Saturday, September 18, 2010

အခန်း (၁၀) ဓါတ်အားရစေသော သိပ္ပံနည်းသစ် သတင်းမှတ်စု

အခန်း (၁၀)
ဓါတ်အားရစေသော သိပ္ပံနည်းသစ် သတင်းမှတ်စု
                   လူသားတို့သုံးစွဲရန် ဓါတ်အားကို နှစ်ပေါင်းများစွာပင် ထင်းမီးနှင့်အလားတူ
လောင်စာများမှလည်းကောင်း၊ လေမှလည်းကောင်း၊ ရေစီးအရှိန်မှလည်းကောင်း ရရှိခဲ့ပေ
သည်။ ဆယ့်ရှစ်ရာစုနောက်ပိုင်းနှင့် ဆယ့်ကိုးရာစုရှေ့ပိုင်း၌ ရေနွေးငွေ့ဖြင့်လည်နိုင်သော
အင်ဂျင်စက်များကို ကျောက်မီးအပူဓါတ်သုံး၍ တီထွင်ခဲ့ကြ၏။ နှစ်ဆယ်ရာစုခေတ်သို့
ရောက်သောအခါ နှစ်ပေါင်းသန်းနှင့်ချီ၍ အသုံးမ၀င်သေးသော ရေနံဓါတ်ဆီ၏
စွမ်းအားကို လူတို့တွေ့ရှိပြီး ထိုဆီအားဖြင့် လည်ပတ်သောအင်ဂျင်စက်မျိုးကို အသုံးပြုလာ
ကြတော့သည်။
                  
ကျောက်မီးသွေးနှင့်ရေနံသည် သုံးလိုက်လျှင် ကုန်သွားသော လောင်စာများဖြစ်၏။
၎င်းတို့အထဲမှ စွမ်းအင်ကိုအပူရှိန်အဖြစ်နှင့် ထုတ်သုံးပြီးနောက်တွင် လောင်စာသည်
ကုန်ခန်းသွားတော့သည်။ သို့ဖြစ်၍ ဓါတ်အားအဆက်မပြတ်စေရန် ၎င်းတို့ကိုစုဆောင်း
ထားပြီး အပူရှိန် တစ်ဆက်တည်းရအောင် ပြန်လုပ်ရပေမည်။ ထို့ကြောင့် တစ်နေ့နေ့တွင်
ရေနံနှင့် ကျောက်မီးသွေးမှန်သမျှ ကုန်သွားပေလိမ့်မည်။ လူတို့လိုသလောက် ရေနံနှင့်
ကျောက် မီးသွေးကို သဘာဝက ဖေါ်ထုတ်ပေးနိုင်စွမ်းမရှိချေ။
                   လေထဲမှရသောအားနှင့် ရေစီးရှိန်မှရသောအားတို့သည် သုံး၍မကုန်နိုင် မခန်းနိုင်
သည်ကားမှန်၏။ သို့သော် ယင်းအားတို့ကို သက်ဆိုင်ရာအခြေအနေပေး ကောင်းသော
ဒေသမျိုး၌သာ အသုံးချ၍နိုင်လေသည်။ လေအားဆိုလျှင် ထိုနှစ်မျိုးအနက် လက်တွေ့
သုံးစွဲရန် မလွယ်ဆုံးသောအားဖြစ်၏။ လေတိုက်ရပ်သွားသည်နှင့်တစ်ပြိုင်နက် ဓါတ်အား
လည်းမလာနိုင်တော့ချေ။ ရေအားမှာ ပို၍အဆက်မပြတ်ရနိုင်ပြီး ပို၍အသုံးရလွယ်ကူသည်။
၎င်းကို လျှပ်စစ်ဓါတ်အားဖြစ်အောင် ပြောင်းလွဲယူနိုင်၏။ သို့သော် လျှပ်စစ်အား အမှန်
လိုအပ်သောအရပ်သို့ရောက်အောင် အဖိုးတန်ဝါယာကြိုးရှည်များဖြင့် ပို့လွတ်ပေးရလေသည်။
                   ကျွန်ုပ်တို့ အမြဲထာဝရအသုံးချလိုသောအရာမှာ အခြားမဟုတ်။ လောင်စာများများ
မပြတ်ဖြည့်မနေရသော ဓါတ်အားပင်ဖြစ်သည်။ ယင်းဓါတ်အားမျိုးကို အမှန်တကယ်
လိုနေသောအရပ်၌ မပြတ်မလပ်ဖြစ်ပေါ်စေရမည်ပင်။ ဤလိုအပ်ချက်ကို ဖြည့်စွမ်း
ပေးနိုင်မည့်အရာမှာ အနုမြူတုံ့ပြန်အားဖြစ်ပါသည်။
                   အနုမြူစွမ်းအင်ထုတ်လုပ်နိုင်လျှင် ဓါတ်အားတိုက်ရိုက်ရနိုင်သည်ဟု လူတို့ထင်
ကြ၏။ ဆိုလိုရင်းမှာ အနုမြူတုံ့ပြန်အားကို စက်မောင်းရန်အသုံးပြု၍ ဖြစ်သည်ဟုထင်
ကြသည်။ သို့သော်လည်း နျူကလီးယားဓါတ်ကွဲပြားမှုမှာ လှုပ်ရှားနေသောအား
မဟုတ်ပါ။ ထို့ကြောင့် ၎င်းသည် ရေနွေးငွေ့စက်၊ မော်တော်ကားစက် စသည်တို့ကဲ့သို့
သော စက်များ၏ ဓါတ်အားနေရာတွင် အစားထိုးဝင်နိုင်သောအားမဟုတ်ချေ။
                   စင်စစ် နျူကလီးယားဓါတ်ကွဲပြားမှုမှာ ကျောက်မီးသွေး၊ ရေနံ၊ ဓါတ်ဆီ၊
ထင်းနှင့် အခြားလောင်စာတို့ဖြင့် အပူပေး၍ ဓါတ်အားထုတ်ယူရသလို အပူရှိန်ပေးသည့်
အရာသာဖြစ်ပေသည်။ အလွန်ပူပြင်းသောအရှိန်ဖြင့် ရေနွေးအိုးရှိရေကိုဆူစေကာ
ရေနွေးငွေ့ကို ထွက်လာစေ၏ ရေနွေးငွေ့က တစ်ဖန်လည်စေသည်အထိ အကျိုးပြုပြီး
ဓါတ်အားကို ပေးစေသည်။
                   မည်သို့ပင်ဖြစ်စေ၊ နျူကလီးယားစွမ်းအားကို အသုံးပြုရာ၌လည်း ချို့ယွင်းချက်ရှိ
ပြန်၏။ အနုမြူဓါတ်အားပေးဌာနများ တည်ဆောက်ရာ၌ ယခုတိုင်အကုန်အကျများစွာဖြင့်
ပြုလုပ်ရသည့်ပြင် ကျောက်မီးသွေး၊ ရေနံနှင့်ရေစီးရှိန်တို့မှ ဓါတ်အားရအောင်ဆောင်ရွက်
ရသည်ထက် စရိတ်စကပိုကုန်ကျသေး၏။ တစ်ဖန်လည်း နျူကလီးယား ဓါတ်အားများအနက်
ရောင်ခြည်တစ်မျိုးသည် လူသေစေလောက်သော အန္တရာယ်မျိုးပေးနိုင်ပေသည်။
ထို့ကြောင့် အနုမြူဓါတ်အားထုတ်လုပ်ပေးသည့် ရီအက်တာစက်ကို ခဲများ၊အင်္ဂတေများ
မံထားသော ထုထည်ကြီးမားသည့် နံရံများဖြင့် ၀ိုင်းပတ်ကာရံထားရလေသည်။ ဓါတ်အား
ဌာနများမှာလည်း အလွန်ကြီးကျယ်သော အဆောက်အဦးဖြစ်ရပြီးလျှင် ဆိုင်ရာ
လုပ်သားနှင့် လူအများဘေးကင်းအောင် ဓါတ်အားထွက်ရာနေရာနှင့် ခပ်ဝေးဝေးတည်
ဆောက်ထားရသည်။ သို့ဖြင့် ထုတ်ယူရရှိသော လျှပ်စစ်ဓါတ်အားကို အသုံးလိုနေသော
အရပ်များသို့ရောက်အောင် ၀ိုင်ယာကြိုးများမှတဆင့် ဆက်သွယ်လွှတ်ပေးရလေသည်။
                   နျူကလီယားရီအက်တာစက်မျိုးကို ယခုအခါ သင်္ဘောသုံးမျှထိ စီမံပေးနိုင်စွမ်း
ရှိ၏။ သို့သော်လည်း ဤအထိတက်နိုင်ခဲ့ခြင်းဖြင့်သာ ရပ်တန့်နေရဟန် တူပေသည်။
လေယာဉ်နှင့် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးယာဉ်များရှိ ဓါတ်ဆီတိုင်ကီများကို နေရာစား
ဝင်ပေးရန်ကိစ္စမှာ ဝေးလျက်ပင်ရှိသေး၏။
                   ဓါတ်အားကို သာမန်အသုံးပြုလိုသူများအမြင်၌ နျူကလီယားစွမ်းအင်၏ အဓိက
ချို့ယွင်းချက်မှာ လယ်သမားလူတန်းစားများအတွက် ဈေးပေါပေါနှင့် သဘောကျသုံးစွဲနိုင်
သည့် ဓါတ်အားမပေးနိုင်ခြင်းပင် ဖြစ်သည်။ ယနေ့ဆိုလျှင် လယ်သမားများသည် အဝေးရှိ
ဓါတ်အားထုတ်လုပ်ရေး ဌာနများမှတဆင့် ၀ိုင်ယာကြိုးစနစ်ဖြင့် သွယ်ယူနေရပေသည်။
ယင်းသို့ဓါတ်အားယူ၍ မရနိုင်သောနေရာများတွင်ကား ဆီလောင်စာ မပြတ်လိုအပ်သည့်
စက်များမှ လျှပ်စစ်ဓါတ်အားယူကြရ၏။
                   ကမ္ဘာ့ပထမဆုံး အနုမြူဓါတ်အားဌာနသည် ၁၉၅၆ ခုနှစ်တွင်မှ လျှပ်စစ်ဓါတ်အား
ပေးနိုင်ခဲ့လေသည်။ ထိုမှနောက်၌ နျူကလီယားစွမ်းအင်သည် စက်မှုထူထောင်ထားသော
နိုင်ငံများနှင့် စက်မှုဖြင့် ကြီးပွားလာသောနိုင်ငံများအတွက် အဓိကအသုံးဝင်လာတော့၏။
နျူကလီယားစွမ်းအင်ကို မဖွံ့ဖြိုးသေးသောနိုင်ငံများ သုံးစွဲနိုင်ရန်အရေးမှာမူ အလွန်
နှေးကွေးနေပေလိမ့်ဦးမည်ဖြစ်သည်။ အကြောင်းကား ၎င်းစွမ်းအင်အသုံးပြုလိုပါက
အရင်းအနှီးကြီးမားစွာ မြှုပ်နှံခြင်း၊ စက်မှုနှင့် သိပ္ပံဆိုင်ရာကျွမ်းကျင်ရေးဘက်၌ နောက်ဆွဲ
နေသောနိုင်ငံများအဖို့ အထူးသဖြင့် ကျောက်မီးသွေးနှင့် ရေနံထွက်နည်းနေလျှင် အခြား
နည်းဖြင့် ဓါတ်အားထုတ်လုပ်ရန်သာရှိတော့သည်။
                   အကုန်အကျနည်းနည်းနှင့် သဘောကျသုံးစွဲနိုင်သော ဓါတ်အားကိုထုတ်ယူရာ၌
လောင်စာသိုလှောင်ခြင်းမပြုရသော နည်းတစ်နည်းမှာ သမရိုးကျသုံးခဲ့သည့် လေရဟတ်
တပ်ဆင်နည်းဖြစ်သည်။ လေရဟတ်ကို ဆက်လက်အသုံးပြုခြင်းဖြင့် ယခုဖြစ်ပေါ်လျက်ရှိ
သော ပြဿနာမျိုးကိုပင် မမျှော်လင့်ဘဲ ပြေလည်သွားစေလိမ့်မည်။
                   ဒိန်းမတ်နှင့် နယ်သာလင်တိုင်းပြည်များတွင် လယ်ယာများအတွက်လျှပ်စစ်
ဓါတ်အားပေးရန် ရှေးအကျဆုံး လေရဟတ်များကို နှစ်ပေါင်းများစွာအသုံးပြုခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်းကဆိုလျှင် နာဇီဂျာမန်တို့သိမ်းပိုက်ထားသော နယ်များ၌
ကျောက်မီးသွေးနှင့်ရေနံ အကြီးအကျယ်ပြတ်သွားသဖြင့် စက်များမလည်နိုင်စဉ်
ဓါတ်အားရအောင် လေရဟတ်ပုံစံများ တိုးတက်ကောင်းမွန်အောင် ပြုလုပ်သုံးစွဲကြလေ
သည်။ ယခုသော် ကမ္ဘာပေါ်ရှိတိုက်ကြီးများမှ နိုင်ငံများသည် စက်ရုံမတည်ဆောက်
နိုင်သော လယ်ယာများတွင် မီးထွန်းရန်နှင့် လယ်ယာသုံးစက်ကိရိယာများ လည်ပတ်ရန်
လိုအပ်သော လျှပ်စစ်ဓါတ်အားကို လေမှပင် အားကိုးတကြီးယူနေရပေသည်။
