိတ်နှင့် အလားတူပါသည်။ အိပ်မမက်ပဲ အိပ်မောကျ
နေသောလူ၏ စိတ်နှင့်တူပါသည်။ ယင်းဘ၀င်စိတ်သည် စိတ်၁၆ ခဏအပြီးတွင် ချုပ်ပါ
သည်။ ၎င်းချုပ်ပြီးနောက် မနောဒွါရာဝဇ္ဇန်းစိတ် ပေါ်ပါသည်။ ၎င်းနောက် ဆက်ကာ
ဆက်ကာ ဇောစိတ်ဖြစ်ပေါ်ပါသည်။ ၎င်းဇောစိတ်များသည် တစ်ဘ၀တွင် တစ်ဘ၀ကို တပ်မက်
သော ဘ၀နိကန္တိကခေါ် ဘ၀တဏှာကို ဖြစ်ပေါ်စေပါသည်။ သန္ဓေသားသည် ဖွားမြင်ပြီး၍
အမိဝမ်းအပြင်သို့ ရောက်သောအခါမှသာ၊ အပြင်လောကနှင့် တသီးတစ်ခြား အဆက်
အသွယ်ရပြီး ပုံမှန် ဓမ္မတာဝိထိစိတ်တို့၏ အစဉ်အတိုင်း၊ ဖြစ်ကာပျက်ကာနေပါ၏။
ဗုဒ္ဓဘာသာ၌ သတ္တ၀ါတို့၏ လားရာဂတိငါးမျိုးပြ၏။ (၁) ဒေ၀ဂတိနတ် ဗြဟ်္မာအဖြစ်
(၂) မနုဿဂတိ လူသားများဖြစ်ခြင်း (၃) ပေတဂတိ ပြိတ္တာအသုရကာယ် ဖြစ်ခြင်း
(၄) တိရစ္ဆာန်ဂတိ တိရိစ္ဆာန်ဖြစ်ခြင်း (၅) နိယတတိ ငရဲသားအဖြစ် စသည်တို့တည်း။
                   မြန်မာနိုင်ငံတော် ဗုဒ္ဓသာသနာကောင်စီမှ ၁၉၆၀ခုနှစ်၊ ဧပြီလတွင် အင်္ဂလိပ်
ဘာသာဖြင့်ထုတ်ဝေသော (ဓမ္မရောင်ခြည်) စာစောင်တွင် (ပဋိသန္ဓေဘ၀သစ်ပြဿနာ)
ဟူသော ခေါင်းစဉ်ဖြင့် ဖရန်စစ်တိုရီ  (င်္မနညခငျှအသမပ)   ခေါ် အင်္ဂလိပ်လူမျိုး၊ ဗုဒ္ဓ
အဘိဓမ္မာပါရဂူကြီးတစ်ဦးက အတော်ကျယ်ကျယ်ပြန့်ပြန့် ဗုဒ္ဓနည်းအရ၊ ရေးသား
ဖေါ်ပြထားသည်တို့အနက် အထူးစိတ်ဝင်စားစရာကောင်းလှသော အပိုင်းအချို့ကို အကျဉ်း
ချုံးပြီး မြန်မာဘာသာပြန်ကာ အောက်တွင်ဖေါ်ပြထားပါသည်။
မြန်မာနိုင်ငံ ဗုဒ္ဓဘာသာကောင်စီမှ၊ ၁၉၆၀ခု၊ ဧပြီလတွင်ထုတ်ဝေသော ““ဓမ္မရောင်ခြည်””
စာစောင်တွင် အင်္ဂလိပ်လူမျိုး ဗုဒ္ဓအဘိဓမ္မာပါရဂူ မစ္စတာ ဖရန်စစ်စတိုရီ၏ ပဋိသန္ဓေဘ၀သစ်ဆောင်းပါးမှ ကောက်နှုတ်ချက်
                   ဤဘ၀ပြဿနာနှင့်ပတ်သတ်၍၊ ဗုဒ္ဓ၀ါဒီတို့နှင့် အခြားအခြားသော ၀ါဒီတို့၏
အယူအဆသည် မည်သို့ကွဲပြားခြားနားပါသနည်း။ ယင်းပြဿနာနှင့် ပတ်သတ်၍
ဗုဒ္ဓ၀ါဒီတို့၏ ဝေါဟာရဘ၀သစ် ဆိုသည့်စကားလုံးသည် လူဝင်စားဆိုသည့် စကားလုံးသို့
မဟုတ် ဘ၀ကူးဆိုသည့် ဝေါဟာရစကားလုံးထက် ပို၍သင့်မြတ်ကြောင်းကို နားလည်
သဘောပေါက်စေရန် ဗုဒ္ဓဓမ္မ၏ သော့ချက်ဖြစ်သော သစ္စာလေးပါးဒေသနာတော်ကို
လေ့လာဖို့ လိုအပ်ပါသည်။ ၎င်းကား(၁) ဒုက္ခသစ္စာ၊ ဒုက္ခအမှန်တရား။ (၂) ဒုက္ခသမုဒယ
