Friday, September 10, 2010
သက္ကာယ ဒိဋ္ဌိ
သက္ကာယ ဒိဋ္ဌိ
တယော မေ ဘိက္ခဝေ အပဟာယ ရာဂံ
                        ပဟာတုံ ဒေါသံ ပဟာတုံ မောတံ ပဟာတုံ
                        အဘဗ္ဗော၊ ကတမေ တယော သက္ကါယဒိဋ္ဌိ
ဘိက္ခဝေ၊ ရဟန်းတို့။ တယော၊ သုံးပါးကုန်သော။ ဣမေ၊ ဤတရားတို့ကို။
အပဟါယ မပယ်ပဲ။ ရာဂံ၊ ရာဂကို။ ပဟာတုံ၊ ပယ်ခြင်းငှာ။ ဒေါသံ၊ ဒေါသကို။ ပဟာတုံ၊
ပယ်ခြင်းငှာ။ မောဟံ၊ မောဟကို။ ပဟာတုံ၊ ပယ်ခြင်းငှာ။ အဘဗ္ဗော၊ မဖြစ်နိုင်။
တယော၊ သုံးပါးကုန်သော။ ဣမေ ဤတရားတို့သည်။ ကတမေ၊ အဘယ်သည်တို့နည်း။
သက္ကာယဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိလည်းကောင်း။ ၀ီစိကိစ္ဆာ၊ ၀ီစိကိစ္ဆာလည်းကောင်း။
သီလဗ္ဗတပရမာသော၊ သီလဗ္ဗ တပရာမသည်လည်းကောင်း။ ဟောတိ၊ ဖြစ်၏။
                   ဤသက္ကာယဒိဋ္ဌိကို အမြန်ပယ်ဖို့အရေးကြီးသည့်အကြောင်း ထပ်လောင်း၍
မြတ်စွာဘုရားဟောတော်မူပြန်သည်မှာ-
                             သတိ္တယာ ၀ိယသြမဋ္ဌော၊ ဍယှမာနောဝ မတ္ထကေ၊
                        သက္ကာယဒိဋ္ဌိပဟာနာယ၊ သတောဘိက္ခု၊ ပရိဗ္ဗဇေ။
                   သတ္တိယာ၊ အသွားနှစ်ဖက်မြမြ ထက်သောလှံလက်နှက်ဖြင့်။ သြပဋ္ဌောဝိယ၊
ရင်ဝ၌ စူးရှနေသောသူကဲ့သို့လည်းကောင်း မတ္ထကေ၊ ဦးခေါင်းထက်၌၊ ဍယှမာနောဝ
မီးတောက်လောင်နေသောသူကဲ့သို့လည်းကောင်း၊ သက္ကာယဒိဋ္ဌိ၊ ရုပ်နာမ်နှစ်ဖြာ
ငါးခန္ဓာကို သူဘဲ ငါဘဲအထင်လွဲသည့်၊ သက္ကာယဒိဋ္ဌိ၊ တည်းဟူသော အပါယ်ဗီဇ
ထိုလှံကြီးကို (၀ါ) ထိုမီးတောက်ကြီးကို။ ပဟာနာယ၊ မကြာချက်ချင်း၊ ပယ်ရှားခြင်းငှာ
(၀ါ) သောတာပန် အမြန်ဖြစ်ခြင်းငှာ။ သတော၊ သတိနှင့်ပြည့်စုံသောရဟန်းသည်။
ပရိဗ္ဗဇေ၊ လုံ့လကြိုးကုပ် အားထုတ်သင့်လှပေတော့၏။
          ဤဒိဋ္ဌိသည် တဏှာမာနဒိဋ္ဌိလို့ဆိုသည့် ပပဉ္စသံသရာဝဋ်ဆင်းရဲ ဒုက္ခနယ်ချဲ့
တရားတို့၏ ခေါင်းဟု ဟောတော်မူထားပါသေးသည်။
                                      တဏှာစ ဒိဠိမာနောတိ၊ ၀ဎန္တိ ကလိသမ္ဘဝေ။