                   စွမ်းအင်မကုန်ခန်းနိုင်အောင်လည်းရှိ၊ လူသုံးအတွက်အကျိုးများစွာလည်း ပြုနိုင်သော
အခြားအရာတစ်ခုမှာ နေ ပင်ဖြစ်သည်။ မှန်ကို နေရောင်၌ထောင်၍ မီးရအောင်ယူခြင်းသည်
နေပူရှိန်မှထုတ်ပေးသော စွမ်းအားပါပေ။
                   ဗြိတိန်ပြည် လယ်မြေတိုင်းတွင် ပူပြင်းသောနွေရာသီ၌ တစ်နေ့တစ်နေ့ရနိုင်သော
အပူရှိန်မှာ ကျောက်မီးသွေးသုံးတန်ကို မီးရှို့ခြင်းမှရသော အပူရှိန်နှင့်ညီမျှ၏။ ကမ္ဘာ
တစ်ဝှမ်းသို့ တစ်နှစ်အတွက် နေကပေးနိုင်သောအပူရှိန်မှာ ကျောက်မီးသွေးတန်ပေါင်း
၄၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀ ကို မီးရှို့၍ထွက်သော အပူရှိန်မျှရှိကြောင်း
ခန့်မှန်းတွက်ချက်နိုင်သည်။ သို့ဖြင့် ကမ္ဘာရေနံနှင့် ကျောက်မီးသွေးအားလုံးကို သုံးခြင်း
ထက် နေမှအပူရှိန်များစွာ ပိုပေးနိုင်သည်ဟု သိရ၏။ တစ်နှစ်တာမျှသော ကာလအတွင်း
လူတို့အသုံးချနိုင်တော့မည့် အနုမြူစွမ်းအင်ထက်လည်း အားပိုမိုရရှိနိုင်သော အရာပါပေ။
                   ဆယ်ပေပတ်လည်ရှည်သော တောက်ပြောင်သည့်သတ္ထုပြားတစ်ချပ်ကို  ကမ္ဘာ
မြေပြင်မှ မိုင်(၂၀)အထက်၌ ချိတ်ဆွဲထားနိုင်မည်ဆိုလျှင် ၎င်းသည်မိနစ်တိုင်း မိနစ်တိုင်း
(၂)ကယ်လိုရီနှင့်ညီမျှသော အပူချိန်ကို နေမှယူပေးလိမ့်မည်ဖြစ်သည်။ ကယ်လိုရီ
တစ်ခုသည် အပူချိန်တစ်ယူနစ်ကို ခေါ်သည်။ တစ်ကယ်လိုရီ၌ ရေတစ်ဂရမ်ကို တစ်ဒီဂရီ
တိုးပူအောင် အပူဓါတ်ပေးနိုင်သောအားရှိ၏။
                   နေရောင်ခြည်ကျရောက်ရာ တစ်ဝိုက်ကို ချဲ့ထွင်လိုက်သောအခါ အပူရှိန်ပမာဏနှင့်
ယင်း၏ ကယ်လိုရီအထွက်မှာ ကြီးစွာတိုးတက်များပြားလာသည်။ ထို့ကြောင့် အကယ်၍
အာကာသရှိ တောက်ပသောဆယ်ပေပတ်လည် သတ္တုပြားအစား တစ်မိုင်ပတ်လည်
သတ္တုပြားကို ထားပေးနိုင်မည်ဆိုပါက ၎င်းအပေါ်ကျရောက်သော နေအပူရှိန်သည်
မြင်းကောင်ရေ ငါးသန်းအားနှင့်ညီမျှအောင် တိုးလာလိမ့်မည်ဖြစ်သည်။
                   သို့စဉ် အာဖရိကနှင့် အမေရိကန်ရှိ သဲကန္တာရဒေသများနှင့် အီကွေတာနှင့်နီးသော
နေရာများ၌မူ နေမှစွမ်းအင်ထုတ်ရန် အခွင့်အလမ်းသာလျက်ရှိပေသည်။ အပူပိုင်းဒေသ
များတွင် တစ်မိုင်ပတ်လည်နေရာကို နေမှပေးနိုင်သော အပူရှိန်သည် ကျောက်မီးသွေးတန်
၇၄၀၀ သုံး၍ရသော အပူရှိန်နှင့်ညီမျှ၏။ ဆာဟာရ၌ တစ်နေ့တာရရှိသောအပူရှိန်သည်
ကျောက်မီးသွေးတန်ချိန် သန်းပေါင်းခြောက်ထောင်မှ ရသည့်အပူနှင့်ညီမျှ၏။
                   နေ၏စွမ်းအင်ကို လျှပ်စစ်ဓါတ်အားအဖြစ် အသုံးချလိုလျှင် နေရောင်ခြည်များကို
ဖမ်း၍ စုစည်းရပေမည်။ သို့ဖြင့် နေမှစွမ်းအားကို လက်တွေ့ အကုန်သက်သာသော
နည်းဖြင့် သုံးစွဲနိုင်ဖို့အရေးမှာ နေရောင်ခြည်ဖမ်း ကိရိယာများတီထွင်ရေးနှင့် ၎င်းတို့ကို
ထိန်းသိမ်းရေးပြဿနာမှ အစချီရတော့မည်ဖြစ်၏။
                   နေရောင်ခြည်ဖြင့် အစားအစာချက်သော မီးဖိုအမျိုးပေါင်းများစွာကိုလည်း
လက်တွေ့သုံးစွဲရန် ပြုလုပ်ကြသည်။ အများအားဖြင့် တံစို့ သို့မဟုတ် အိုးထဲသို့
ရောင်ခြည်ရောက်စေသည့် ထီးပုံသဏ္ဍာန် ရောင်ပြန်သတ္တုပြား တစ်ခုစီပါကြ၏။
ဤရောင်ခြည်မျိုးကို အိန္ဒိယအစိုးရက အတော်စိတ်ဝင်စားနေပေသည်။ အကြောင်းမူ
ထင်းများရှားပါး၍ ဈေးကြီးသောရွာများ၌ လျှပ်စစ်ဓါတ်အားလည်း မရှိသည့်အတွက်
ဤနည်းကို အသုံးပြုလျှင် အစားအစာ ချက်ပြုတ်ရေးပြဿနာ ပြေလည်စရာရှိ၍
ဖြစ်ပေသည်။ ထို့ကြောင့် ၎င်းအစိုးရက မီးဖိုတစ်မျိုးကို တစ်လုံးလျှင် ၅ ပေါင်နှုန်းဖြင့်
ရောင်းချရန် အရေအတွက် အများအပြား ထုတ်လုပ်လျက်ရှိ၏။
                   နေရောင်ခြည်မှစွမ်းအားကို အလုံးအရင်းနှင့် ထုတ်ယူသုံးစွဲရန်အတွက် စီးပွားရေး
ဘက်က လက်တွေ့မလိုက်နိုင်သော်လည်း အနည်းအကျဉ်းကိုကား တစ်ချို့ကိစ္စရပ်များ
အတွက် နေရာတကာတွင် အသုံးချလျက်ရှိပေပြီ။ ဂြိုလ်တုများနှင့် အာကာသစူးစမ်းရေး
ကိရိယာများကို ကမ္ဘာပတ်လမ်းကြောင်းသို့လည်းကောင်း၊ ဂြိုလ်များအား စူးစမ်းရန်
လည်းကောင်း၊ ဂြိုလ်များဆီသို့လည်းကောင်း ပစ်လွှတ်ရာဝယ် ရေဒီယိုသတင်းပို့ ပစ္စည်း
များအတွက် လျှပ်စစ်ဓါတ်အားရအောင် နေပူရှိန်ကို အသုံးပြု၏။ ယင်းသို့ နေရောင်
ခြည်ဓါတ်အား အနည်းငယ်ထုတ်လုပ် ရေးဌာနများမှာ စင်စစ်နေပူရှိန်ကရသည့် ဓါတ်အား
သိုလှောင်ထားသော လျှပ်စစ်ဘက်ထရီများပင် ဖြစ်ပါသည်။
                   နေရောင်ခြည်ဘက်ထရီမျိုးစုံကို အာကာသသုတေသနအတွက် ကောင်းကောင်း
အသုံးချနိုင်၏။ တစ်မျိုးမှာ ရေကဲ့သို့ ပါးလွှာသော ဆီလီကွန်အလွှာ ရာပေါင်းများစွာပါပြီး
အလွှာချပ်တိုင်းသည် မုတ်ဆိတ်ရိတ်ဓါးပြားထက်ပင် ငယ်သေးသည်။ ဆီလီကွန်မှာ
အပူဓါတ်ရလျှင် လျှပ်စစ်ဓါတ်အား အနည်းငယ်ထွက်သော သတ္တုဓါတ်တစ်မျိုးဖြစ်
သည်။ ဆီလီကွန်အလွှာများကို သေးမျှင်သော ၀ိုင်ယာများဖြင့် ချုပ်ဆက်ထား၏။
သို့ဖြင့် ဂြိုလ်တုနှင့် အာကာသယာဉ်များပေါ်သို့ တင်သွားသော ဘက်ထရီထဲသို့
ရောင်ခြည်များဝင်အောင် လှည့်ပေးရုံဖြင့် ဓါတ်အားကို ရယူနိုင်တော့၏။ နေပူရှိန်သည်
ထိုအခါ အသံသွင်းကိရိယာများ၊ ရေဒီယိုများ၊ အသံဖမ်း အသံလွှင့်စက်များအတွက်
လိုအပ်သော ဓါတ်အားကိုထုတ်ပေးတော့သည်။
                   လျှပ်စစ်ဓါတ်အား အနည်းငယ်ကို နေပူရှိန်မှထုတ်ယူနိုင်သည့် အခြားတစ်နည်းမှာ
ဖိုတိုအီလက်ထရစ်ဆဲလ်များဖြင့် ပြုလုပ်ရသောနည်းဖြစ်သည်။ ဖိုတိုအီလက်ထရစ်ဆဲလ်
သည် ဆီလီနီယံလို အလင်းရောင်အထိမခံနိုင်သော ဓါတ်မျိုးပါဝင်၏။ ဆီလီနီယံ၏
ပါးလွှာသောဖလင်ကို လျှပ်စစ်ပြွန်တံပေါ်တင်ပြီး အလင်းရောင်ပေးလိုက်လျှင် ဆီလီနီယံမှအီလက်ထရွန်များထွက်လာပြီး လျှပ်စစ်ဓါတ်အားငယ်အဖြစ် စီးလာလေသည်။
                   ယင်းဆဲလ်များစွာကို စု၍ နေရောင်ခြည်ပေးလိုက်လျှင် အာကာသယာဉ်ကို
မောင်းနိုင်အောင် လုံလောက်သော ဓါတ်အားရပေမည်။ သို့သော် တော်သင့်ရုံဓါတ်အား
စက်မျိုးမှ ထုတ်ပေးသည့် လျှပ်စစ်ဓါတ်ကို ရယူရန်အတွက် ဖိုတိုအီလက်ထရစ်ဆဲလ်
တစ်မိုင်ပတ်လည်ကို ရောင်ခြည်ပြရန် လို၏။
                   မက်ဆာချူးဆက်စက်မှုသိပ္ပံကျောင်းမှ တီထွင်သော နေရောင်ခြည်စွမ်းအား
အသုံးပြုရေး အဆိုပြုချက်မှာ အရင်းခံအကျဆုံးဟု ဆိုနိုင်ပေသည်။ ယင်းအဆိုပြုချက်အရသော်
ရေကို ပြင်းစွာသောနေပူရှိန်၌ နေလှမ်းခြင်းဖြင့် အောက်စီဂျင်ဓါတ်နှင့် ဟိုက်ဒရိုဂျင်ဓါတ်အားများ
ရယူရန်ဖြစ်သည်။ ဟိုက်ဒရိုဂျင်ကို လေထဲရှိအောက်စီဂျင်နှင့် တွဲပေးခြင်းဖြင့် စက်များအတွက်
လောင်စာအဖြစ် အသုံးပြုရန် စီမံခြင်းပါပေ။ ဤနည်းက နေရောင်အားကို တစ်နေ့နေ့၌မော်တော်ကားများ
ရေဖြင့်မောင်းနှင်အောင်ဖန်တီးပေးမည့် အလားအလာကို ဖေါ်ပြလျက်ရှိ၏။
                   လေက သွယ်ဝိုက်သောနည်းဖြင့် စီမံပေးသော စွမ်းအင်တစ်မျိုးမှာ ပင်လယ်လှိုင်းမှ
ရသော စွမ်းအားပင်ဖြစ်သည်။ အင်ဂျင်နီယာများနှင့် သိပ္ပံပညာရှင်များသည် မရပ်မနား
ထကြွနေသော ပင်လယ်သမုဒ္ဒရာလှိုင်းများမှ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေးပြဿနာ
အတွက် အဖြေရှာရာတွင် တ၀ဲလည်လည်ဖြစ်ခဲ့ကြသည်။ ကမ်းခြေကို ရိုက်လာသော
လှိုင်းလုံးများ၏ အရှိန်သည် စွမ်းအင်တစ်မျိုးကို ဆောင်သည်ကားမှန်၏။ သို့သော်
၎င်းကို စမ်းသပ်ကြည့်သင့် မကြည့်သင့် ချိန်ဆရန်လိုပေသည်။
                   မီးတောင်များကို အပူရှိန် ဓါတ်အားရရှိရန်လည်း အများအပြား ကြိုးပမ်းခဲ့ပေပြီ။