သစ္စာ၊ ဒုက္ခ၏အကြောင်း အမှန်တရား။ (၃) ဒုက္ခနိရောဓသစ္စာ၊ ဒုက္ခငြိမ်းရာ
အမှန်တရား။ (၄) ဒုက္ခနိရောဓဂါမီနိပဋိပဒါသစ္စာ၊ ဒုက္ခချုပ်ငြိမ်းရာ ကျင့်စဉ်အမှန်တရား
တို့ပင်ဖြစ်ပါသည်။
                   ဤသစ္စာလေးပါးတရားတော်ကို အကျဉ်းအားဖြင့် ရှင်းလင်းတင်ပြကာ လောက
သံသရာ ၀ဲသြဃကြီး၌ သတ္တ၀ါတို့သည် မည်သို့ဖြစ်ပျက်နေကြပုံ၊ အနိစ္စ အမြဲမရှိခြင်း၊
ဒုက္ခ၊ ဆင်းရဲခြင်း၊ အနတ္တ၊ အစိုးမရခြင်းစသည်ဖြင့် လက္ခဏာအားဖြင့် သုံးပါး၊
တရားကိုယ်အားဖြင့် အနတ္တ အသက်လိပ်ပြာ၊ ငါသူတစ်ပါး၊ အကောင်အထည်ကိုယ်ဒြပ်
အမာခံအနှစ်သာရမရှိသော အနတ္တပင်ဖြစ်သော်ငြားလည်း ဘ၀ကျိုးကိုတော့ ပေးစွမ်းနိုင်
ကြောင်း စသည်ဖြင့်အစချီကာ ဆက်လက်တင်ပြသည်မှာ-
                   လွန်ခဲ့သည့် နှစ်ပေါင်းအနည်းငယ်အတွင်းမှစ၍ မိမိတို့၏ ဘ၀ဟောင်းများကို
မှတ်မိ ပြန်လည်ပြောပြနိုင်သည်ဆိုသော လူဝင်စားဦးရေ တော်တော်များများတို့၏
အတ္ထုပတ္တိများကို ဖေါ်ထုတ်ပေးခြင်းဖြင့် ကမ္ဘာအရပ်ရပ်တွင် ဇာတိပဋိသန္ဓေ ဘဝ
ပြဿနာကို အထူးစိတ်ဝင်စားသူတို့၏ဦးရေမှာ များစွာတိုးတက်လာပေသည်။ ယင်း
ပြဿနာနှင့် ပတ်သတ်၍၊ အချို့ပုဂိ္ဂုလ်တို့မှာ-
                   စိတ်ညှို့နည်းဖြင့် သာမန်အသိစိတ်ကိုဖျောက်ပြီး (၀ါ) ဘ၀င်စိတ်ခေါ် အသိကင်း
သောစိတ်ကိုဝင်စားကာ အမှတ်သညာလုံးလုံးမရှိသော(၀ါ) သိနားလည်မှုလုံးဝမရှိသော
ကလေးသူငယ်အရွယ်က အဖြစ်အပျက်များကိုသတိရပြီး ကောင်းစွာပြန်ပြောနိုင်ကြသည်
သာမက အနာရောဂါအမျိုးမျိုးကို ကောင်းစွာကုသပေးနိုင်ကြောင်း၊ သို့သော် ထိုစိတ်ညှို့
နည်းကို ဝေဒနာရှင်တိုင်းတွင် အသုံးပြု၍မရပါ။ စိတ်ညှို့နည်းကို အသုံးပြု၍ရသော
ဝေဒနာရှင်တို့အတွက်မူကား စိတ်ညှို့ကုသနည်းသည် ထုံးတမ်းစဉ်လာ ကုသနည်းတို့
ထက် စိတ်ကို ပိုမိုတည်ငြိမ်စေနိုင်သောကြောင့် ထူးကဲသောအကျိုးသက်ရောက်သည်ကို
တွေ့ရပါသည်။ အဆိုပါညှို့စိတ်ကို ၀င်စားနိုင်သည့် ဝေဒနာရှင်အချို့သည် မိမိတို့အမှတ်
သညာမရှိသည့် ကလေးသူငယ်အရွယ်က အဖြစ်အပျက်များ၊ အချို့မှာ မိမိတို့အမိဝမ်းမှ
မွေးမထုတ်မီကာလတို့၌ ဖြစ်ပေါ်သောအကြောင်းအရာများကို ဖေါ်ထုတ်ပြန်လည် ပြေပြ
နိုင်ကြောင်း စိတ်ညှို့ပညာရှင်အချို့သည် မိမိတို့၏လူနာများကို ညှို့စိတ်ကိုဝင်စားစေပြီး