                                သံသာရမိ္ပ ပပဉ္စနီ်္တ၊ ဂါဟန္တိ ဒုက္ခိဇေန။
                   တဏှာစ  ၊ခင်မင်တွယ်တာ  သာယာငြိကပ် တဏှာဆိုသည့်တရားသည်
လည်းကောင်း၊ဒိဌိစ၊ အမှားခေါင်းဆောင် ၊ အမှောင်ရှေ့သွားဒိဠိဆိုတဲ့တရားသည်
လည်းကောင်း။ မာနောစ၊ တံခွန်မှန်ကင်းသဖွယ် ထောင်လွှားမောက်မာတဲ့မာနတရား
သည်လည်းကောင်း။ဩဣတိဣမေ၊ ဤသုံးပါးသောတရားတို့သည်။ ကလိသမ္ဘဝေ၊
ဆင်းရဲခြင်း၏အကြောင်း မကောင်းယုတ်မာ ၀ါသနာဆိုး အကုသိုလ်အမျိုးမျိုးတို့ကို။
ဝုဍ္ဎန္တိတစ်နေ့တစ်ခြားများသည်ထက်များအောင် တိုးပွားစေကုန်၏။ တေ၊
ထိုတဏှာ၊မာန၊ဒိဠိတရားနယ်ချဲ့သမားတို့သည်၊သံသာရိ၊ သုံးဘုံဝဋ်မီးသံသရာ
ခရီံးကိုလည်းကောင်း၊ ပပ   ၊လူ့ပြည်မှနတ်ပြည်၊ နတ်မှငရဲ ဗြဟ္မာဘုံ အထက်ဘ၀ဂ်
စွဲအောင်၊ နယ်ချဲ့ကာနေကြလေကုန်၏။ ဒုက္ခိတေဇနေ၊သံသရာဝဋ်အတွင်းမှ မလွတ်ကင်း
ကြသူ ဒုက္ခိတသတ်္တ၀ါအပေင်းတို့ကိုလည်း။ ဂါဟန္တိ၊ ဇာတိဇရာ ဗျာဓိမရဏဆိုတဲ့၊
အိုမာသေဘေးအပေါင်းတို့ဖြင့် အမြဲမသွေနှိပ်စက်ကာနေလေတော့ကုန်၏။
လိုကြောင်း ပြထားသည်မှာ-
                             ဒုက္ခဉာဏံ ပရိယုဋ္ဌာနာဘိဘ၀န၀သေန သက္ကာယဒိဋ္ဌိံ
                             နိဝတ္တေတိ၊ ကသ္မာ သုဒ္ဓသင်္ခါရ ပုဉ္စဒဿနတော။
                   ဒုက္ခဉာဏံ၊ ဒုက္ခသစ္စာကိုသိသောဉာဏ်သည်သည်။ ပရိယုနာဘိဘ၀န၀သေန၊
ဒိဋ္ဌိစသောကိလေသာတို့ ထိုးကျင်နှိပ်စက်သည်၏အစွမ်းဖြင့်။ ပ၀တ္တံ၊ ဖြစ်သော၊
သက္ကာယဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိကို။ နိဝတ္တေတိ၊ နှစ်စေ၏။ ကသ္မာ၊ အဘယ်ကြောင့်
နည်းဟူမူကား။ သုဒ္ဓသင်္ခါရ ပုဉ္စဒဿနသော၊ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရှိသော
သင်္ခါရဒုက္ခအစုအပုံ၏ အဖြစ်ကို ဟုတ်မှန်စွာသိမြင်သည်၏အဖြစ်ကြောင့်တည်း။
ဆိုလိုသည်မှာ ဒုက္ခသစ္စာနာမ်ရုပ်မှတစ်ပါး သတ္တဇီဝသဘောမရှိတာကို မြင်သိသောကြောင့်