သို့သော် မည်သည့်စမ်းသပ်မှုမျှ အကုန်အကျမသက်သာခဲ့ပေ။
                   တစ်ဖန် ကမ္ဘာပေါ်၌ နေ့စဉ်မိုးသက်လေပြင်း ပျမ်းမျှ ၄၅,၀၀၀ ပေါ်၏။
ထို့ကြောင့် (၂၄) နာရီတစ်လျှောက် တစ်ချိန်ချိန်၌ တစ်နေရာရာတွင် မိုးသက်လေပြင်း ၁၈၀၀ ဖြစ်ပေါ်၏။
၎င်းတို့မှာ တစ်မိနစ်လျှင် လျှပ်စီး ၃၆၀,၀၀၀ ပြက်လျက်ရှိသည်။
                   ထို့ကြောင့်လည်း လျှပ်ဓါတ်အား အင်ဂျင်နီယာများက လျှပ်စီးမှ လူတို့အသုံးပြုနိုင်သော
ဓါတ်အားရအောင် ပြုလုပ်နိုင်သည့်ကိစ္စကို အပြင်းအထန် စိတ်စောနေကြခြင်းဖြစ်သည်။
စီမံကိန်းများစွာချ၍ စမ်းသပ်သော်လည်းတစ်ခုမှ မအောင်မြင်သေးပေ။ မအောင်မြင်စေသော
အခက် အခဲကြီးတစ်ခုမှာ အခြားမဟုတ်။ လျှပ်စီးသည် မြေပြင်ပေါ်ရှိ နေရာတစ်ခုကို
နှစ်ကြိမ် ထိရန်ခဲယဉ်းသောကြောင့် လျှပ်စီးပြက်သမျှကို စုဆောင်း၍မရနိုင်အောင်ဖြစ်နေခြင်းပင်။
လျှပ်စစ်စီး သတ္တုချောင်းကြီးများဖြင့် လျှပ်ပြက်မှုကို ရအောင်အဖန်ဖန်ကြိုးစားရသော်
လည်း ကျနစွာ လျှပ်စီးသွင်းရန်နှင့် စုဆောင်းသမျှလျှပ်စစ်ဓါတ်အား အများအပြားကို
သိုလှောင်ရန်ပြဿနာကို ယနေ့တိုင် မဖြေရှင်းနိုင်ခဲ့ပေ။
                   လက်တွေ့အသုံးပြုနိုင်သော သဘာဝလျှပ်စစ်ဓါတ်ကို အိုင်အိုန်းမိုတှာုသညာသအသမ မှလည်းရနိုင်သည်။ အနာဂတ် အာကာသခရီးရှည်သွားလာရေးအတွက် ဤနည်းမှာ ကောင်းမွန်
ကြောင်း သိရှိရပေသည်။ ဤသို့ကောင်းရခြင်းမှာ အိုင်အိုန်းတွန်းအားက တွန်းအားအသေး
စားကို အချိန် ကြာကြာပေးနိုင်သောကြောင့် ဖြစ်သည်။
                   တယ်လီဗီးရှင်းစက်သည် အိုင်အိုန်းတွန်းအားကိုပြရန် အကောင်းဆုံးသာဓက
တစ်ခုဖြစ်၏။ ဓါတ်အားကြီးကြီးကို အသုံးပြုသောအခါ အလွန့်အလွန်သေးငယ်သော
အနုမြူမှုန်များဖြစ်သည့် အိုင်အိုန်းတို့သည် ထွက်လာပြီးလှုပ်ရှားတော့၏။ ထိုအခါ
အမှုန်သွားရာလမ်းကြောင်းတို့ကို တယ်လီဗင်းရှင်း တံ၏ အကာနောက်သို့ လမ်းညွှန်ပေး
လိုက်ခြင်းဖြင့် ရုပ်ပုံကား ပေါ်လာစေ၏။
                   အိုင်အိုန်းတွန်းအားတွင် အိုင်အိုန်းများသည် အင်ဂျင်စက်နောက်မှ အပေါက်ကိုဖြတ်၍ လွင့်ထွက်ကုန်၏။တယ်လီဗင်းရှင်းသို့ လမ်းလွဲပေးနိုင်သကဲ့သို့ မဟုတ်တော့ချေ။ ထိုအပေါက်မှ တွန်းထွက်ခြင်းဖြင့် တုံ့ပြန်အားပေါ်လာပြီး ၎င်းအားက အင်ဂျင်ကို ရှေ့သို့လည်ပတ်စေသဖြင့်
၎င်းတပ်ထားသော အာကာသယာဉ်ကိုလည်း ရှေ့သို့ထွက်သွားစေသည်။ ရိုးရိုးဒုံးပျံ
သို့မဟုတ် ဂျက်လေယာဉ် တွန်းထွက်သွားသည်နှင့် တစ်ထပ်တည်းတူပေ၏။
                   ပလပ်စမာသည် ကြီးစွာတုန့်ပြန်ခြင်းအားကို ပြုသည်။ ထို့ပြင် အကယ်၍ ၎င်းကို
ပြင်းသော သံလိုက်ဓါတ်ရှိရာနှင့် အခြားစက်ဝန်းသို့ လွှတ်ပေးလျှင် ၎င်း၏ တုံ့ပြန်အား
သည် ကြီးစွာသော အရှိန်ကို ဖြစ်ပေါ်စေသဖြင့် ပလပ်စမာမိုတာသည် အာကာသယာဉ်
များအတွက် ဓါတ်အားပေးနိုင်စွမ်းရရှိသော ယူနစ်တစ်ခုဖြစ်လာသည်။
+++++++++++++++++
သိပ္ပံနည်း ကမ္ဘာ့ရိက္ခာဖူလုံရေး သတင်းမှတ်စု
                  
ယနေ့ ကမ္ဘာပေါ်၌ လူသန်းပေါင်း သုံးထောင်ကျော် နေထိုင်လျက်ရှိကြသည်။
နှစ်စဉ်လည်း သန်းပေါင်းများစွာ ထပ်၍တိုးနေ၏။ တစ်နှစ်အတွင်းတွင် တရုတ်ပြည်
ကြီး၌ လူဦးရေ ၁၅ သန်းတိုး၏။ အိန္ဒိယပြည်၌ ၆ သန်း၊ ရုရှားပြည်၌ သုံးသန်းခွဲနှင့်
အမေရိကန်ပြည်ထောင်စု၌ နှစ်သန်းခွဲတိုး၏၊ တရုတ်ပြည်နှင့် အိန္ဒိယပြည်တို့သည်
ထပ်မံ၍ စက်မှုလုပ်ငန်း တိုးချဲ့လာပြန်ရာဝယ် ယင်းတို့၏ မွေးဖွားနှုန်း တိုးမြှင့်လာ
မည်ဖြစ်ပြီး လက်ရှိပျမ်းမျှ လူဦးရေတိုးနှုန်းထက် နှစ်စဉ်ကြီးထွားလာလိမ့်မည်။
                   လူဦးရေတိုးနှုန်းကို လက်ရှိအတိုင်းပင်ထား၍တွက်သော် ကမ္ဘာ့လူဦးရေသည်
ကြောက်ခမန်းလိလိတိုးနေကြောင်းသိရသည်။ အမေရိကန်ပြည်ထောင်စုမှ လူဦးရေ
ရည်ညွှန်းတွက်ချက်ရေးရုံး၏ ခန့်မှန်းခြေအရဆိုလျှင် နှစ် ၂၀၀၀ ပြည့်နှစ်သို့ရောက်သောအခါ ကမ္ဘာ့လူဦးရေသည် ယနေ့လက်ရှိ၏ နှစ်ဆဖြစ်လာလိမ့်မည်ဟုသိရသည်။ နှစ် ၂၀၀၀ ပြည့်ဟုဆိုရာဝယ် ကွာလှမ်းလှသော အနာဂတ်ကာလကိုမျှော်မှန်းထားသလိုကားဖြစ်၏ သို့သော် ယနေ့စတွက်လျှင် ၂၀၀၀ ပြည့်နှစ်၌ ယနေ့ကလေးငယ်များသည် အရွယ်ကောင်းသို့ ရောက်နေကြပေတော့မည်။ ထို့ကြောင့်
ဤခန့်မှန်းခြေအရဆိုလျှင် လူဦးရေတိုးနှုန်း ကိန်းဂဏန်းများသည် တကယ်ပင် တုန်လှုပ်
ဖွယ်ဖြစ်နေ၏။ ယင်း ကိန်းဂဏန်းများ၏ ဖေါ်ပြချက်မှာ အကယ်၍ ဤနှုန်းထား
အတိုင်းသာ လူဦးရေ ဆက်လက်တိုးနေမည်ဆိုလျှင် နှစ်ပေါင်းသုံးရာကြာသောအခါ
ကမ္ဘာမြေပေါ်တွင် မြေဧရိယာ ၅ စတုရန်းတစ်ကွက်အတွင်း လူတစ်ယောက်ကျ ရှိနေ
တော့မည်ဖြစ်သည်။ နှစ်သုံးရာဆိုသည်ကား ရာဇ၀င်သမိုင်း၌ ကြာသောအချိန်ကာလ
မဟုတ်ပါပေ။
                   သို့သော် ကမ္ဘာ့လူဦးရေက ကြောက်ခမန်းလိလိ တိုးပွားနေစေကာမူ လူသား
တစ်ရပ်လုံးအတွက် အစားအစာစိုက်ပျိုးရန်မြေသည်ကား ရှိရင်းစွဲအတိုင်းသာ တည်နေပေ
သည်။ ယနေ့ဖြစ်ရပ်အတိုင်းဆိုပါက ကမ္ဘာ့လူဦးရေ၏ ကြီးမားသော အစိတ်အပိုင်းသည်
စားစရာ အလုံအလောက် မရှိဘဲဖြစ်နေသည်။ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် လယ်ယာ
စိုက်ပျိုးရေးအဖွဲ့ကြီးက စုဆောင်းဖေါ်ပြသော ကိန်းဂဏန်းများအရ သန်းပေါင်း ၃၀၀၀
ရှိသော လူများအနက် အစားအစာ လုံလုံလောက်လောက် မမှီဝဲရသူများမှာ သုံးပုံတစ်ပုံနှင့်
တစ်ဝက်ကြားတွင်ရှိကြောင်း တွေ့ရသည်။ ထို့ပြင် သန်းပေါင်း ၃၀၀ နှင့် ၅၀၀ ကြား
ရှိလူများသည် မစားသင့်သော အစားအစာများကို စားနေရ၍ အာဟာရဓါတ်ချို့တဲ့မှုနှင့်တကွ
နောက်ဆက်တွဲ သက်ဆိုင်ရာ ရောဂါဘယများ၏ ဒဏ်ကို ခံစားနေရလေသည်။
                   အာဟာရချို့တဲ့မှုသည် အာဖရိကနှင့် အာရှတိုက်များရှိ သန်းပေါင်းများစွာသော
ရင်ခွင်ပိုက်ကလေးငယ်များ ခံစားနေရသော လူမှုရေးဒုက္ခဖြစ်သည်။
                   အာဟာရဓါတ်ချို့တဲ့ခြင်းသည် ပရိုတိန်းဓါတ်ချို့တဲ့ခြင်းဖြစ်သည်။ ယင်း
ပရိုတိန်းဓါတ် ချို့တဲ့မှုပင်လျှင် မဖွံ့ဖြိုးသေးသော နိုင်ငံများရှိ လူတို့၏သက်တမ်းကို
ပျမ်းမျှခြင်း နှစ် ၄၀ သာ ရှည်စေခဲ့လေသည်။ ဤသက်တမ်းသည် အခြားနိုင်ငံသား
များ၏ သက်တမ်း ခုနစ်ဆယ်ကျော်နှင့်စာလျှင် ကွာလှမ်းနေပေသည်။
                   သို့သော် အာဟာရဓါတ်ချို့တဲ့ရခြင်း၏ ၀မ်းနည်းဖွယ်အကြောင်းသည်
အသုံးဝင်သော လူစားသီးနှံ စိုက်ပျိုးရန်မြေနည်းပါးခြင်းနှင့် အသားပေးတိရစ္ဆာန်များ
တိုးတက်များပြားအောင် မလုပ်နိုင်ခြင်းတို့ကြောင့် မဟုတ်ပါပေ။ စိုက်ပျိုးရန်မြေသည်
ရှိပါ၏။ သို့စဉ်လျက် တကယ်အသုံးကျအောင် မလုပ်နိုင်၍ဖြစ်ပါသည်။
                   လက်ရှိလူဦးရေကို ကူညီကျွေးမွေးပြုစုရန် သိပ္ပံပညာက ဘာတွေလုပ်နေပြီး
နှစ် ၂၀၀၀ ပြည့်ရှိ ရှိလာမည့် လူပေါင်းသန်း ၆၀၀၀ အတွက် အငတ်ဘေးကင်းဝေး
အောင် ဘာ အာမခံချက်များကို ပေးနိုင်ပါသနည်း။
                   နှစ်ပေါင်း သုံးဆယ်လောက်အကြာတွင် တည်ရှိလာမည့် လူသန်း ၆၀၀၀
ကိစ္စသည် ပြဿနာရပ်များစွာ ပေါ်ပေါက်စေမည့် အရေးအကြီးဆုံးဖြေရှင်းရမည့်
ပြဿနာကား ထိုလူဦးရေနှင့် မျှတသည့် ကမ္ဘာ့စားနပ်ရိက္ခာကို ထုတ်လုပ်ပေးနိုင်ရေး
ဖြစ်သည်။
                   မစိုက်ပျိုးဘဲထားသည့် မြောက်မြားလှစွာသော မြေဧရိယာများကို အခုထိ
စိုက်ပျိုးအသုံးပြုနိုင်အောင် ဆည်မြောင်းများ တည်ဆောက်ချဲ့ထွင်၍ ပြုလုပ်ခဲ့သည်ကား