ယခုပစ္စုပ္ပန်မျက်မှောက် ဘ၀တွင်မက၊ အတိတ်ဘ၀ဟောင်းက အဖြစ်အပျက်များကိုပါ
အမှတ်သတိရကာ ပြေပြစေပါသည်။ ဤကဲ့သို့ စိတ်ညှို့နည်းဖြင့်၊ ၀ီထိစိတ်ချုပ်ကာ
(၀ါ) သိရှိစိတ်ချုပ်ကာ(၀ါ) မသိစိတ်ခေါ် ဘ၀င်စိတ်ဝင်စားနိုင်သော ပုဂိ္ဂုလ်အချို့သည်
လက်ရှိဘ၀တွင် မိမိတို့ပြောနေကြ၊ ဆိုနေကြ ဘာသာစကားမဟုတ်သော(၀ါ) ယခု
အချိန်ထိ တစ်ခါဘူးမျှ မပြောဆိုတတ်၊ မပြောဆိုဘူးသော လူမျိုးခြားဘာသာ စကား
များကို ထိုထိုအခါ၌ ပြောဆိုကြသည်လည်း ရှိကြပေသည်။ ဤကဲ့သို့ ရှေ့အတိတ်ဘဝ
ဟောင်းများကို မှတ်မိသတိရ၍ ပြန်လည်ပြောဆိုနိုင်သည်ဖြစ်စေကာမူ ကိုယ်တွေ့
သက်သေခံ အထောက်အထားများမရှိလျှင် ဘ၀သစ်ဘ၀ကူးဆိုသည့် ပြဿနာများကို
ယုံကြည်လက်ခံသူ နည်းပါးလေသည်။ အချို့က ဤကိစ္စမျိုးကို အထက်နားတွင်
တင်ပြခဲ့သည့် တယ်လီပါသီခေါ် သိပ္ပံပညာက နောက်ဆုံးတွေ့ရှိထားသော စေတောပရိယ
ဒွါရ၀ိမုတ် အသိဉာဏ်ကြောင့်လည်းကောင်း၊ မသိစိတ်၊ (၀ါ) ၀ီထိစိတ်တို့ ချုပ်ခိုက်
ဖြစ်ပေါ်တတ်သော ၀ိဉာဏဓါတ်၊ ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတ၊ အစရှိသည့်ထူးကဲသော
အမြင်၊ အကြားတို့ကြောင့်လည်းကောင်း ဖြစ်တန်ရာ၏ဟု မှတ်ချက်ချလေ့ရှိကြပါသည်။
မည်သို့ပင်ဖြစ်စေကာမူ၊ တယ်လီပါသီ၊ တယ်လီကနက်စစ်ခေါ် ဣဒိ္ဓ၀ိဓတန်ခိုး ပြာဋိဟာ
အမျိုးမျိုးဖန်တီးနိုင်သော လောကီအသိဉာဏ်၊ ဆိုက်္ကိုပက်ထရီ၊ မမြင်မကြား မသိဘူးသော
သက်ရှိသက်မဲ့တို့၏ အကျင့်စာရိတ္တ၊ ပုံပန်းသဏ္ဍာန်၊ စိတ်နေသဘောထားတို့ကို သိနိုင်သော
လောကီအသိဉာဏ်စသည်တို့သည်၊ သိပ္ပံပညာက နောက်ဆုံးတွေ့ရှိသော ပါရဆိုက်
ကော်လော်ဂျီခေါ် စိတ္တဗေဒ အသိဉာဏ်၏ တစိတ်တဒေသဖြစ်သည့် အီအက်စ်ပီ
ပရ၀ိညာ၏၊ စက္ခု၊ သောတ၊ ဃနစသည့် ဣဇ္ဈတိကာယတနတို့နှင့် ၎င်းတို့၏သက်ဆိုင်
ရာ ဗဟိဒ္ဓါယတနခေါ် အပြင်ကာမဂုဏ်၊ အာရုံတွေချုပ်မှပေါ်သော ထူးကဲသည့် ၀ိညာဏ
ဓါတ်လောကအသိ ဉာဏ်တစ်မျိုးတွင် အကျုံးဝင်ပါသည်။ ထို့ကြောင့် ဘ၀ဟောင်းများ
မှတ်မိသည်ဆိုရာ၌ ၀ီထိစိတ်ခေါ် သိစိတ်တို့ချုပ်ခိုက်(၀ါ) ဘ၀င်စိတ်ခေါ် မသိစိတ်တို့
ပေါ်ခိုက်မှတ်မိခြင်းဖြစ်ပါသည်။ မှတ်မိသည်ဆိုသော အကြောင်းအရာအဖြစ်အပျက်
တို့မှာ မှတ်မိသူ၏လက်ရှိ ဘ၀တွင်ပေါ်ပေါက်သည့် အကြောင်းအရာအဖြစ်အပျက်တို့