သက္ကာယဒိဋ္ဌိချုပ်ရပါသည်။အဘယ့်ကြောင့်နည်းဆိုသော် ခန္ဓာငါးပါးရုပ်နာမ်တရားတို့၌ မအို မနာ
မသေရန်အစိုးမရ အနတ္တလက္ခဏာတို့ကို ကိုယ်တွေ့ဒိဋ္ဌိသိမြင်သောကြောင့် ဖြစ်ပါ၏။
                   သက္ကာယဒိဋ္ဌိဆိုသည်မှာ အကျဉ်းအားဖြင့်သိထားဖို့မှာ ခန္ဓာငါးပါးရုပ်
နာမ်တရားတို့ကို ပုဂ္ဂိုလ်သတ္တ၀ါ၊ ငါသူယောက်ျား၊ မိန်းမ အသက်လိပ်ပြာဟု မှားသော
အမြင်ဖြင့် သမုတ်ခြင်း မှတ်ယူခြင်းကို ဆိုလိုပါသည်။ ဥပမာ- အရာဝတ္တုတစ်ခုခုက
မြင်လိုက်သည် ဆိုပါစို့။ ဤသို့ မြင်လိုက်သည်ကို ငါဘယ်သူဘဲဟု ပုဂိ္ဂုလ်စွဲ သတ္တ၀ါစွဲဖြင့်
သတ်မှတ်ခြင်းကို ခေါ်ပါသည်။ ဤသို့ သက္ကာယဒိဋ္ဌိ အစွဲရှိသောသူသည် မည်သည့်
သဘောနည်းဆိုလျှင် ကလေးများ စွန်လွှတ်တမ်းကစားသည့်အခါမှာ စွန်သည် ကြိုးရှည်
သလောက်အမြင့်သို့တက်ပြီး အောက်သို့ကျသကဲ့သို့ပင် ဖြစ်ပါသည်။
                             ဥက္ခိတ္တာ ပုညတေဇေန၊  ကာမရူပဂတိံဂတာ။
                        ဘ၀ဂ္ဂန္တမ္ပိသမ္ပတ္တာ၊ ပုနဂစ္ဆန္တိ ဒုဂ္ဂတိံ။
                   ပုညတေဇေန၊ ဒါနသီလ ဘာဝနာတို့၏ အာနုဘော်သည်။ ဥက္ခိတ္တာ၊
ထောက်ပံ့အပ်ကုန်သည်ဖြစ်၍။ ကာမရူပ ဂတိံဂတာ၊ လူ့ပြည်နတ်ပြည် ဗြဟ္မာ့ပြည်သို့
ရောက်လာကြကုန်သော သက္ကာယဒိဋ္ဌိ သတ္တ၀ါတို့သည်။ ဘ၀ဂန္တမ္ပိ၊ ဘုံထွဋ်ဘုံဖြား
နေ၀သညာနာသညာဆိုသည့် အမြင့်ဆုံး အရူပထိပ်ခေါင်တင် ဗြဟ္မာ့ဘုံကြီးသို့လည်း
သမ္ပတ္တာပိသမာဓိမြောက်ဈာန်ဟုန်ပေါက်၍ ကမ္ဘာရှစ်သောင်းလေးထောင်တိုင်အောင်
ရောက်လာကြကုန်သော်လည်း ပုညက္ခယေန၊ ၄င်းတို့၏ ကောင်းမှုကုသိုလ်ကံအဟုန်သည်
ရှိသော် ပုန၊ တစ်ဖန်။ ဒုဂ္ဂတိံ၊ မကောင်းသူတို့လားရာ ငရဲတရစ္ဆာန်ပြိတ္တာ အသူရကာယ်
ဆိုသည့် အပါယ်လေးဘုံသို့ အာဂစ္ဆန္တိ၊ မကြာချက်ချင်း သက်ဆင်း၍သာ လာကြရကုန်၏။
                                      သန္တော သံဝိဇ္ဇမာနော ကာယော သက္ကာယော၊
                        သက္ကာယေ ဒိဋ္ဌိ သက္ကာယဒိဋ္ဌိ။