မှန်၏။ ထို့ပြင် ဆာဟာရ သဲကန္တာရအစိတ်အပိုင်းအချို့ကိုလည်း တူးမြောင်းမှ
ရေသွယ်ပေး စိုက်ပျိုးရေးပြုလုပ်မည့် စီမံကိန်းများဖြင့် သဲမြေကို မြေသြဇာပြည့်ဝအောင်
ဖန်တီးပေးမည်ဟုလည်း သိရပါသည်။
                   လူသားကို အကျိုးပြုရန်အတွက် ရေအဏ္ဏ၀ါမှ အကန့်အသတ်မရှိသော
အစားအစာများ၏အစွမ်းကို ထုတ်ယူနိုင်ရန်မှာ နိုင်ငံတကာ သဘောတူစာချုပ်ပြီး အားလုံး
လိုက်နာဖို့ပင်ဖြစ်သည်။ ထိုစာချုပ်မျိုးသည် လူသားအားလုံး တစ်စုတည်းကောင်းစား
ရေးအတွက်သာ ဖြစ်စေရမည်။ နိုင်ငံအချို့၏ စီးပွားရေးတိုးတက်ရန်မျှသာ မဖြစ်စေရပေ။
                   ကမ္ဘာ့ငါးဖမ်းလုပ်ငန်းကို အစားအစာ သိုလှောင်ရန်အဖြစ်ဖြင့် ပြည့်ပြည့်၀၀
ကြီး ဆောင်ရွက်ရန် အရေးကြီးသည်ဟု သိလာခြင်းသည် တည်ဆဲနှင့် အနာဂတ်
အာဟာရဓါတ် လိုအပ်ချက်ကို ဖြည့်စွမ်းရန် လက်ရှိ စားနပ်ရိက္ခာထွက်ရာ နေရာများကို
တိုးတက်အောင် ကြိုးပမ်းမည့် လုပ်ငန်း၏ အကောင်းဆုံးသော သာဓကပင်ဖြစ်သည်။
သို့မှသာ အနာဂတ်လိုအပ်သမျှအတွက် ဖြည့်စွက်အပေးနိုင်ဆုံးဖြစ်မည် ဖြစ်ပေသည်။
                   စားနပ်ရိက္ခာထွက်ကို များပြားလာအောင် ဆာဟာရနှင့် အခြားသဲကန္တာရများသို့
ရေသွယ်စိုက်ပျိုးမှုအတွက် ငွေကုန်ကြေးကျ များလှသော စီမံကိန်းများ ရေးဆွဲချမှတ်
ခြင်းသည် ရှိပြီးထွန်ယက်စိုက်ပျိုးရာမြေများ အပြည့်အ၀ အသုံးချနိုင်အောင်
မပြုလုပ်ခင်တွင် သင့်လျော်လှသည် မဟုတ်ပေ။ ကမ္ဘာပေါ်ရှိ သဲကန္တာရမြေ
အများအပြားကို တူးမြောင်းသွယ်ပေးပြီး ထွန်ယက်စိုက်ပျိုးနိုင်အောင် လုပ်ခြင်းသည်
ဖြစ်တော့ဖြစ်နိုင်ပါသည်။ သို့သော် ထိုမြေများမှ ထွက်လာသောသီးနှံနှင့် မွေးမြူရေး
တိရစ္ဆာန်တို့သည် သက်သက်သာသာနှင့် ရောင်းချစားသောက်နိုင်မည် မဟုတ်ပေ။
ယခုနှင့် နောင်အတွက်ပါ လိုအပ်ချက်မှာ ဈေးပေါပေါနှင့်ရသော စားနပ်ရိက္ခာ များပြား
ရန်ဖြစ်သည်။ အစားအစာကို အလိုအပ်ဆုံးဖြစ်သော ၀င်ငွေနည်းသည့်သူများအတွက်
ဈေးကြီးကြီး ပေးဝယ်ရမည့် အစားမျိုး အလွန်အကျွံ ပေါများနေရန်ကား မဟုတ်ချေ။
                   အသုံးလည်းဝင် ချွေတာရေးလည်းကျပြီး မှန်ကန်ထောက်ပံ့နိုင်သော အာဟာရ
ဓါတ်ပြည့်ဝသည့် အစားအစာဖြင့် တရှိန်ထိုးတိုးတက်နေသော ကမ္ဘာ့လူဦးရေကို
တည်နိုင်စေရန်မှာ အချက်လေးချက်အပေါ် အခြေခံနေပေသည်။ ပထမအချက်က သီးနှံကို
ပိုးမွှားနှင့် ပေါင်းဖျက်သည့်ဘေးမှ ကာကွယ်ပေးနိုင်ခြင်းဖြစ်၏။ ဒုတိယအချက်ကား
မိုးရွာသွန်းမှု သို့မဟုတ် အခြားနည်းဖြင့်ရသော ရေဖြစ်သည်။ တတိယနှင့် စတုတ္ထအချက်
များသည် လယ်ယာက အမှီပြုနေရသည့် တိရစ္ဆာန်များက အသားထွက်နှုန်း လုံလောက်
အောင် တိုးတက်ပေးခြင်းနှင့်မြေကို အဖြစ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် အသုံးပြုခြင်း
တို့ဖြစ်၏။ သိပ္ပံပညာက ယင်းလိုအပ်ချက်များကို ဖြည့်စွမ်းပေးနေသည်ကို ကြည့်
ကြပါစို့။
                   ကမ္ဘာအနှံ့အပြားပင် လယ်ယာကောင်းမွန်စွာ စိုက်ပျိုးရေးသည် ခေတ်ထနေ၏။
သို့သော် လူဦးရေထူထပ်သော ဥရောပနှင့် အထူးသဖြင့် ဗြိတိန်မြို့များတွင် အိမ်နှင့်စက်ရုံ တိုးပွားလာသည်နှင့်အမျှ ယခင်က ကြွယ်ဝသော လယ်မြေများ၊ အရေးတကြီး ပျိုးထောင်ရာ
နေရာများသည် ယခု အဆိုပါ အိမ်စသည်တို့နှင့် ပြည့်နှက်လျက်ရှိလေတော့သည်။
                   ဟိုက်ဒရိုပိုနစ်ံပိမသစသညငခ ကို အိန္ဒိယနှင့်ဆာဟာရတွင် စမ်းသပ်ကြည့်ရာ အောင်မြင်သည်ဟုသိရသည်။ သို့သော်လည်း မြေမပါဘဲ ရေဖြင့်သာစိုက်ပျိုးနည်းသည် မလွယ်ကူပေ။
                   ယခုဆိုလျှင် ဟိုက်ဒရိုပိုနစ် သိပ္ပံပညာရပ်၏ မကြာသေးမီကတွေ့ရှိချက်အရ
လယ်ကွင်းများကို စိုက်ပျိုးရေး စက်ကိရိယာများဖြင့် ဖြည့်စွမ်းပေးနိုင်မည့် နေ့ရက်သည်
မဝေးလှတော့ပြီ။ လူသုံးနှင့်တိရစ္ဆာန်သုံး သီးနှံများကို မကြာမီပင် ရာသီဒဏ်နှင့် ပိုးမွှား
ဒဏ်တို့မှ ကင်းလွတ်အောင် ပျိုးကြဲ၊ စိုက်ပျိုးရိတ်သိမ်းနိုင်တော့မည် ဖြစ်ပေသည်။
                   သို့သော်လည်း ကမ္ဘာအ၀ှမ်း အချိန်ကုန်ခံ၍ စိုက်ပျိုးရေး သုတေသန
ဌာနများ၌ စမ်းသပ်ကြည့်ရှုကြသည့်အခါ ကောက်ပင်ရှင်သန်ရေး၌ မြေကြီး၏ အခန်း
ကဏ္ဍသည် အခြားအရာလောက် အရေးပါလျှက် မရှိကြောင်းတွေ့ရ၏။ မျိုးစေ့ သို့မဟုတ်
ကောက်ပင်များကို ကျနစွာ အာဟာရဓါတ် မျှတစွာဓါတ်ရည်များ တိုက်ကျွေးမည်ဆိုလျှင်
မြေလုံးဝမပါဘဲနှင့်လည်း ရှင်သန်၍ အာဟာရများသည့် သီးနှံများ ပေါက်နိုင်ပေသည်။
                   မည်သို့ပင်ဖြစ်စေ စိတ်အချရဆုံးနည်းတစ်ခုမှာ စင်ထိုး၍ ဂျုံ၊ စပါး၊ ပြောင်းနှင့်
မြက်များကို စိုက်ပျိုးကြည့်ခြင်းပင်ဖြစ်၏။ စင်ကို မိုးကြိုးသံဖြင့်ပြုလုပ်ရသည်။အမြင့်ခြောက်ပေနှင့် ဧရိယာ ရှစ်စတုရန်းပေရှိရ၏။ ထိပ်ဆုံးနှင့် အောက်ဆုံးအဆင့်ပါခြောက်ဆင့်ပြုလုပ်ပြီနောက် အောက်ငါးဆင့်၌ ခွက်ကလေး (၁၆) ခွက်စီပါသောဘူးခွက်ရှည် လေးတန်းစီ တင်ပေးလိုက်သောအခါ အားလုံးပေါင်း ခွက်ကလေး (၈၀)ရှိသွားပေမည်။ ၎င်းကို ဓါတ်ဆီသုံး၍သော်လည်းကောင်း၊ အခြားအပူပေးကိရိယာ
များသုံး၍သော်လည်းကောင်း၊ အပူချိန် ၈၀ ဒီဂရီ ဖာရင်ဟိုက်မပြတ် ပေးထားရ၏။
                   ယင်းစင်တစ်ခုသည် တစ်နှစ်လုံးအတွက် နေ့စဉ် ကောက်စိမ်း ပေါင်(၂၀၀)
ထွက်အောင် ဖန်တီးပေး၍ နေ့စဉ် နွား ၂၀ သို့မဟုတ် ၀က်အကောင် ၁၀၀ အတွက်
နေ့စဉ်အစာကို ပေးနိုင်၏။
                   စိုက်ပျိုးရေးဖက်၌လုံးဝမတိုးတက်သလောက်ဖြစ်ပြီး လူဦးရေမှာမူနှစ်စဉ်
ငါးသန်း တိုးနေသော အိန္ဒိယပြည်သည် အခြားအာရှတိုက်နိုင်ငံများကဲ့သို့ စိုက်ပျိုးကုန်
ထုတ်လုပ်မှုမြှင့်နိုင်လျှင်မြှင့်၊ မမြှင့်နိုင်လျှင် ငတ်မွတ်ခေါင်းပါးတော့မည်သာ ဖြစ်လေသည်။
                   လူဦးရေစာရင်းအရဆိုလျှင် ယခုမှစ၍ နှစ်နှစ်ဆယ်ကြာလျှင် အိန္ဒိယပြည်၌
သန်းငါးရာဖြစ်လာတော့မည်။ သီးနှံများ ပိုမစိုက်နိုင်လျှင်လည်းကောင်း၊ မြေသစ်များမှ
ဧကသန်းပေါင်းများစွာကို ကောင်းမွန်အောင်ပြုပြင်၍ မြေကောင်းဖြစ်အောင် တူးမြောင်း
သွယ်ပေးကာ စရိတ်ကာမိသော သီးနှံမျိုးထွက်အောင် မလုပ်နိုင်လျှင်လည်းကောင်း၊
အိန္ဒိယ၏ အနာဂတ်လူဦးရေအတွက် စံမှီ အာဟာရဓါတ်ကို မှီဝဲဖို့လမ်း နည်းလှ၏။
                   အိန္ဒိယနှင့် ဆာဟာရရှိ သဲကန္တာရစိုက်ပျိုးရေး လုပ်ငန်းများအားဖြင့် ကမ္ဘာ့
တိုးတက်လျက်ရှိသော လူဦးရေကို ကျွေးနိုင်ရန်အတွက် အတိုင်းမသိ အလားအလာ
ကောင်းများ ပွင့်လင်းလျက်ရှိပေသည်။ ၎င်းနည်းသည် သဘာဝက မညှာတာသော
အရပ်ဒေသများနေ စိုက်ပျိုးရေးသမားများတို့အတွက် အထူးမျှော်လင့်အားထားစရာ
နည်းဖြစ်သည်။
                                      သိပ္ပံနည်းရာသီဥတု ခန့်မှန်းထိန်းသိမ်းရေး သတင်းမှတ်စု
                   လူတို့၏ အမှုကိစ္စများတွင် ရာသီဥတုက အားကြီးအားမဲ့ လွှမ်းမိုးထားသည်ကို
တွေ့ရ၏။ ဗြိတိန်ပြည်တွင် ပြင်းထန်သော ဆောင်းရာသီမျိုးက ကားလမ်း၊ ရထား
လမ်းနှင့်လေလမ်းတို့ကို ရပ်ဆိုင်းသွားအောင် ဖန်တီးနိုင်၏။ ရေကြီးခြင်း ဒုက္ခမျိုးကလည်း
ကျေးရွာများနှင့် အဆက်အသွယ်ပြတ်စေခြင်း၊ အဆောက်အဦးများ ဆောက်လုပ်နေရာတွင်
အနှောက်အယှက် ဖြစ်စေခြင်း၊ ကြီးစွာသော အပျက်အစီးနှင့် အဆက်အသွယ်ပြတ်မှုတို့ကို
ဖြစ်ပေါ်စေနိုင်သည်။ ခြောက်သွေ့ပူပြင်းသော နွေရာသီရောက်ပြန်သောအခါ ရေပြတ်သော