မဟုတ်ပါ။ ဤကိစ္စနှင့်ပတ်သတ်၍၊ အနီးကပ်ဆုံးသော သာဓကအနေဖြင့်
လွန်ခဲ့သောနှစ်အနည်းငယ်အတွင်းက၊ အမေရိကန်ပြည်တွင် ပေါ်ပေါက်ခဲ့သော
ပရိုက်ဒီမာဖီ၏ သတင်းသည် အတော်ကလေး ဂယက်ရိုက်သွားသည်ကို အများမှတ်မိ
ကြပေလိမ့်မည်။ အမေရိကန်ပြည်၌ မိန်းကလေးတစ်ဦးသည် ညှို့စိတ်ဝင်စားနေစဉ်
အတိတ်ဘ၀တစ်ခု၌ အိုင်ယာလန်ပြည်တွင် ပရိုက်ဒီမာဖီအမည်ရှိ မိန်းကလေးတစ်ဦးဖြစ်ခဲ့
ဘူးကြောင်း။ ထိုအခါက တော်စပ်ခဲ့သည့် မိဘဆွေမျိုးညာတိများ၊ အခြားသိခဲ့ဘူးသော
လူများကို ကာလဒေသအမည်နာမနှင့်တကွ ပြန်လည်ပြောပြနိုင်ကြောင်း။ ၎င်းပြောပြ
ချက်များကို သက်ဆိုင်ရာ တရားဝင်ဒေသန္တရ ရာဇ၀င်မှတ်တမ်းများ၊ မြေပုံများကို
စစ်ဆေးကြည့်ရာ မှန်နေသည်ဟုဆိုကြောင်း၊ အမေရိကန်သတင်းစာတိုက်ကြီးတစ်ခုက
ကိုယ်စားလှယ်တစ်ဦးကို၊ အိုင်ယာလန်သို့လွှတ်၍ စုံစမ်းကြည့်ရာ အားလုံးလိုလို မှန်ကန်နေ
သည်ကို တွေ့ရသည်ဟုဆိုကြောင်း။
                   အလားတူကိစ္စမျိုးသည် ၎င်းနှင့် မရှေ့မနှောင်းပင်၊ အင်္ဂလန်နိုင်ငံ၌ ပေါ်ပေါက် ခဲ့သေး၏၊  
အင်္ဂလန်မှ နအိုဗီဟင်နရီခေါ် အမျိုးသမီးကြီးတစ်ဦးသည် စိတ်ညှို့နည်းဖြင့်
ညှို့စိတ်ဝင်စားနေပြီး အသိစိတ်ခေါ် ၀ီထိစိတ်များ ချုပ်နေစဉ် ရှေးဘ၀ဟောင်းနှစ်ဘ၀ကို
မှတ်မိသတိရပြီး ပြန်လည်ပြောပြနိုင်ပါသည်။ ဟင်နရီဗရိုက်ဆိုသူ စိတ်ညှို့ပညာရှင်
ကြီးတစ်ဦးက ဆရာဝန်ကြီး ၀ီလယံမီနဲဖီနှင့်တကွ အခြားပရိတ်သတ်လူပုံအလယ်တွင်
တိတ်ရကော်ဒါ အသံဖမ်းစက်တစ်လုံးကို အသုံးပြုကာ အဆိုပါအမျိုးသမီးကြီးအား
စိတ်ညှို့၍ စမ်းသပ်စစ်ဆေးကြည့်ပါသည်။ ၎င်းအမျိုးသမီးကြီးသည် ထိုအချိန်က
အသက်(၃၂)နှစ်ရှိ ကလေး လေးယောက်အမေဖြစ်ပါသည်။ သူမသည် ဆေးလိပ်စွဲသည့်
ရောဂါကပ်ရောက်နေလေရာ ဟင်နရီဗရိုက်က စိတ်ညှို့နည်းဖြင့် ကုသပေးသောကြောင့်
ကောင်းစွာ ပျောက်ကင်းသွားပါသည်။ စိတ်ညှို့နည်းဖြင့် ဟင်နရီဗရိုက်သည် အတော်ကလေး
ကြာအောင် အသေအချာစမ်းသပ်စစ်ဆေးနေစဉ် မစ္စက်နအိုဗီဟင်နရီ၏စိတ်သည်
ယခုမျက်မှောက်ဘ၀မှ အတိတ်ဘ၀ဟောင်းများသို့ သွားရောက်သည်ကို တွေ့ရပါသည်။
သူမ မှတ်မိသော ဘ၀ဟောင်းနှစ်ဘ၀တို့အနက်၊ ပဌမဘ၀ဟောင်းက သူမ၏အမည်မှာ
မေရီအိုဟင်ဖြစ်ပါသည်။