                             သန္တော၊ သံဝဇ္ဇာမာနော ပရမတ္တအားဖြင့် ထင်ရှားရှိသော။ ကာယေါရူပကာယနာမကာယ
ရုပ်အစုအဝေး နာမ်အစုဝေးတည်း။ သက္ကာယော ပရမတ္တအားဖြင့်ထင်ရှားရှိသော
ရုပ်နာမ်တို့၏ အစုအဝေး။ သက္ကာယေခန္ဓာငါးပါး၌။ ဒိဋ္ဌအစိုးရခြင်းအလိုသို့လိုက်ခြင်း။
အတ္တသတ္တသဘော၊ မရှိပဲရှိသကဲ့သို့ မှားသောအားဖြင့် စွဲယူခြင်း၊ သက္ကာ၊ ဒိဋ္ဌိ၊
ခန္ဓာငါးပါးအစုအဝေး၌ အတ္တသတ္တ သဘောအားဖြင့် ယူခြင်းဟုထပ်၍ရှင်းပြပါသောသည်။
မှတ်ရန်မှာ ပဉ္စက္ခန္ဓာဆိုလျှင်ပုထုဇဉ်အရိယာနှစ်မျိုးလုံးရ၏။ပဉ္စပါဒါနက္ခန္ဓာဆိုလျှင်
ပုတုဇဉ်သက်သက်သာရ၏။ အတ္တဒိဋ္ဌိခေါ် သက္ကာယဒိဋ္ဌိ ချုပ်လျှင် အားလုံးသောဒိဋ္ဌိ-၆၂-ပါးချုပ်၏။
                             အတ္တဒိဋ္ဌိမူလကာ သဿတဥစ္ဆေဒါဒယော။
                             သဿတဥစ္ဆေဒါဒယော၊ သဿတဥစ္ဆေစသော ၆၂-ပါးသောဒိဋ္ဌိ စသောဒိဋ္ဌိတို့
သည် အတ္တဒိဋ္ဌိ မူလကာ၊ အတ္တဒိဋ္ဌိခေါ် သက္ကာယဒိဋ္ဌိအကြောင်းအရင်းမူလရှိကုန်၏။
                             ထို့ကြောင့် အတ္တဒိဋ္ဌိချုပ်လျှင် ကျန်ဒိဋ္ဌိအားလုံးချုပ်ရတော့၏။
                   သက္ကာယဒိဋ္ဌိမှ ဆင်းသက်လာသည့် သဿတဒိဋ္ဌိနှင့် ဥစ္ဆေဒဒိဋ္ဌိတို့၏
အကြောင်းကို အကျဉ်းချုပ်ပြီး ပြောလိုပါသည်။
                             သဿတဒိဋ္ဌိက၊ လွန်ခဲ့သောဘ၀က စိတ်သည် ယခုစိတ်၊ ငယ်ငယ်ကစိတ်သည်
ယခုစိတ်၊ နောက်ဘ၀သွားမည့်စိတ်သည် ယခုစိတ်၊ ထိုစိတ်သည် ဖြစ်ခြင်းပျက်ခြင်းမရှိ။
တစ်ဘ၀မှ တစ်ဘ၀သို့ လှည့်လည်ကာနေ၏ဟုယူဆခြင်းဖြစ်ပါသည်။ ဥစ္ဆေဒဒိဋ္ဌိက
သေလျှင် နောက်ထပ်မဖြစ်တော့ဟု ယူဆခြင်းဖြစ်ပါသည်။ သဿတဒိဋ္ဌိကား အပျက်ကို
မမြင်သော ဒိဋ္ဌိဖြစ်၏။ ဥစ္ဆေဒဒိဋ္ဌိကား အဖြစ်ကိုမမြင်သော ဒိဋ္ဌိပေတည်း။ မြတ်စွာ
ဘုရား၏၀ါဒကား အဖြစ်အပျက်နှစ်ပါးစလုံးမြင်သော မဇ္ဈိမပဋိပဒါ ကြားဝါဒ
ဖြစ်ပါသည်။ ဥပမာ၊ ယခုလယ်ပြင်ထဲတွင် ပေါက်နေသော စပါးပင်သည် လွန်ခဲ့သော
နှစ်က စပါးပင်မဟုတ်၊ နောင်နှစ်၌ပေါက်မည့်စပါးပင်လည်းမဟုတ်၊ တစ်နှစ်လျှင်