ဒုက္ခနှင့်ရောဂါဘယ အနှံ့အပြား ဖြစ်စေနိုင်သည့် အခြေအနေမျိုး ပေါ်ပေါက်လာခြင်းတို့ကို
တွေ့ကြုံရ၏။
                   ကမ္ဘာတ၀ှမ်းလုံး အဖို့လည်း ရာသီဥတုသည် စားနပ်ရိက္ခာမှန်မှန် အလျှံပယ်
သုံးနိုင်ရေးအတွက် အဟန့်အတားဖြစ်နေသည်။ တစ်ချို့ဒေသများတွင် ကောက်နှံများသည်
မိုးအားကြီးခြင်းကြောင့် အောက်ပြီး အသုံးမကျဖြစ်ကုန်၏။ တစ်ချို့နေရာများတွင်မူ
မိုးလုံလောက်စွာ မရွာသဖြင့် သီးနှံများ တွန့်လိမ်ခြောက်ကပ် ပျက်စီးရ၏။ စိုက်သမျှ
မျိုးစေ့မှ ရိက္ခာတန်ဖိုး အများဆုံးထွက်အောင် ရရှိရေးအတွက် စိုက်ပျိုးရေးသမားများအဖို့
လိုအပ်ချက်မှာ ၎င်းတို့ စိုက်ပျိုးရာနေရာများကို သင့်လျော်သောအချိန်တွင် သင့်လျော်သော
ရာသီဥတုဖြစ်အောင် ပြုလုပ်ရေးပင်ဖြစ်သည်။
                   သို့ဖြစ်၍ မိုးလေ၀သပါရဂူတို့သည် စိုက်ပျိုးရေးအတွက် ရေအလုံအလောက်
ရရှိရန်ကို ဦးစားပေးလျက် ရာသီဥတု ထိန်းချုပ်ရေးကိစ္စကို တိုး၍တိုး၍သာ အာရုံစိုက်လာ
ကြခြင်းဖြစ်သည်။ မိုးရွာအောင်နှင့် မိုးရွာခြင်းကို ရပ်စေအောင် နည်းကောင်းများ
ရှာရေးသည်ပင်လျှင် လက်ရှိအလေးပေး ဆောင်ရွက်ချက်ဖြစ်၏။
                   မိုးသားမိုးတိမ်များကို သင့်လျော်သော ဓါတ်မျိုးပေးနိုင်မည်ဆိုလျှင် မိုးရွာစေနိုင်
လိမ့်မည်ဟု မိုးလေ၀သ ပညာရှင်များက  ယုံကြည့်ကြသည်။ ရေလိုသောအရပ်များသို့
လွင့်နေသော မိုးသားများ၏ အရှိန်ကို တွက်ချက်ပြီး ရေငွေ့ကို ခဲသွားအောင် ပြုလုပ်သင့်
သည့်အချိန်၌ သင့်လျော်သည့် ဓါတ်အားများကို ပေးနိုင်လျှင် ရေလိုသောဒေသ၌ ရေလိုသည့်
အချိန်တွင် မိုးရရန် အလားအလာရှိပေသည်။
                   ယခုသော် သိပ္ပံပညာက ရေငန်ကို စင်ကြယ်စေသောအခါ အကုန်အကျသက်သာသည့်
နည်းကို တွေ့ရှိထား၏။ သို့စင်ကြယ်စေမှသာ လူသုံးနှင့် ကောက်ပင်အတွက် သင့်လျော်
သောရေကိုရရှိနိုင်ပေမည်။ ၎င်းနည်းမှာ ရေအိုင်မှရေငန်ကို ပျားအုံသဖွယ်ပြုလုပ်ပေးသော
အရာအတွင်းရှိ ဗန်းများထဲသို့ စုပ်ယူထည့်ပေးရန် ဖြစ်သည်။ ၎င်းအရာ၏ အကာများကို
သတ္တု သို့မဟုတ် အခြား အပူပေးနိုင်သည့် အရာများနှင့် လုပ်ထားရ၏။
                   တစ်ခါတစ်ရံတွင်မူ ကောက်ပင်များအတွက် မိုးအလွန်အမင်းရတတ်၏။
အထူးသဖြင့် ရိတ်သိမ်းပြီးချိန်မျိုး၌ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာတစ်ဝန်းလုံးရှိ လယ်သမား
တို့သည် ရေမလိုသော အချိန်၌ မလိုသောနေရာများတွင်  မိုးမရွာအောင် လုပ်ပေးနိုင်သော
သိပ္ပံပညာရှင်များကို လိုချင်ကြလိမ့်မည်။ ထို့ကြောင့် နိုင်ငံများစွာ၌ စီမံကိန်းကြီး
များချ၍ စမ်းသပ်မှုများ အောင်မြင်စွာပြုလုပ်လျက်ရှိသည်။
                   နော်ဝေးပြည်ဆိုလျှင် တောင်များမှ ရွေ့လာသော တိမ်များသည် မိုးကြီးစွာ
ရွာလေ့ရှိ၍ ကမ်းခြေဒေသတ၀ိုက်တွင် အသီးအနှံအပျက်အစီးများလေသည်။ စူးစမ်းမှုများ
နှစ်များစွာလုပ်၍ ယင်းဒေသများ၌ မိုးရေချိန် လျော့အောင်စမ်းကြည့်၏။ အအောင်မြင်ဆုံး
နည်းမှာ မိုးတိမ်များကို တောင်များပေါ်တွင် ရှိနေစဉ်မျာပင် မိုးရွာချအောင် ဖန်တီးပေးခြင်း
ဖြစ်သည်။
                   လူကဖန်တီးပေးသော ပထမဆုံး နှင်းကို ၁၉၈၄ ခုနှစ်ကတည်းက အမေရိကန်
ပါမောက္ခ ဗင်းဆင့်ရှေဖာ၏ ဓါတ်ခွဲခန်း၌ ပြုလုပ်ခဲ့သည်။ ပါမောက္ခကြီး၏ နှင်းလုပ်စက်
သည် ဆိုင်များ၌ အမြန်ခဲစေသော အစာများကို ခင်းကျင်းပြရန်နှင့် သိုလှောင်ထားရန်
လုပ်ထားသော အအေးဓါတ်များသည့် ရေခဲသေတ္တာနှင့် ဆင်တူသည်။
                   ယခုအခါ ဗြိတိန်ပြည်၌ ယခင်က ချယ်ရီခြံများကို အကြီးအကျယ် ပျက်စီး
စေသော အန္တရာယ်မှလျော့ပါးအောင် ဟယ်လီကော်ပတာများကို အသုံးပြုနေပြီဖြစ်သည်။
မိုးကြီးစွာရွာသွန်းပြီးသောအခါ ချယ်ရီပင်များပေါ်မှ အသီးများသည် ရေစွတ်သွား၍
ပွလာ၏။ နေပြန်ထွက်လာသည့်အခါ၌ ကွဲပြဲကုန်ကြသည်။ ထို့ကြောင့် ချယ်ရီခြံများပေါ်မှ
ဟယ်လီကော်ပတာများကို နိမ့်နိမ့်ပျံသန်းသွားလိုက်လျှင် အထက်ရှိလေကို ရဟတ်များက
အောက်သို့ပို့ပေးပြီး မိုးပေါက်များကို အသီးပေါ်မကျအောင် လေတိုက်ပစ်ပေးလိမ့်မည်ဖြစ်သည်။
                   ရာသီဥတုကို ချုပ်ထိန်းရာ၌ အချို့အောင်မြင်မှုများကို ရသော်လည်း လူတို့
အတွက် လိုအပ်သော အချိန်နှင့်နေရာတွင် လိုအပ်သော ရာသီဥတုကို ဖြစ်ပေါ်စေအောင်
သိပ္ပံပညာကပေးနိုင်မည့် အချိန်ရောက်သည်အထိ အတော်သည်းခံပြီး စရိတ်များများအကုန်
ခံကာ သုတေသန ပြုရဦးမည်ဖြစ်၏။
                   တိမ်တိုက်ရှိရေငွေ့ကို မိုးပေါက်ဖြစ်စေရန် တတ်စွမ်းနိုင်သော ဓါတ်များစွာတွင်
အထိရောက်ဆုံးတစ်ခုမှာ ဆစ်လ်ဗားအိုင်အိုဒိုက်ပင် ဖြစ်သည်။ ၎င်းဓါတ်၌ ရေခဲများ
ဝိုင်းရံလာစေသော သတ္တိထူးရှိပေသည်။ အခြားဓါတ်တစ်မျိုးမှာ ကာဗွန်ဒိုင် အောက်ဆိုက်
ဖြစ်ပြီး ၎င်းကို ခြောက်သွေ့သောရေခဲဟုခေါ်ကြ၏။ ကာဗွန်ဒိုင်အောက်ဆိုက်သည်
ဆစ်လ်ဗား အိုင်အိုဒိုက်ထက် ရေငွေ့ကို များစွာပိုအေးအောင် ပြုလုပ်နိုင်သည်။
                   ထို့ကြောင့် ဆစ်လ်ဗားအိုင်အိုဒိုက်ကို လေယာဉ်ပျံနှင့် သယ်သွားပြီး မိုးသာများ
လိုက်ရှာကာ မိုးလိုသောအရပ်ပေါ်၌ မိုးတိမ်နှင့် တွေ့သည့်အခါ ထိုဓါတ်ကို လွှတ်ပေးရန်
ကြိုးစားရပြန်သည်။ လေယာဉ်က တိမ်တိုက်ပေါ်မှမောင်း၍ ဆစ်လ်ဗားအိုင်အိုဒိုက်
ဖလ်မှုန့်များကို ဖြူးပေးရန်ဖြစ်သည်။ ဤနည်းဖြင့် မိုးရွာမှုကို အားပေးသော တိမ်များကို
မျိုးအောင်သောမိုးတိမ်ဟု ခေါ်၏။
                   ဆစ်လ်ဗားအိုင်အိုဒိုက်ဖြင့် မိုးတိမ်များကို မျိုးပေးမိုးရွာစေသောနည်းသည်
လက်တွေ့စမ်းသပ်၍ အထူးအောင်မြင်မှုများရှိသည်ကို တွေ့ရ၏။ အထူးသဖြင့် အချိန်
မှန်မှန် ပေါ်ပေါက်လေ့ရှိသော ပူပြင်းခြောက်သွေ့သည့် ဒုက္ခဒဏ်ကို ခံရသည့်သိုးများ
မွေးရာနှင့် ဂျုံများစိုက်ရာ သြစတေးလျပြည်၌ အထင်အရှား အောင်မြင်ခဲ့သည်။
                   ၁၉၆၀ ခုနှစ်က သြစတေးလျအနောက်ပိုင်းရှိ အပူဆုံးနှင့် အခြောက်သွေ့ဆုံး
ဒေသတစ်ခုဖြစ်သော မာဘယ်လ်ဘားတွင် အရှည်ဆုံး မိုးခေါင်ရေရှားမှုဒဏ်ကြုံ
ခဲ့ရ၏။ ထိုအခါက သြစတေးလျသိပ္ပံပညာနှင့် စက်မှုသုတေသနဌာနခွဲသည် မိုးတိမ်
မိုးကို မျိုးပေးမိုးရွာစေသောနည်းကို ဒိုင်ခံအသုံးပြုလျက်ရှိသဖြင့် မာဘယ်ဘားသို့
လေယာဉ်ဖြင့် ကျွမ်းကျင်သူများပို့လိုက်သည်။ လေယာဉ်သည် ထိုဒေသပေါ်ရှိ ရွေ့လျားနေ
သော တိမ်တိုက်မြင့်များကို မျိုးပေးလိုက်သောအခါ ထိုနှစ်ထိုအချိန်အဖို့ စံတင်လောက်သော
မိုးများကို ရရှိလေတော့သည်။ အလားတူပင် အမေရိကန်ပြည်ထောင်စုရှိ ကာလီဖိုးနီးယား
နှင့် အခြားပစိဖိတ်ကမ်းခြေ ပြည်နယ်များတွင်လည်း ၁၉၆၀ ခုနှစ်က မိုးအကြီးအကျယ်
လိုအပ်နေသဖြင့် အောင်မြင်စွာ မျိုးပေးရွာသွန်းစေခဲ့လေသည်။
                   တစ်ချို့ သဲကန္တာရဒေသများတွင် ရေရအောင်ပြုလုပ်ရန် စမ်းသပ်နေသော
နည်းမှာ ရေငန်ကို ပေါင်းချက်ပစ်ရခြင်းဖြစ်သည်။ ကမ္ဘာပေါ်ရှိ ခြောက်သွေ့သောဒေသ
တချို့တွင် မိုးတိမ်များရှိသော်လည်း ဆားနှင့်ရေညစ်များရရှိသည်။ ဤလိုရေမျိုးသည်
သောက်ရန် အသုံးမ၀င်သည့်အပြင် လယ်ကွင်းရေသွယ်စိုက်ပျိုးလျှင်လည်း အနှံများကို
သေကြေပျက်စီးစေမည်ဖြစ်၏။
                   ထို့ကြောင့် သိပ္ပံပညာက ရာသီဥတုကို လိုသလို အရံသင့်အသုံးပြုနိုင်အောင်
ဖန်တီး၍ မပေးနိုင်မချင်း မိုးလေ၀သပညာရှင်များသည် ရာသီဥတု ခန့်မှန်းရေးနည်းလမ်း