                   ၁၇၉၀ ခုနှစ်တွင် သူမသည် အသက်၁၇ နှစ်ရှိပြီး ကတော့ဆိုသည့် အရပ်တွင်
နေထိုင်ကြောင်း စသည်ဖြင့် မှတ်မိသမျှအကြောင်းအရာကို ပြောပြပြီးနောက် ဆက်လက်
ထွက်ဆိုသည်မှာ သူမသည် ချားလ်ဂိုးဆိုသူနှင့် သူမအလိုမတူပဲလက်ထပ်ပေါင်းသင်း
ခဲ့ရာ ပက်နှင့်ဝီခေါ် ကလေးနှစ်ယောက်ရရှိခဲ့ကြောင်း၊ လင်ယောက်ျားဖြစ်သူက
အမြဲဆိုသလို ညှင်းပန်းနှိပ်စက်ရုံတွင်မက နောက်ဆုံးတွင် သူမကိုရိုက်နှက်သဖြင့်
ခြေကျိုးသွား၍ အသက်ပင်ဆုံးရလေတော့၏။ ဤအကြောင်းများကို ပြောပြနေစဉ်
အမျိုးသမီးကြီး မစ္စက်နအိုဗီဟင်နရီသည်၊ မိမိမှတ်မိသော နောက်ကြောင်းများကို
ပြန်လည်ပြောပြနေသူတစ်ဦးကဲ့သို့ မဟုတ်တော့ဘဲ၊ ယခုလောလောဆယ်၌ပင် တကယ်
ခံစားနေရသူကဲ့သို့ (၀ါ) မစ္စက်နအိုမီ မဟုတ်တော့ဘဲ လွန်ခဲ့သည့်နှစ်ပေါင်း ၁၅၀-
လောက်က၊ စာမတတ်ပေမတတ် တောသူအိုက်ရစ်အမျိုးသမီးကလေး ဒုက္ခသည်
မေရီအိုဟင်ကဲ့သို့ စိတ်လိုက်မာန်ပါ၊ ဒေါနှင့်မောနှင့် ပြောပြနေသည်ကိုတွေ့ရ၏။
မေရီအိုဟင်နှင့်ချားလ်ဂိုလ်းတို့၏ လက်ထပ်ပွဲမှာ ဂရီနားခေါ် ရွာသိမ်ကလေး၏ စိန်ဂျွန်း
ဘုရားရှိခိုးကျောင်းတွင် ကျင်းပကြောင်း၊ ၎င်း၏ပြောပြချက်ကို လက်ခံစစ်ဆေးကြည့်ရာ
မှန်ကန်နေသည်ကိုတွေ့ရကြောင်း၊ သို့သော် ဂရီနားဆိုသည့် ရွာသိမ်ကလေးကိုတော့
မတွေ့ရချေ။ နောက်တဖြည်းဖြည်း ဆယ့်ခုနှစ်ရာစု ခုနှစ်ဆိုင်ရာစာရွက်စာတမ်းများ
စာရင်းမှတ်တမ်းစာအုပ်များကို ဘုန်းကြီးကျောင်းတစ်ကြောင်းတွင် တွေ့ရှိစစ်ဆေး
ကြည့်ရာ၊ စိန်ဂျွန်းဘုရားရှိခိုးကျောင်းကို ဂရီးယားအမည်ရှိရွာတွင် ရှိသည်ကိုတွေ့ရ
ကြောင်း။ ၎င်းရွာကိုပင် မေရီဟင်ပြောသည့် အတိုင်း ဂရီးနားဟု ရွာသူရွာသားများက
ခေါ်ဝေါ်ကြကြောင်း။
                   နောက် ဒုတိယ အတိတ်ဘ၀တွင် မစ္စက်နအိုဗီဟင်နရီသည် ၁၉၀၂-ခုနှစ်တွင်
ဒေါင်ဟမ် ဆိုသည့်အရပ်၌ ကလေး၂၄-ယောက်ကို ထိန်းရသည့် ကလာရီဟဲလီယား
အမည်ရှိ သူနာပြုဆရာမကလေးတစ်ဦးဖြစ်ခဲ့၏။ ထိုဘ၀၌ သူမမှတ်မိသောအခြား
အကြောင်းအရာများကို ပြောပြပြီး၊ နောက်ဆုံးဖျားနာပြီး သေဆုံးသည့်အကြောင်း သူမ၏
အသုဘအခမ်းအနားနှင့် သူမ၏ အလောင်းကိုမြုပ်နှံထားသည့် အမှတ် ၂၀၇ ဂူသင်္ချိုင်းကို
၎င်းပြောပြသေး၏။ မစ္စက်နအိုမီဟင်နရီသည် ညှို့စိတ်မှ ထသောအခါ(၀ါ) ဘ၀င်စိတ်မှ