တစ်ပင်စီ ဖြစ်ကြကုန်၏။ သို့သော်လည်း လွန်ခဲ့သောနှစ်က စပါးပင်၏အသီးကြောင့်
ယခုနှစ် စပါးပင်ပေါက်ရ၏။ ယခုနှစ် စပါးပင်က သီးသောစပါးသီးကြောင့် နောက်နှစ်
စပါးပင် ပေါက်ရပေမည်။ ထို့အတူ လွန်ခဲ့သောဘ၀က ခန္ဓာငါးပါး၊ ရုပ်နာမ်တရားတို့
သည် နောင်ဘ၀၌ ဖြစ်မည့် ခန္ဓာငါးပါးရုပ်နာမ်တို့လည်းမဟုတ် တစ်ဘ၀တစ်ခန္ဓာ
ဖြစ်ကုန်၏။ ဤနည်းသည် အဒ္ဓန အနိစ္စကိုပြသော နည်းဖြစ်၏။ အတိတ်ဘ၀က
ခန္ဓာသည် ယခု ခန္ဓာဖြစ်ဖို့ နေနေသာသာ ငယ်ငယ်က ရုပ်နာမ်သည် ယခုရုပ်နာမ်မဟုတ်
တော့ချေ။ ငယ်ငယ်ကရုပ်ကား နူးညံ့၏။ ယခု ရုပ်ကားရင့်ရော်၏။ ငယ်စဉ်ကစိတ်ကား
နို့စို့လိုသော အာသာမှတစ်ပါး အခြားလောဘ ဘာမျှမရှိ၊ ယခုစိတ်ကား မြင်းမိုရ်
တောင်မက လောဘနှင့်ပြည့်နေ၏။ တသွင်သွင် စီးဆင်းနေသော မြစ်ရေအယဉ်သည်
ရှေ့ရေနေရာသို့ နောက်ရေ အမြဲရောက်နေသလို ချုပ်ပျောက်လေပြီးသော ရှေးရှေးရုပ်နာမ်
ခန္ဓာနေရာသို့ နောက်ရုပ်နာမ် ခန္ဓာအမြဲရောက်ခြင်းကြောင့် မြဲသည်ဟု ထင်နေရလေ၏။
ဤနည်းကား သန္တတိအနိစ္စကို ပြခြင်းနည်းဖြစ်၏။
                   ဤသို့ တစ်ဘ၀လျှင် တစ်ခန္ဓာစီ ဖြစ်သော်လည်း၊ အတိတ်ခန္ဓာနှင့် ပြုခဲ့သောကံကြောင့် (၀ါ) ကာယကံ၊ ၀စီကံ၊ မနောကံမှုတို့ကြောင့် ပစ္စုပ္ပန်ခန္ဓာပေါ်ရ၏။ ပစ္စုပ္ပန်ကံအမှုတို့ကြောင့်
အနာဂတ် ခန္ဓာပေါ်ရပါမည်။ ခန္ဓာသည် စပါးပင်နှင့်တူ၏။ စပါးသီးကား ကံနှင့်တူ၏။
အတိတ်ပစ္စုပ္ပန်အနာဂတ်သုံးဘ၀တို့ တစ်ခန္ဓာစီဖြစ်ပုံကိုရှင်းမှ သဿတ ဒိဋ္ဌိသေမည်
ဖြစ်ပါသည်။ခန္ဓာဟောင်းနှင့် ပြုသောကံ ကာယကံ၊ ၀စီကံ၊ မနောကံ ထောက်ပံ့မှု (၀ါ)
သမုဒယတဏှာကြောင့် ခန္ဓာသစ်ပေါ်ရပုံကို မြင်လျှင် ဥစ္ဆေဒဒိဋ္ဌိ သေပါမည်။
                   ဒုက္ခသစ္စာကိုမြင်သိက အတ္တဒိဋ္ဌိခေါ် သက္ကာယဒိဋ္ဌိပြုတ်ကြောင်း အထက်နား
တွင် ပြောခဲ့ပြီ၊ ထို့ကြောင့် ဤနေရာတွင် ဒုက္ခသစ္စာနှင့် ဒုက္ခကို အနည်းငယ်ရှင်းပြဖို့ လိုမည်
ထင်ပါသည်။
No comments:
Post a Comment