များကို တိုးတက်အောင်ပြုလုပ်ပေးခြင်းဖြင့်သာ ကျေနပ်နေရမည်ဖြစ်သည်။ လူသားကို
လိုအပ်သော ရာသီဥတုမပေးနိုင်လျှင် သူသည် သဘာဝကပေးသော ရာသီဥတုမျိုး၏
အကြောင်းကို သိရရုံဖြင့် သင့်လျော်အောင် ကြည့်နေရမည်သာ။
                   သို့သော်လည်း တဖြည်းဖြည်းနှင့် နည်းသစ်များတိုးတက်လာ၍ ရာသီဥတု
ခန့်မှန်းမှုသည် သိပ္ပံပညာရပ်စစ်စစ်ကြီး ဖြစ်လာလေသည်။ ယခုဆိုလျှင် ရပ်ဝေးဒေသ
များနှင့် ကမ္ဘာကို ခြံရံနေသော အထက်ပိုင်းလေထုထိရာများမှ ရရှိသည့်အချက်အလက်များ
စုဆောင်းခြင်း၊ ရလဒ်ဖေါ်ခြင်းတို့ကို အမှီပြု၍ ရာသီဥတုအတိအကျ ခန့်မှန်းချက်များ
ရယူနေပြီ။ စင်စစ် ကျွန်ုပ်တို့သည် မိုင်ပေါင်းများစွာနက်သည့် လေသမုဒ္ဒရာအောက်
ခြေ၌ နေကြသူများဖြစ်နေကြောင်းကိုလည်းကောင်း၊ မြေပြင်ပေါ်မှ ရာသီဥတုကို အမြင့်မှ
လေထုအပြောင်းလဲက ချုပ်ကိုင်ထားကြောင်းကိုလည်းကောင်း၊ သိနေပြီး ဖြစ်လေသည်။
                   ရေဒီယိုဆွန်ဒျွီေိငသျသညိန နှင့် ရေဒါဘောလုံးများသည် ကြီးစွာသော တိုးတက်တီထွင်မှုဖြစ်လင့်ကစား ၎င်းတို့၌ ချို့ယွင်းချက်ရှိပြန်သည်။ ၎င်းမှာ ရေဒီယိုအသံဖမ်းဌာန၌
လည်းကောင်း၊ ရေဒါဌာန၌လည်းကောင်း ရာသီဥတုအချက်ပြများ ရရှိအောင် အစဉ်စောင့်
နေရခြင်းဖြစ်သည်။ ၎င်းဒုက္ခကို ကျော်လွန်ရန်အတွက် အလိုအလျောက် အချက်ပြနည်းကို
သုံးရပြန်လေသည်။
                   အလိုအလျောက်အချက်ပေးကိရိယာသည် ဘောလုံးပင်ဖြစ်၏။ ရေဒီယိုဆွန်ဒီ၌
အသုံးပြုသော ကိရိယာနှင့်ဆင်တူ၏။ ဘောလုံးက ရေဒီယိုအသံဖမ်းကိရိယာနှင့် ထရန်စ
မစ်တာ သယ်သွားနိုင်ခြင်းသာ ထူးသည်။ ထရန်စမစ်တာသည် ဆက်ကာဆက်ကာ
အသံမလွှင့်ပေးနိုင်။ ၎င်းအသံလွှင့်ပေးနိုင်သော အချိန်မှာ ဘောလုံးပေါ်ရှိ အသံဖမ်း
ကိရိယာက မြေပြင်ထရန်စမစ်တာမှ လှုပ်ရှားမှုကို ဖမ်းယူသောအခါမှာသာလျှင် ဖြစ်သည်။
ထို့နောက် ဘောလုံးထရန်စမစ်တာသည် အသံတို အသံရှည် အချက်ပြကို တိုင်းထွာ
ရေးကိရိယာများ၏ သတင်းပို့ချက်များအလိုက် တုံ့ပြန်အသံလွှင့်၏။
                   တိုင်ရော့အမည်ရှိ ပထမဆုံး ရာသီဥတုတိုင်း ဂြိုဟ်တုကို ၁၉၆၁ ခုနှစ်က
ကမ္ဘာပတ်လမ်းကြောင်းသို့ လွှတ်ခဲ့၏။ ၎င်း၏ အရေးအပါဆုံးအလုပ်တစ်ခုမှာတိမ်တိုက်
ဖွဲ့ပုံများကို ဓါတ်ပုံရိုက်ယူရန်ဖြစ်သည်။ ဓါတ်ပုံများရရှိသောအခါ မြေပြင်ရှိဌာနသို့
အလိုအလျောက် အသံလွှင့်ပေး၏။ မြေပြင်ဌာနသည် ၎င်းဓါတ်ပုံများကို တိမ်ပြမြေပုံများ
ဆွဲရန် အသုံးချလေသည်။
                   ဂြိုဟ်တုများမှ အချက်အလက်များစုဆောင်း၍ ကမ္ဘာသို့ပေးပို့သော သတင်း
သည် မုန်တိုင်းများ စူးစမ်းရေးအတွက် အသုံးအ၀င်ဆုံးဖြစ်၏။ ၁၉၆၁ ခုနစ် နွေရာသီက
ဆိုလျှင် တိုင်ရော့ဂြိုဟ်တုသည် ဟာရီကိန်းမုန်တိုင်း အိစ်သာလမ်းကြောင်းကို တွေ့ရှိ
သတင်းပေးပို့၍ ၎င်းမုန်တိုင်း ကျရောက်မည့်နေရာများ၌ အဆုံးအရှုံး အပျက်အစီးကို
လျော့ပါးသွားစေခဲ့သည်။ ခြောက်လတာမျှသော အချိန်အတောအတွင်း ၎င်းရာသီဥတု
စူးစမ်းရေးဂြိုဟ်တုသည် မုန်တိုင်းကြီး မုန်တိုင်းငယ်နှင့် ပစိဖိတ်၊ အတ္တလန္တိတ် သမုဒ္ဒရာ
များ၌ ကျရောက်မည့် နွေရာသီမုန်တိုင်းပေါင်း နှစ်ဆယ်နီးပါး၊ လမ်းကြောင်းကို သတင်းပို့
နိုင်ခဲ့ပေသည်။
                   ရာသီဥတု စူးစမ်းရေးဂြိုဟ်တုများမှ အသံလွှင့်ရရှိသော ပုံကားများကို အသုံးပြု၍
မိုးလေ၀သ ပညာရှင်များသည် အထက်လွှာလေထု၏ တန်ဖိုးမဖြတ်နိုင်သော အခြေအနေပြ
သတင်းများ စုဆောင်းမိကြ၏။ ထို့ပြင် နှင်းနှင့် ရေခဲ၏ သဘောသဘာဝနှင့် အနှံ့အပြား
ဖြစ်ပေါ်ပုံကိုလည်းကောင်း၊ အပူဓါတ်ကူးစေသောသဘောကိုလည်းကောင်း၊ မုန်တိုင်းမျိုးစုံ
ဖြစ်ပေါ်သောအခြေအနေတို့ကိုလည်းကောင်း ရရှိခဲ့ပေသည်။
                   ၎င်းဂြိုဟ်တုများမှ မမျှော်လင့်ဘဲရရှိသော အကြောင်းတစ်ခုမှာ ပင်လယ်ပြင်၌
ရေခဲပုံအကြောင်း ထင်ရှားကြည်လင်သော ရုပ်ပုံများရရှိခြင်းပင်ဖြစ်၏။ ၎င်းသတင်းပို့ချက်
သည် မြောက်အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်၍ သွားနိုင်သော သင်္ဘောလမ်းကြောင်းရှိ
ရေပြင်၌တွေ့ရတတ်သည့် ရေခဲမျောများနှင့် ရေခဲပြင်ကြီးများကို သင်္ဘောများ ရှောင်ကွင်းနိုင်ရန်
အတွက် တန်ဖိုးမဖြတ်နိုင်သော စူးစမ်းမှုကို ရရှိစေလေသည်။
                   ဂြိုဟ်ထုများမှရရှိသော သတင်းများကို ဆက်လက်ရရှိအောင် ဖန်တီးပေးနေရသူ
များလည်းဖြစ်၊ မိုးလေ၀သဆိုင်ရာမြေပုံနှင့် ခန့်မှန်းချက်များ အနီးစပ်ဆုံးရအောင် ပြုလုပ်
ပေးသူများလည်းဖြစ်သော မက်ကင်းနစ်များသည် ဂြိုဟ်တုမှ ရရှိသည့်သတင်းကို ပျမ်းမျှ
နှစ်နာရီ တစ်ကြိမ်ကျခွဲ၍ ပို့ပေးသည်။ ထိုအခါ ယင်းသတင်းများကို ကမ္ဘာအနှံ့သို့
တစ်နာရီ သာသာအတွင်း ရေဒီယိုဝိုင်ယာကြိုးများဖြင့် တစ်ဆင့် ဖြန့်ဖြူးပေးနိုင်တော့၏။
                   သိပ္ပံနည်း ကမ္ဘာ့သမုဒ္ဒရာပင်လယ်ရေနက် သုတေသန သတင်းမှတ်စု
                   ရေနံ၊ ကျောက်မီးသွေး၊ သစ်၊ သတ္တုနှင့် ကျွန်ုပ်တို့ ယဉ်ကျေးမှုက မှီခိုနေရသော
အခြားရုပ်ကြမ်းပစ္စည်းများ ပေးရန်အတွက် သဘာဝလောကသည် နှစ်သန်းပေါင်းများစွာ
ဖန်တီးယူရပေသည်။ ကျွန်ုပ်တို့ တစ်နေ့တည်း ထုတ်လုပ်သုံးစွဲသော မြေထွက်ပစ္စည်းများ
ကိုပင် သဘာဝက မရေတွက်နိုင်သော နှစ်ပေါင်းများစွာကြာအောင် အချိန်ယူ လုပ်ဆောင်
ပေးရလေသည်။ သို့စဉ် လူတို့ မထုတ်ဖေါ်ရသေးသော လောင်စာနှင့် ဓါတ်သတ္တုများစွာ
လည်း မြေထဲ၌ကျန်နေသေး၏။ နေ့စဉ်နေ့တိုင်း ယင်းပစ္စည်းများကို ပိုမို၍သာ သုံးစွဲလာခဲ့
ကြပေသည်။
                   ၁၉ ရာစု အစကတည်းကပင် ရှေ့ပိုင်း လူ့သမိုင်းတွင် တစ်ခါမျှမကြုံဘူးအောင်
မြေထွက်ပစ္စည်းများကို လူတို့ထုတ်ယူခဲ့ကြပေ၏။ ကျောက်မီးသွေး ရေနံနှင့်သတ္တုများသည်
ဆက်လက်ထွက်ရှိလာဦးမည် ဖြစ်သည်မှာလည်း မှန်၏။ သို့သော် သဘာဝက နှစ်ပေါင်း
ကမ္ဘာနှင့်ချီ၍ လုပ်ဆောင်ခဲ့ရသော ပစ္စည်းများကို လူတို့က တစ်နေ့တည်း သုံးစွဲပစ်လိုက်
ကြရပေသည်။
                   လူ့ယဉ်ကျေးမှု၏ မပြေနိုင်သောအာသာသည် ရုပ်ကြမ်းပစ္စည်း ရယူရေး
ဖြစ်သည်။ ထို့ကြောင့် ယင်းအာသာဆန္ဒက လူကို မိမိအမွေရထားသည့် ပစ္စည်းများ
ဖြုန်းတီးပစ်ရန် ဖန်တီးပေးလေတော့သည်။ သို့သော် ကျွန်ုပ်တို့သည် ယင်းသို့ရသမျှ
ခြစ်ယူခဲ့မှုအတွက် ဒဏ်ခံနေရသည်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းလုံးတွင် ရုပ်ကြမ်းပစ္စည်း
တန်ဖိုးသည် မြင့်နေ၏။ ရထားသော ပစ္စည်းများကို တဖြည်းဖြည်း သုံးပြီးသည်နှင့်အမျှ
များစွာသော ပစ္စည်းများ အထွက်နည်းပါး၍ ရှားပါးလာသည်သာမက အသစ်ရှာဖွေရန်နှင့်
ထုတ်လုပ်ရန် အရေအတွက် စရိတ်ပိုမိုကုန်ကျလာပေသည်။ ထွက်ရှိရာဒေသများမှာလည်း
၎င်းတို့ကို တကယ်လိုနေသည့် စက်မှုနယ်မြေနှင့် အလွန်ဝေးကြ၍ သယ်ယူပို့ဆောင်ရေး
စရိတ် ပိုလာလေသည်။
                   သို့စဉ် ကမ္ဘာပေါ်ရှိ တိုက်ကြီးအားလုံးနှင့် ကျွန်းအားလုံးကို ၀န်းရံထားသော
ကမ်းခြေတို့၌ သွေ့ခြောက်သောကုန်းမြေမှာ တွေ့ရှိရသည့် ပစ္စည်းမျိုးထက် အဆထောင်ပေါင်းများစွာသာလွန်သည့် ပစ္စည်းအထူးအဆန်းများ ရှိနေပေသည်။ ပင်လယ်သည် ရုပ်
ကြမ်းပစ္စည်း ပေါကြွယ်ဝ၏။ ၎င်းသည် ယခုလူတို့လိုအပ်သော အရာမှန်သမျှနှင့်
ထို့ထက်အရေးကြီးသည့် အနာဂတ်လိုအပ်မှုကို ဖြည့်စွမ်းပေးရန်အတွက် အသုံးဝင်သော
ရတနာသိုက်ကြီးဖြစ်သည်။ သို့သော် ပင်လယ်မှ ပစ္စည်းတို့ကို ယခုထိ လက်တွေ့