ထသောအခါ စောစောကပြောခဲ့သည့် အတိတ်ဘ၀တို့ အကြောင်းကို လုံးလုံးမသိတော့
ချေ။ နောက်တိတ်ရီကော်တာကို ဖွင့်ပြတော့မှ သူမဘာပြောသေးသလဲဆိုသည်ကို
သိလေတော့၏။
                   ဤကိစ္စနှင့်ပတ်သတ်၍ အမေရိကန်နိုင်ငံတွင် လွန်ခဲ့သည့် နှစ်အနည်းငယ်က
ပေါ်ပေါက်ခဲ့သော အဂ္ဂါကေစီးဆိုသူသည် အလွန်စိတ်ဝင်စားစရာကောင်းသော
ပုဂိ္ဂုလ်တစ်ဦးဖြစ်ကြောင်း၊ ၎င်းပုဂိ္ဂုလ်သည် အမေရိကန်ပြည်ထောင်စု ကင်တပ်ကီခေါ်
ခရစ်ယာန်ဘာသာဝင် အမြောက်အများနေထိုင်သည့်အရပ်၌ မွေးဖွားပါသည်။ ငယ်စဉ်က
လည်ချောင်းကျဉ်းသော ရောဂါကပ်ရောက်၍ အသံမထွက်ပဲရှိခဲ့ရာ ထိုစဉ်အခါက
ထင်ရှားကျော်ကြားသော ကုထုံးနည်းအမျိုးမျိုးနှင့်ကုပါသော်လည်း အထူးခြား
သောကြောင့် တရားဝင်အသိအမှတ်မပြုသော စိတ်ညှို့နည်းဖြင့်ကုသရာ ညှို့စိတ်၏ တန်ခိုး
အာနိသင်ကြောင့် ဘ၀င်ကျကာ မသိစိတ်ခေါ် ၀ီထိစိတ်တို့ချုပ်ခိုက်(၀ါ) အရပ်စကား
ဖြင့် သတိလစ်နေခိုက် ၎င်း၏ မူရင်းပဂတိ အသံသည် ပြန်ထွက်လာသည်သာမက
မိမိရောဂါဝေဒနာကို မိမိကိုယ်တိုင် စစ်ဆေးစမ်းသပ်ပေးနိုင်ပြီး ဘယ်တုန်းကမျှ သိရှိနား
လည်ခြင်းမရှိခဲ့သော ဖေါ်နည်းကားတို့ဖြင့် စီရင်ဖေါ်စပ်ကုသခဲ့ရာ ရောဂါဝေဒနာတို့သည်
ကောင်းစွာပျောက်ကင်းသွားတော့၏။ ဤကဲ့သို့ ကိုယ့်ရောဂါကိုယ် ကုသသည့်နည်းသည်
အထူးအောင်မြင်သည်ကိုတွေ့ရသော မိတ်ဆွေသင်္ဂဟများက ကေစီးသည် ထုံးတမ်းစဉ်လာ
တရားဝင်အသိအမှတ်ပြုထားသော ဆေးဝါးမန္တရားများဖြင့် ကုမရသော ဝေဒနာရှင်
များကို ၎င်း၏ကုသနည်းဖြင့် ကုသပေးပါရန် တောင်းပန်ကြသောကြောင့် ၎င်းတို့၏
ဆန္ဒကိုလိုက်လျောကာ အဆိုပါအပြင်ဝေဒနာရှင်များကို ဆေးဖိုးဝါးခ မယူဘဲ
ကုသိုလ်ဖြစ်သက်သက် ကုသပေးနေပေ၏။ ကေစီး၏ ဗဟုသုတ ပညာအရည်အချင်း
သည် အလယ်အလတ်တန်းလောက်သာရှိ၏။ သို့သော် ဆေးဝါးကုသရာတွင် သူ
ဘယ်သောအခါမျှ မကြားဘူး၊ မသိဘူးသော ဆေးသိပ္ပံ ဆိုင်ရာ ဝေါဟာရများကိုသုံး၍
ထုံးတမ်းစဉ်လာ ကုထုံးနည်းအတိုင်း ဆေးဝါးများကို ဖေါ်စပ်ပေး၏။ တစ်ခါတစ်ရံ
၌သော်ကား တရားဝင်ပြဋ္ဌာန်းထားသော ဆေးကျမ်းများတွင် မရှိသည့်ကုထုံးနည်းဖေါ်စပ်နည်း
တို့ဖြင့် ကုသပေး၏။ ကေစီးကိုယ်တိုင်ပင် ၎င်း၏ညှို့စိတ်ဘ၀င်မှစ၍ ပဂတိမူရင်းအတိုင်း  
သတိပြန်ရလာသောအခါ ၎င်း၏ဖေါ်စပ်နည်းကုထုံး နည်းတို့ကို နားမလည်နိုင်အောင်
တအံ့တသြ ဖြစ်သော်ငြားလည်း မြောက်များလှစွာသော ဝေဒနာရှင်တို့  ချမ်းသာရာ
ရကြသေကြောင့် ဆက်လက်ကုသပေးနေ၏။ နောက်ပိုင်း တွင် စိတ်ညှို့ပညာရှင်
မထားတော့ဘဲ မိမိ၏စိတ်ကိုမိမိညှို့ပြီး ဆေးဝါးမန္တရားများကို စီရင်ကာ
ဝေဒနာရှင်များကို ကုသပေးနေ၏။ တစ်နေ့သ၌ အသိမိတ်ဆွေတစ်ဦးအား
စမ်းသပ်စစ်ဆေးနေစဉ် ထိုသူက သူသည်သေပြီးနောက် ဘ၀သစ်ပြန်ဖြစ်သေးသလားဟု
ကေစီးအားမေးလေ၏။ ထိုအခါ၌ ညှို့စိတ်ဝင်စားခိုက် ဖြစ်နေသော ကေစီးက ဖြစ်နိုင်
သည်ဟု ချက်ချင်းပြန်ပြော၏။ ထိုသူမေးသောမေးခွန်းများကို ဆက်လက်ဖြေဆိုရင်း
ကေစီးကပြောပြသည်မှာ၊ ၎င်းထံသို့ ရောက်လာသူ ဝေဒနာရှင်တို့အနက်၊ အများစုမှာ
အတိတ်ဘ၀များက အကောင်းမှုအကုသိုလ်ကံတွေကို ကျူးလွန်၍ဖြစ်ပေါ်လာသော
ဝေဒနာရှင်များဖြစ်၍ ရိုရိုးကုထုံးနည်းတို့ဖြင့် ကုစားလို့မရကြောင်း။ ၎င်းတို့၏
အတိတ်ဘ၀ဟောင်းများကို မြင်ပါသလား၊ ပြောပြနိုင်ပါသလားဟု မေးမြန်းရာ၊
ကေစီးက မြင်ပါတယ်။ ပြောပြနိုင်ပါတယ်ဟု ဆို၏။ ကေစီးသည် ညှို့စိတ်မှထသောအခါ၊
ဘေးလူများက သူဘာတွေလျောက်ပြောသည်ကို ပြန်လည်ပြောပြရာ၊ ကေစီးသည်
အလွန်စိတ်ပျက်သွားပါသည်။ ကံဆိုသည့်ဝေါဟာရစကားလုံးကို ကေစီးသည်
ဘယ်အခါကမှ မကြားဘူးပါ။ လူဝင်စားဘ၀သစ်ဆိုသည်တို့မှာ၊ မိစ္ဆာဒိဋ္ဌိ အယူဝါဒသာဟု
သူနားလည်ထား၏။ ၎င်း၏လုပ်ငန်းကို ဆက်လက်လုပ်ကိုင် ဆောင်ရွက်နေပါက
မိမိအယူဝါဒဖြစ်သော ခရစ်ယာန်ဘာသာကိုပင် ထိခိုက်လာစရာရှိသည်ဟု သဘော
ပေါက်ကာ၊ ၎င်း၏လုပ်ငန်းကို ရပ်ဆိုင်းပစ်လိုက်ရန် ကြံစည်မိသည်ကို အများက ၀ိုင်းတောင်း
ပန်ရတော့၏။ သို့နှင့် မူမပျက် ဆက်လက်ဆောင်ရွက်ရင်း တစ်နေ့တစ်ခြားတိုးတက်
အောင်မြင်နေရာ၊ ယခုကဲ့သို့ ရောဂါဝေဒနာရှင်တို့အား စိတ်ညှို့နည်းဖြင့် ၎င်းတို့၏
အတိတ်ကပြုလုပ်ခဲ့သည့် ကုသိုလ်ကံ အကုသိုလ်ကံတို့ကို ဟောကိန်းထုတ်၍၊ အနာ
ရောဂါများကို ကုသပေးခြင်းသည် ယုတ်ညံ့သော လုပ်ငန်းမဟုတ်၊ မြင့်မြတ်သော
လုပ်ငန်းသာတည်းဟု သဘောပေါက်လေတော့၏။ ကေစီးသည် သီလ၊ သမာဓိတရား
တို့ကို နည်းညွှန်ပေးကာ ကာယိကဒုက္ခ၊ စေတသိကဒုက္ခ၊ ကိုယ်စိတ်နှစ်ဖြာ ဝေဒနာ
များကို ကုသပေးနေရာ၊ ရပ်ဝေးဝေဒနာရှင်များကို ကိုယ်တိုင်မတွေ့မမြင် မကြားရဘဲ၊