ထုတ်ဖေါ် မယူရသေးပါပေ။
                   ပင်လယ်ပြင်၏ ကြွယ်ဝမှုအကြောင်းကို လူများစုအား ပြောပြရန် အစချီလိုက်
လျှင် လူတို့သည် ငါးဖမ်းရေးအတွက်သာ ရုတ်တရက် စိတ်ကူးပေါက်သွားကြပေမည်။
စားနပ်ရိက္ခာ ထွက်ရာကဲ့သို့သော ပင်လယ်သတ္တုများသည် ငါးထက်ပေါများကြောင်းကို
သူတို့မသိချေ။ ပင်လယ်မှာ ဘာအစိုင်အခဲများရှိသနည်းဟု တွေးကြည့်မိလျှင် အစားကို
သာ အလျင်သတိရ၏၊ မှန်ပေသည်။ ပင်လယ်မှ ရေတစ်ပုံးကိုခတ်၍ အခိုးဖြစ်အောင်
ကျိုလိုက်လျှင် ဆားရမည် မုချဖြစ်သည်။ သို့သော်လည်း ဆားကို ဓါတ်ခွဲကြည့်သော်
၎င်း၌ မြေပေါ်တွင် တွေ့ရသမျှသော ဓါတ်အားလုံး ပါဝင်နေကြောင်း သိရလေသည်။
                   ပင်လယ်ရေ၌ မည်သည့်အရာများ ပါဝင်သည်ကို ယခုအသေအချာ လေ့လာ
ကြည့်ကြပါစို့။ ပင်လယ်ရေ (၆၀) ကုဗလက်မ၌ ဓါတ်ငွေ့ တစ်ကုဗလက်မ ပါဝင်သည်။၎င်းဓါတ်ငွေ့ တစ်ကုဗလက်မကို ပေါင်းစပ်ထားသောအရာများ ခွဲထုတ်ကြည့်လိုက်ပြန်သော် ကုဗလက်မ ၁/၃ သည် အောက်ဆီဂျင်ဓါတ်ဖြစ်၏။ ၂/၃ သည် နိုက်ထရိုဂျင်ဓါတ်ဖြစ်၏။အပုံ ၁/၅၀ သည် ကာဗွန်ဒိုင်အောက်ဆိုက်ဖြစ်၏။ ၎င်းဓါတ်ငွေ့များမှာ ကျွန်ုပ်တို့လက်ရှိအသက်ရှူနေသော လေမျိုးဖြစ်အောင် ဖွဲ့စည်းထားသည့် ဓါတ်များဖြစ်၏။ ပါဝင်သောအချိုးအစားသာ ကွာပေသည်။
                   သို့သော် ကျွန်ုပ်တို့ သိရှိရန် အထိုက်သင့်ဆုံးမှာကား ပင်လယ်ရေ၌ပါဝင်သော
အစိုင်အခဲများပင် ဖြစ်သည်။ ၎င်းတို့ကို တစ်နေ့၌အသုံးဝင်ဆုံးဟူ၍ လူတို့ သက်သေပြ
နိုင်တော့မည်ဖြစ်၏။ အောက်၌ ပြထားသောဇယားကို ကြည့်ပါ။ ပင်လယ်ရေ၌
ပါဝင်သော အစိုင်အခဲများမှာ အနည်းငယ်သာ ဖြစ်သည်။
၎င်းဓါတ်များအပြင်၊ နီကာယ်၊ ခဲ၊ သံ၊ သွပ်၊ ကြေးနီ၊ ကိုဘော့၊ မက်ဂနီနှင့်
အခြားသိပြီးဖြစ်သော ဓါတ်သတ္တုအားလုံး တွေ့ရှိရပါသည်။ ထောင်ပေါင်းများစွာသော
မြစ်တို့က ၎င်းတို့တွေ့ရာမြေကို တိုက်စားပြီး ပင်လယ်သို့ သယ်ဆောင်သွားကြောင်း
သတိရလျှင် အထက်ဖေါ်ပြချက်သည် အံ့သြဖွယ်မဟုတ်တော့ချေ။
                   ပင်လယ်ရေကို အငွေ့ပြုလုပ်၍ ခန်းခြောက်စေသောအခါ ဆားဓါတ်အပုံ
နှစ်သိန်း၌ ရွှေတစ်ပုံပါ၏။ တစ်နည်းဆိုလျှင် ကျွန်ုပ်တို့ ထမင်းစားပွဲပေါ်ရှိ ဆားခွက်တွင်
ဆားပွင့်နှစ်သိန်း၌ ရွှေတစ်ပွင့်ကျ ပါနေ၏၊ ဤကား တကယ့်ရွှေကြောကြီး ဖြစ်နေသည်။
အကြောင်းမူ တောင်အာဖရိကတိုက် ““ရုန်း”” ရွှေတွင်းများ၌ ကျောက်တစ်သန်းတွင်
ရွှေဆယ့်နှစ်ပိဿာ ပါသောကြောင့်ဖြစ်၏။ တစ်နည်းတွက်ပြန်လျှင် ပင်လယ်ရေ တစ်ကုဗ
ကိုက်(တစ်တန်ခန့် အလေးချိန်ရှိသည်) ပဲနီဝက်တန်သော ရွှေပွင့်ပါ၏။ ပင်လယ်ရေ
မှ အခြားသတ္တု ထွက်လာလည်း ထပ်တူအချိုးအစားအတိုင်း ရှိပေသည်။
                   ပဲနီဝက်တန် ရွှေ၊ သံနှင့်အခြားသတ္တုများသည် မှု့လောက်သောပစ္စည်းများကား
မဟုတ်ပါပေ။ သို့သော် ပင်လယ်ရေ တစ်ကုဗမိုင် (သန်းပေါင်းခြောက်သောင်း အလေးချိန်
ရှိသည်) ၌ ပေါင်နှစ်သိန်းတန်ရွှေ များပါနေသည်ကို ဆင်ခြင်ကြပါကုန်။ ကမ္ဘာပေါ်၌ ပင်လယ်
များသည် ကုဗမိုင်ပေါင်း သုံးရာရှိ၍ ရွှေတန်ဖိုးပေါင် သန်းပေါင်း ခြောက်သန်းခန့်ကို
ပေးနိုင်လေသည်။
                   ပင်လယ်ရေ တစ်ကုဗမိုင်၌ ဆားတန်ချိန် ၁၁၇သန်း၊ ဘရိုမိုက်တန်ချိန်
၁၈၅၀၀၀၊ မက်ဂနီစီယံတန်ချိန် ၅၉၂၀၀၀၀၊ အိုင်အိုဒင်း ၁၉၂ တန်၊ သံ ၈၅၀၀
တန်၊ စထရွန်တီယံတန်ချိန် ၆၀၀၀ခန့်၊ ပိုတက်စီယံတန် ၄သန်း၊ ငွေတန် ၁၀၀၊
ကြေးနီတန် ၆၀၀ ခန့်ထွက်ရှိသည်။
                   ဆားနှင့် အပေါစားသတ္တုများ အပါအ၀င်ဓါတ်မျိုးရသည့် ပင်လယ်ရေ
တစ်ပေါင်လျှင် တပဲနီဖိုးမျှရှိသည်။ ထို့ကြောင့် ရေကုဗတစ်ကိုက်တိုင်းတွင် အစိုင်အခဲဓါတ်
၅ သျှီလင် ၁၀ ပဲနီဖိုးပါဝင်၏။ ဤတွက်ချက်နည်းအရ ရေကုဗတစ်မိုင်တွင် အစိုင်အခဲ
တန်ဖိုး ပေါင်သန်းပေါင်း ၂၀၀၀ ပါပြီး တစ်ကမ္ဘာလုံးရှိ ပင်လယ်များမှ ထွက်ရှိနိုင်သော
ပစ္စည်းတန်ဖိုးသည် ပေါင်ပေါင်း ၇၂၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀ ဖြစ်လာသည်။
                   သမုဒ္ဒရာရှိ သာမန်မျက်စိဖြင့် မမြင်ရသော အရာများကို ဓါတုဗေဒပညာရှင်
များက ထုတ်လုပ်ခဲ့ပြီး ဖြစ်သော်လည်း များစွာသော ပစ္စည်းများကို ထုတ်လုပ်ရန်မှာ
တကယ် ကျွမ်းကျင်မှုလိုအပ်သော ပြဿနာကြီးဖြစ်လေသည်။ ရေကုဗတစ်မိုင်မှ အစိုင်
အခဲရအောင်ရေကို ခမ်းခြောက်စေရန် သို့မဟုတ် ပင်လယ်ရေတန်သန်းပေါင်း
ခြောက်သောင်းကို ကျိုချက်ရန်အတွက် ရေနံ သို့မဟုတ် မီးသွေးတန်ပေါင်းများစွာ
လိုလိမ့်မည်။ စင်စစ် သမုဒ္ဒရာထဲမှ အနည်းငယ်မျှသောရေကို ခန်းစေရန်အတွက်ပင်
ဖြစ်လေသည်။
                   ထို့ကြောင့် မပြောပလောက်သော ပစ္စည်းတို့ကို ထုတ်ယူခြင်းမှအပ ပင်လယ်
ရတနာသိုက်ကြီးကို ယခုတိုင် မထိမတို့ရသေးပါပေ။ မည်သို့ပင်ဖြစ်စေ မက်ဂနီစီယံကို
စီးပွားဖြစ် ပင်လယ်ရေမှ အောင်မြင်စွာ ထုတ်ယူရရှိခြင်းက ပင်လယ်ပြင် တူးဖေါ်ရေးကို
စီးပွားလမ်းသင့်လျှင် ဖြစ်နိုင်ကြောင်း ပြဆိုလျက်ရှိလေသည်။
                   ပထမဦးစွာ ပင်လယ်ရေမှ စနစ်တကျ ထုတ်ယူသင့်သည့် ဓါတ်မှာ ဘရိုမိုက်
ဖြစ်သည်။ သို့သော် ဘရိုမိုက်သည် ပင်လယ်ရေအဆ ၁၄၀၀၀ တွင်တစ်ဆသာပါ၏။
ဘရိုမိုက်ကို ဓါတ်ပေါင်းပြုလုပ်၍ ဓါတ်ပုံရိုက်ရာ၌လည်းကောင်း၊ ဆေးဘက်နှင့်
ဆေးဆိုးပန်းရိုက်ကိုပြုလုပ်ရာ အလုပ်ရုံမျိုး၌လည်းကောင်း၊ အမြဲတန်းလိုလို အသုံးလိုလျက်
ရှိသည်။
                   ပင်လယ်ရေသည် ကုဗတစ်မိုင်၌ မက်ဂနီစီယံတန် ၄ သန်း ပါဝင်၍ ၎င်းသတ္တု
သည် မူအားဖြင့် အရံသင့်ထုတ်ယူနိုင်သောသတ္တုဖြစ်လေသည်။ ၁၉၃၀ ခုနှစ်ပိုင်းလောက်က
ဆိုလျှင် ကမ္ဘာ၌ မက်ဂနီစီယံ လိုအပ်မှုသည် အံ့မခန်းတိုး၍သာလာ၏။ အကြောင်းကား
၎င်းဓါတ်ကို အလျင်သတ္တုရောပြုလုပ်ပြီး လေယာဉ်ကိုယ်ထည် တည်ဆောက်ရာ၌
အသုံးချသောကြောင့် ဖြစ်၏။ မီးထွန်းရန်နှင့် အခြားထွန်းလင်းမှုမျိုး ပေးရန်အတွက်
မက်ဂနီစီယံများစွာ လိုအပ်နေပြီး မီးလောင်ဗုံး၏ အဓိကပါဝင်ရသော အရာအဖြစ်နှင့်
လည်း အာကာသလက်နက်များလုပ်ရန် အကြီးအကျယ် သုံးစွဲနေတော့သည်။
                   ပင်လယ်ရေ၌ မက်ဂနီစီယံသည် ဘရိုမိုက်ထက် အဆ ၂ ဆပို၍ပါသဖြင့်
ဒေါင်း ကုမ်္ပဏီက တန်ဖိုးပို၍ကြီးမည့် မက်ဂနီစီယံကို ထုတ်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။
                   ယနေ့အဖို့ အမေရိကန်ပြည်ထောင်စုသည် ပင်လယ်ရေမှ ကျေနပ်လောက်သော
ကုန်ကြမ်းပစ္စည်းများ ထုတ်လုပ်ရာ နိုင်ငံအနည်းငယ်ထဲမှ တစ်နိုင်ငံသာဖြစ်နေသေးသည်။
တက်္ကဆက်ရှိ ဗယ်လပ်စကို၌ ပင်လယ်ရေကို အကြမ်းသုံးအဖြစ် အသုံးချနေသော
စက်ရုံလေးတစ်ရုံရှိသည်။၎င်းတိုအနက် တစ်ရုံက ပင်လယ်မှ အီသလင်းဒိုင်ဘရိုမိုက်ကို
ထုတ်ယူ၏။ နောက်တစ်ရုံက ဘူနာ(၅) ရော်ဘာထုတ် အလုပ်ရုံ၌ အသုံးပြုသည့်
စတိုင်ရီးန်ဓါတ်ကို ထုတ်ယူနေသည်။ ကျန်နှစ်ရုံမှာ အမေရိကန်ပြည်၌ ပြည်တွင်းအသုံးသာမက
ပြည်ပသို့ပို့ရန်ပင် ပိုလျှံသော မက်ဂနီစီယံဓါတ်များ ထုတ်ပေးနေသည်။
                   လက်တွေ့အားဖြင့် ပင်လယ်ရေမှ ဓါတ်အစိုင်ဓါတ်အခဲ ထုတ်ယူနိုင်အောင်
ဖန်တီးပေးသည့် အခြားတစ်ခုသောနေရာမှာ ဒက်(ဒ်)ဆီး (ပင်လယ်သေ) ပင်ဖြစ်သည်။
၎င်းဒက်ဒ်ဆီးသည် ဧရိယာ ၃၄၀ စတုရန်းမိုင်ရှိပြီး ပေ ၁၃၀၀ အများဆုံး နက်ရှိုင်းပေရာ
ဆားနှင့် ဓါတ်သတ္တုများ အထူးသဖြင့် ပေါကြွယ်ဝသော နေရာဖြစ်သည်။