အဝေးမှနေ၍ ကုသပေးခြင်းဖြင့် ၎င်း၏ လုပ်ငန်းသည် အမေရိကန်ပြည်ထောင်စု
တစ်ဝန်းလုံးတွင်မက၊ နိုင်ငံခြားတိုင်းပြည် အများအပြားသို့ပင် ပျံ့နှံ့သွားလေ၏။ ကေစီး
သည် သူမသမီ ၁၉၄၅ခုနှစ်တွင်၊ မိတ်ဆွေသင်္ဂဟများ၏ အကူအညီဖြင့် ဗာဂျီးနီးယား
ကမ်းခြေတွင် ကေစီးဖေါင်ဒေးရှင်းခေါ် ဒုက္ခိတကယ်ဆယ်ရေး စခန်းကြီးတစ်ခုကို
အောင်မြင်စွာ တည်ထောင်ခဲ့ပေ၏။ ယခုအခါ သူ့ကိုဆက်ခံကြသူ လုပ်ဖေါ်ကိုင်ဖက်
တို့က၊ ၎င်းစခန်းကြီးကို(ဘ၀ပြဿနာသုတေသနဗိမာန်ကြီး)အဖြစ် အသုံးပြုလုပ်ကိုင်နေ
ကြ၏။ ကေစီး၏လုပ်ငန်းနှင့် ၎င်းဖေါ်ထုတ်ပေးခဲ့သော ဘ၀ပြဿနာ အကြောင်းတို့၏
နောက်ဆက်သတင်း အသေးစိတ်ကို သိလိုသူများသည် ကေစီးဖေါင်ဒေးရှင်းမှ ထုတ်ဝေ
သည့် မြောက်များလှသော စာအုပ်စာတမ်းများကို ရှာဖွေဖတ်ရှုနိုင်ပါသည်။
                   အဂ္ဂါကေစီးသည် ညှို့စိတ်ဝင်စားစဉ်အတွင်း ပျောက်ကွယ်နေသော ရှေးဆေး
ပညာ၊ ရှေးဆေးစွမ်းကောင်းများကို ဖေါ်ထုတ်ပေးနိုင်သည်သာမက၊ အခြားလူများ၏
ရှေးဘ၀ဟောင်းများကိုပင် သိနိုင်မြင်နိုင်ပြောပြနိုင်သည်တို့ကို ထောက်ခံသည့်သက်သေခံ
အမြောက်အများရှိပါသည်။ ရှေးခေတ်ဗုဒ္ဓကျမ်းဂန်များတွင်လည်း ယခုမျက်မှောက်ခေတ်
တိုးတက်နေသည့် ဆေးပညာထက် အောက်မကျသည့် ခွဲစိတ်ကုသနည်း အပါအ၀င်
ကုထုံးနည်းနှင့် ဆေးစွမ်းကောင်းအကြောင်းများ ဖေါ်ပြထားသည်ကို တွေ့ရပါသည်။
ဗုဒ္ဓဘုရားရှင်လက်ထက်၌ ဇီဝကခေါ် အလွန်ကျော်ဇောထင်ရှားသည့် ဆေးပါရဂူကြီးသည်
လူသား၏ဦးနှောက်ကိုပင် အောင်မြင်စွာခွဲစိတ်ကုသပေးခဲ့ကြောင်း ၀ိနယပိဋက
မဟာဝဂ္ဂပါဠိတော်၌ အထင်အရှားဖေါ်ပြထားပါသည်။ လွန်ခဲ့သည့် ဘီစီ ၃၀၀၀
ကျော် ၃၅၀၀က ဂရိတ်၊ အီဂျစ်၊ စသည့် ဆေးပညာရှင်ကြီးတို့သည်လည်း အလားတူ
ဦးနှောက်ကို ခွဲစိတ်ကုသခြင်း၊ ဦးနှောက်ခွံကိုဖွင့်၍ ကုသခြင်း အစရှိသည့် ခက်ခဲ
နက်နဲသော ကုထုံးကုသနည်း အမျိုးမျိုးအဖုံဖုံကို အသုံးပြုခဲ့ပေသည်။
+++++++++++
1 comment:
  1. CASINO HOTEL CASINO, Las Vegas, NV - Mapyro
    Find CASINO HOTEL 거제 출장샵 CASINO, Las 김제 출장안마 Vegas, NV, 상주 출장마사지 United States, reviews on Mapyro. CASINO HOTEL AND CASINO HOTEL, LAS 안성 출장마사지 VEGAS. 안동 출장안마
    ReplyDelete