                   မကြာမီက တရားဝင်ဓါတ်ခွဲ စမ်းသပ်ကြည့်ရာတွင် ဒက်ဒ်ဆီးမှရေ၌ မက်ဂနီစီယံ
ကလိုရိုက်တန်ပေါင်း ၂၂,၀၀၀,၀၀၀,၀၀၀၊ ဆိုဒီယံကလိုရိုက် ၁၁,၀၀၀,၀၀၀,၀၀၀ တန်၊
ကာလ်စီယံကလိုရိုက် ၆,၀၀၀,၀၀၀,၀၀၀ တန်၊ ပိုတက်စီယံကလိုရိုက် ၂,၀၀၀,၀၀၀,၀၀၀ တန်နှင့်
မက်ဂနီစီယံဘရိုမိုက် ၉၈၀,၀၀၀,၀၀၀ တန်တို့ ပါဝင်ကြောင်း သိရ၏။
                   စင်စစ် မက်ဂနီစီယံဘရိုမိုက်နှင့် ဆားသည်သာ သမုဒ္ဒရာမှ ထုတ်ယူရရှိသည့်
ပစ္စည်းများအနက် လက်ရှိအကျိုးအမြတ်ထွက်သော ပစ္စည်းများဖြစ်ကြသည်။ အခြား
ဓါတ်သတ္တုများကိုမူ မြေမှသာ စရိတ်သက်သာစွာဖြင့် ထုတ်ယူနိုင်၏။
                   စီးပွားရေးရှုထောင့်မှ ကြည့်လျှင် ပင်လယ်အောက်ခြေရှိ သတ္တုရိုင်းများအနက်
အဖြစ်ထွန်းနိုင်ဆုံးတစ်ခုသည် မက်ဂနီစီဒိုင်အောက်ဆိုက်ဖြစ်သည်။ ပင်လယ်နက်ထဲ၌
ရှိသော အနှစ်များတွင် ၎င်းဓါတ်သည် ကျောက်ဆောင်များပေါ်၌ ဖုံးအုပ်နေတတ်၏။
စိမ့်ဝင်နိုင်သော အရာများ၌ စိမ့်ဝင်၏။ အချို့က အစေ့နှင့် အပြားကလေးများအဖြစ်
တည်၏။ ၎င်းဓါတ်သည် မက်ဂနီးစီယံအခဲများ၌လည်း တင်ရှိနေတတ်သည်။
                   ဓါတ်ခွဲလိုက်လျှင် မက်ဂနီးစ်ပါသော အခဲတစ်ခုသည် အလေးချိန်အားဖြင့်
မက်ဂနီးစ် ဒိုင်အောက်ဆိုက် ၃၂%၊ သံအောက်ဆိုက် ၂၂%၊ ဆီလီကွန်ဒိုင်အောက်ဆိုက်
၁၉% ၊ အနည်းငယ်စီသော အလူမီနီယံအောက်ဆိုက်၊ မက်ဂနီစီယံ၊ ကာလ်စီယံ
ကာဗွန်နိတ်နှင့် ထိုထက်နည်းသော ကိုဘော့၊ ကြေးနီ၊ နီကာယ်၊ သွပ်နှင့် မိုလစ်တ်ဒီနမ်
ဓါတ်များပါကြသည်။
                   မက်ဂနီစီယံကြွယ်ဝလှသော  အဆိုပါ အခဲများစုရာနေရာသည် မြောက်နှင့်
တောင်အမေရိကကမ်းခြေမှ မိုင်ငါးရာကွာဝေးပြီး  ဧရိယာစတုရန်းမိုင်ပေါင်း နှစ်သန်းရှိလေ
သည်။ ပစိဖိတ်အရှေ့တောင်၌မူ ကြေးနီနှင့် နီကာယ်ပါဝင်သော အခဲရှိရာဒေသသည်
ဧရိယာစတုရန်းမိုင်ပေါင်း ၁၄ သန်းထိကျယ်ပေသည်။ ပစိဖိတ်အလယ်ပိုင်းသည်
ကိုဘော့နှင့် မက်ဂနီစ်ပေါ၏။
                   မက်ဂနီးစ်ရသော အခဲများကို အတ္တလန္တိတ်သမုဒ္ဒရာ အောက်ခြေမှာလည်း
တွေ့နိုင်သည်။ သို့သော် ၎င်းတို့သည် ပစိဖိတ်ရှိ အခဲများလောက် သတ္တုပေါကြွယ်ခြင်း
မရှိချေ။ အကြောင်းမူ ၎င်းတို့၌ ရွံ့ပေါများပါသောကြောင့် ဖြစ်၏။
                   မက်ဂနီးစ်ခဲများ၌ ပါဝင်သော ဓါတ်သတ္တုများအပြင် ဧရိယာစတုရန်းမိုင်သန်း
၄၀ ခန့်ရှိသော သမုဒ္ဒရာအောက်ခြေကို ဖုံးလွှမ်းနေသော ရွံ့နီများ၌ ဓါတ်သတ္တုများ
ကြွယ်ဝလေသည်။ ၎င်းရွံ့ကို ဓါတ်ခွဲကြည့်ရာဝယ် ဆီလီကာ ၅၀%၊ အလူမီနီယံ
အောက်ဆိုက် ၂၀% ၊ သံအောက်ဆိုက် ၁၃ %၊ ကာယ်လီစီယံကာဘိုနိတ် ၇%
နှင့်တကွ နီကာယ်၊ ကြေးနီ၊ ဗနေဒီယံနှင့် ကိုဘော့ အတော်အတန်ပါကြောင်း သိရသည်။
ရွံ့၌ပါဝင်သော ကြေးနီအချိုးအစားသည် ၂% မျှသာ ဖြစ်သော်လည်း ၎င်းရာခိုင်နှုန်းသည်
မြေမှထုတ်ယူရရှိသည့် ကြေးနီ၏ ဆယ်ဆပင်ဖြစ်ပေသည်။
                   ယင်းသို့ ဓါတ်သတ္တုကြွယ်ဝသော ရွံ့နီသည် အနည်းဆုံး ပေ ၃၀၀ ခန့် ထူ
ကြောင်း မှန်းဆရ၏။ စရိတ်သက်သက်သာသာနှင့် ထုတ်ယူနိုင်လျှင် ၎င်းရွံ့နီမှ ကမ္ဘာ
အတွက် လိုအပ်သောဓါတ်များကို လက်ရှိသုံးစွဲမှုနှုန်းအတိုင်းဆိုပါက နှစ်တစ်သန်းစာခန့်
ရယူနိုင်ပေလိမ့်မည်။
                   သမုဒ္ဒရာအောက်ခြေ ကြမ်းပြင်ရှိ အခြားရတနာသိုက်မှာ ဆီလီကွန်ဓါတ်ပါသော
ညွှန်ပင်ဖြစ်သည်။ ၎င်းညွှန်သည် ပစိဖိတ်သမုဒ္ဒရာအောက်ခြေ၌ ဧရိယာစတုရန်းမိုင် ၁၁
သန်းမျှ ကျယ်လေသည်။ ၎င်းညွှန်ရှိ အရေးပါသောဓါတ်မှာ ဒိုင်ယာတိုမေးနီးယပ်မြေဖြစ်ပြီး
၎င်းမြေသည် ဒိုင်ယာတွန် ပေါလောမျော သတ္တ၀ါများ၏ အရိုးများမှ ရရှိသော လီကာ
ဒြပ်ပင်ဖြစ်သည်။ ၎င်းကို ယခင်က ပင်လယ်ကြမ်းပြင် ဖြစ်ခဲ့သော မြေပေါ်ရှိ
ကျောက်ဆောင် ဖြစ်ပေါ်ရာနေရာများမှ ရနိုင်လေသည်။
                   ကမ္ဘာ့သမုဒ္ဒရာ ကြမ်းပြင်တလျောက် ပြန့်ကျဲနေသော အရာများတွင် သံစစ်စစ်
အမှုန်ကလေးများနှင့် စဖာရှုးလ်စ်ခေါ် နီကာယ်များပါဝင်၏။ ၎င်းတို့သည် သမုဒ္ဒရာထဲသို့
နှစ်ပေါင်းများစွာအတွင်း ကျလာခဲ့သောဥက်္ကာစများ ဖြစ်လေသည်။ ယခုဆိုလျှင်
၎င်းတို့သည် ရွံ့ သို့မဟုတ် ညွှန်များထဲတွင် နက်ရှိုင်းစွာ တည်ရှိနေကြသည်။
                   သမုဒ္ဒရာမှ ထုတ်ယူရန်ဖြစ်သော ရတနာအဖိုးတန် တစ်မျိုးမှာ ဖေါ့စဖိတ်
ဓါတ်ဖြစ်သည်။ ၎င်းဓါတ်များကို နှစ်ရှည်လများ သေခဲ့သော တိရစ္ဆာန်ရုပ်ကြွင်းများမှ
ထုတ်ယူရသည်။ ဖေါ့စ်ဖိတ်သည် ဖေါ့စ်ဖေါ်ရစ်ပင်တိုဆိုက် ၃၅% ပါဝင်၏။ ၎င်းပင်
တိုဆိုက်သည် ဓါတ်မြေသြဇာ ပြုလုပ်ရာ၌ အသုံးဝင်လေသည်။
                   သို့သော် အနာဂတ်၌ ပင်လယ်ရေမှသော်လည်းကောင်း၊ သမုဒ္ဒရာအောက်ခြေမှ
သော်လည်းကောင်း ဓါတ်သတ္တုထုတ်လုပ်ရန်အတွက် အချိန်များစွာရသည်ဆိုလျှင်ကား
ကမ္ဘာကြီးအတွက် နှစ်သန်းပေါင်းငါးထောင်ခန့်အတွင်း လိုအပ်သော ဓါတ်အားကို
မြေထဲပင်လယ်မှ အလုံအလောက်ပေးပေလိမ့်မည်။ သိမ်းမြစ်၏ တစ်နေ့တာ ရေစီးမှပင်
ဗြိတိန်၌ အသုံးပြုနေသော စက်တိုင်း၊ ယာဉ်တိုင်းအတွက် မပြတ်မောင်းရန် ဆယ်နှစ်စာ
ဓါတ်အားရပေမည်။     ဤကား ဆေးတံသောက်ရင်း စိတ်ကူးယူ ချက်မျိုး မဟုတ်ချေ။ ပင်လယ်ရေမှ
ဓာတ်အားကို ဗြိတိန်၌ စီမံကိန်းကလေးများချ၍ ဟိုက်ဒရိုဂျင်ဓာတ် များစွာပါသော
အနုမြူမှုန့်များ အရည်ပျော်ခြင်းမှ ထုတ်ယူနေခဲ့ပြီ ဖြစ်သည်။ ဟိုက်ဒရိုဂျင်ဓာတ်အား
များသော ဒရူတီရီယံဓာတ်သည် ရိုးရိုးဟိုက်ဒရိုဂျင်နှင့် ကွာခြား၏။ ၎င်း၌၀တ်ဆံရှိ
ပရိုတွန်တစ်ခုတွင် ညူထရွန်တစ်ခုတိုး၍ ပါဝင်နေ၏။
                   ဒရုတီရီယံသည် ပေါများလှ၏။ ပင်လယ်ရေထု၌လည်း အတောမသတ်
ဖြစ်ပေါ်လျက်ရှိသည်။ ၎င်းဓာတ် တစ်ဂရမ်ကို ရေငါးဂါလံမှ ဓာတ်ငွေ့အဖြစ် ထုတ်ယူ
ရရှိနိုင်သည်။သို့သော် ဒရူတီရီယံမှ စွမ်းအင်ထုတ်လုပ်ခြင်း စီမံကိန်းကြီးသည် စွမ်းအင်ရရာ
လက်တွေ့နည်းဖြစ်လာခဲ့လျှင် လူသားအဖို့ အကုန်အကျ သက်သက်သာသာနှင့် အတိုင်း
မသိသော ဓာတ်အားကိုရတော့မည်ဖြစ်သည်။ အိမ်တိုင်းလိုလို၌ ပင်လယ်ရေတစ်ခွက်မှ
အားသည် အိမ်ထောင်တစ်ခုကို တစ်နှစ်စာ အစားအစာများ ချက်ပြုတ်ရန် လုံလုံ
လောက်လောက် ဓာတ်အားပေးပေလိမ့်မည်ဖြစ်သည်။
                   ကမ္ဘာ့ ဒရူတီရီယံအထွက်သည် ဘယ်အခါမှ ကုန်ခန်းသွားလိမ့်မည်မဟုတ်။
အကြောင်းကားပင်လယ်ရေတစ်စက်တိုင်း၌ ၎င်းဓာတ်ပါသောကြောင့်ဖြစ်၏။ ရေနံဂါလံ
၁၀၀၀၌ ပါဝင်သော ဒရူတီရီယံစွမ်းအင်သည် ရေဂါလံ တစ်ဂါလံ၌ ပါဝင်၏။ ဒရူတီရီယံ
အားကိုသုံးခြင်း၏ အခြားကျေးဇူးကား ၎င်းအရည်ပျော်မှုဖြင့် လေးလံသောအနုမြူမှုန့်များနှင့် ယူရေနီယံများမှ ခွဲထုတ်၍မရနိုင်သော အန္တရာယ်များသည့် ရေဒီယိုအက်တမ်ဓါတ်
မဖြစ်ပေါ်စေခြင်းပင်ဖြစ်သည်။
                   ဤနေရာမှစ၍ လောကဓါတ်သိပ္ပံအတတ်ပညာ အပါအ၀င် ကံအကြောင်းတရားနှင့်
ဝိပါကဇာတိပဋိသန္ဓေ အကျိုးတရားတို့ ကျက်စားရာ (၃၁) ဘုံဟုဆိုသည့် ဒုက္ခ သမုဒယ
လောကီနယ်ကို ရပ်ဆိုင်းပြီး လိုရင်းဖြစ်သော မဂ်ဖိုလ်နိဗ္ဗာန်ဆိုသည့် နိရောဓသစ္စာ
(၀ါ) တဏှာချုပ်၍ ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာအမှန် ပြည်နိဗ္ဗာန်သို့ ၀ိပဿနာဉာဏ်
ဖြင့် မျက်မှောက်ပြုရန်ပင်ဖြစ်ပါသည်။ ယင်းဝိပဿနာဉာဏ်ကိုပွားရန် အကောင်းဆုံး
သောနည်းသည် ထေရ၀ါဒဗုဒ္ဓသာသနာတွင် သတိပဋ္ဌာန်ပင်ဖြစ်ကြောင်း ပြောခဲ့ပါပြီ။
========

No comments:

Post a Comment